Miss Universe Myanmar ပြိုင်ပွဲဝင်များကို ထိုင်းနိုင်ငံ ဖူးခက်တွင်တွေ့ရစဉ်
ဇူလိုင် ၂၆ ရက်တွင် ပြုလုပ်မည့် မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ပြိုင်ပွဲလက်မှတ်များကို နိုင်ငံခြားသားများစိတ်ဝင်တစားဝယ်ယူလျက်ရှိပြီး သုံးရက်အတွင်း လက်မှတ်စောင်ရေသုံးရာခန့် ရောင်းချနိုင်ခဲ့ကြောင်း Miss Universe Myanmar ပြိုင်ပွဲ၏ National Director ဒေါ်စိုးယုဝေ ကပြောသည်။
‘‘၂၆ ရက်အတွက်က လက်မှတ်အများကြီးလည်း မရောင်းပါဘူး။ လက်မှတ်စရောင်း တာက ၁၈ ရက်နေ့ကစရောင်းတာ။ နိုင်ငံခြားသားတွေလည်း စိတ်ဝင်တစားလာဝယ်ကြတယ်။ ဒီနေ့(ဇူလိုင် ၂၀) အထိရောင်းရတာတော့ အောက်ထပ်က ခုံတွေအကုန်ကုန်သွားပါပြီ။ အပေါ်ကတော့ တစ်ဝက်လောက်ကျန်ဦးမယ်’’ဟု ၎င်းကပြောသည်။ ဖျော်ဖြေရေးအစီအစဉ်များ မကြေညာရသေးသော်လည်း စိတ်ဝင်တစားလာရောက်အားပေးခဲ့သည့် ပရိသတ်များကို ကျေးဇူးတင်ပြီး လက်မှတ်မရရှိသူများအနေဖြင့်လည်း ဇူလိုင် ၂၆ ရက် ညနေတွင် မြ၀တီရုပ်သံလိုင်းမှ တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ဇူလိုင် ၂၅ ရက်တွင် ပြုလုပ်မည့် အကြိုစမ်းသပ်လေ့ကျင့်ပွဲအတွက် လက်မှတ်များကို လည်း ဇူလိုင် ၁၈ရက်မှစတင်၍ ရောင်းချပေးလျက်ရှိပြီး ယင်းပွဲအတွက်မူ လက်မှတ်တော်တော် များများကျန်ရှိနေသေးကြောင်း ဒေါ်စိုးယုဝေကပြောသည်။







0 comments:
Post a Comment