Monday, July 21, 2014

သိမ်ထဲမှာ ကမ္မ၀ါရွတ်ဖတ်ပြီး ဘယ်သူက ဆရာဥပဇ္ဈာယ်ပြုကာ ဘယ်သူ့ကို စတင်ရဟန်းခံပေးပါသလဲ???

မဟာသက္ကရာဇ် ၁၀၃ ခုနှစ်တပို့တွဲလပြည့်ကျော်လောက်မှာ ဆင်းရဲနွမ်းပါး အိုမင်းလှတဲ့ ရာဓပုဏ္ဏားကြီးဟာဘုရားထံရောက်လာ၍ ရဟန်းပြုလိုကြောင်း မြတ်စွာဘုရားအား လျှောက်ထားတယ်တဲ့။
ထိုအခါ မြတ်ဘုရားရှင်က ရှင်သာရိပုတ္တရာအား ရာဓပုဏ္ဏားကြီးကို ရဟန်းပြုပေးလိုက်လော့ ဟုစေခိုင်းတော်မူတဲ့အခါ ရှင်သာရိပုတ္တရာ မထေရ်မြတ်က “မြတ်စွာဘုရား၊ တပည့်တော်သည် ဘယ်လိုဘယ်ပုံ ဘယ်နည်းဖြင့် ထိုရာဓပုဏ္ဏားကို ရှင်ရဟန်း ပြုရပါမည်နည်း ဘုရား” ဟု မေးလျှောက်တယ်တဲ့။
ထိုအခါ မြတ်စွာဘုရားက “ယခုအချိန်၌ ငါ၏တပည့်သား ရဟန်းတော်တွေ များလာပြီဖြစ်၍ သရဏဂုံ သုံးပါးဖြင့် ပေါ့ပါးလွယ်ကူစွာနဲ့ ရဟန်းပြုပေးခြင်းကို ယနေ့မှစ၍ ငါဘုရား ပယ်ဖျက်တော်မူလိုက်ပြီ။
ဉတ္တိ စတုတ္ထ ကမ္မ၀ါစာဖြင့် ပီပီသသ လေးလေးစားစားရွတ်ဖတ်၍ ရဟန်းပဉ္စင်းခံပေးရန် ငါဘုရားခွင့်ပြုလိုက်သည်” ဟု ရဟန်းခံယူရေးကိစ္စကို ဤသို့ခွင့်ပြုစေခိုင်းတော်မူတယ်။
ရှင်သာရိပုတ္တရာ မထေရ်မြတ်ကလည်း မြတ်စွာဘုရား၏ ပညတ်တော်အမိန့်စကားကို ဦးထိပ်မှာထားပြီးတော့ ရာဓပုဏ္ဏားကြီးကို သူကိုယ်တိုင် ဆရာဥပဇ္ဈာယ်ပြုကာ ရှင်ရဟန်း စတင်၍ ပြုပေးတော်မူလိုက်သည်တဲ့။
ကဲ….အဲဒါဟာ သိမ်ထဲမှာ ကမ္မ၀ါ ဉတ် လေးကြိမ်ဖတ်ပြီး ရှင်သာရိပုတ္တရာမထေရ်မြတ်က ဥပဇ္ဈာယ်ပြုကာ ရာဓပုဏ္ဏားကြီးကို စတင်ပြီး ရဟန်းခံပေးလိုက်တဲ့ သာသနာတော်မှတ်တမ်းပဲ ဖြစ်ပါတယ်…
ref.သုတေသန

0 comments:

Post a Comment