Tuesday, July 15, 2014

ဂျာမနီနဲ့အတူ အောင်ပွဲခံခဲ့တဲ့ အနုပညာရှင်များ

လေးနှစ်တွင်မှ တစ် ကြိမ်ကျင်းပသည့် ကမ္ဘာ့ဖလား ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂျာမနီ ဘော လုံးအသင်းကို ၀တ်မှုံရွှေရည်၊ ဖြိုးလေး(Snare)၊ နိုင်းဝမ်း၊ စိုင်း စိုင်းတို့က အားပေးခဲ့ကြပြီး အာ ဂျင်တီးနားအသင်းကို ရန်ရန် ချမ်း၊ ကျော်ကျော်ဗို၊ အော်န် ဆိုင်းတို့က အားပေးခဲ့ကြသည်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲယှဉ် ပြိုင်နေစဉ်အတွင်းမှာပင် အားပေးသည့် အသင်းဂျာစီများကို ၀တ် ဆင်ထားသည့် ဓာတ်ပုံများရိုက် ကာ ဖေ့စ်ဘွတ်ခ်စာမျက်နှာနှင့် လူမှုကွန်ရက်များတွင် အချိန်နှင့် တစ်ပြေးညီတင်ခဲ့ကြသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲ ဂျာမနီ ဗိုလ်စွဲသွား၍ ဂျာမနီပရိသတ် အ နုပညာရှင်များ အောင်ပွဲခံနေချိန် တွင် အာဂျင်တီးနားအမာခံပရိ သတ်အနုပညာရှင်များ မချိတင် ကဲဖြစ်နေကြသည်။
‘‘ဘောလုံးကတော့ အရှုံး၊ အနိုင်နှစ်မျိုးပဲရှိတာပဲလေ။ ကိုယ် ကတော့ အဓိက မက်ဆီကိုအား ပေးတာပါ။ မက်ဆီက အကြိုက် ဆုံးကစားသမားထဲမှာ ပါတယ်ဆို တော့။ ဂျာမနီလဲ နိုင်ထိုက်လို့ နိုင် တာပဲ။ အနိုင်၊ အရှုံးဆိုတာ ထိုက် တန်လို့ရတာပဲ။ မက်ဆီအတွက် တော့ စိတ်မကောင်းဖြစ်တာပေါ့’’ ဟု ကျော်ကျော်ဗိုကပြောသည်။
FC Bar & Bistro ၌ ရန် ရန်ချမ်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ကောင်းမြတ်၊ ဖြိုးလေး(Snare)၊ ဘန်နီဖြိုး၊ ကိကိ၊ သိန်းလင်းစိုး၊ ငယ်ငယ်၊ ၀တ်မှုံရွှေရည်စသည့် အနုပညာရှင် ၂၀ ကျော် စုဝေးပြီး ဂျာမနီနှင့် အာဂျင်တီးနားတို့ ကစားသည့်ပွဲကို ကြည့်ရှုခဲ့ကြပြီး ထိုနှစ်ဆယ်ကျော်အနက် ဂျာမနီကို အားပေးသည့်ပရိသတ် များပြီး အာဂျင်တီးနားကိုအားပေးသော ပရိသတ်အနည်းငယ်သာရှိခဲ့ကြောင်း သိရ သည်။
စိုင်းစိုင်းခမ်းလှိုင်၊ ဘကြီး ဖြိုး(Snare)၊ နိုင်းဝမ်း၊ ဘန်နီဖြိုး၊ ၀တ်မှုံရွှေရည်တို့က ဂျာမနီ၏ အမာခံပရိသတ်များ ဖြစ်ကြ သည်။
‘‘အရမ်းပျော်ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဘောလုံးတော့ အရမ်းကြီးဝါသနာပါတာမဟုတ် ဘူး။ ကမ္ဘာ့ဖလားပဲအားပေး တယ်။ ကမ္ဘာ့ဖလားလေးနှစ်တစ် ခါလုပ်တိုင်း အသင်းကြီးတွေ ဘရာဇီး၊ ဂျာမနီ၊ စပိန်တို့၊ အာ ဂျင်တီးနားတို့ကြိုက်တယ်။ ဂျာမနီကတော့ အရင်တုန်းကဒီလောက် မကြိုက်ဘူး။ ဒီကမ္ဘာ့ဖလားမှ ကြည့်ရင်းနဲ့ သူတို့ရဲ့ ကစားပုံ၊ ကစားနည်း၊ ကစားကွက်တွေကို ကြိုက်တာ။ သူတို့ရဲ့ အသင်း လိုက်လှုပ်ရှားမှုကို ကြိုက်လို့ အားပေးဖြစ်တာ။ မနေ့က အား ပေးတဲ့အထဲမှာ ဂျာမနီအားပေး တာ အများကြီးပဲ။ အာဂျင်တီး နားအားပေးတာ လေး၊ ငါး ယောက်ပဲရှိတယ်’’ဟု ဖြိုးလေးက ပြောသည်။
ထို့အဖွဲ့ထဲတွင် အာဂျင်တီး နားကိုအားပေးခဲ့ကြသည့် ပရိ သတ်အနည်းငယ်တွင် ရန်ရန် ချမ်းလည်းအပါအ၀င်ဖြစ်သည်။
‘‘ဘာပဲပြောပြောစိတ်တော့ မကောင်းဘူးပေါ့။ နောက်တစ်ခု က ငါတို့နိုင်ငံသာဆိုရင် မျက် ရည်တောင်ကျမလားလို့ ထင်ရ တယ်။ ရှုံးတယ်ဆိုပေမဲ့ ရုပ်ပျက် ဆင်းပျက်ကြီးရှုံးတာမဟုတ်ဘူး လေ။ တစ်သင်းလုံးနဲ့ တစ်ယောက်မက်ဆီကန်သွားတော့ ရှုံးပျော်ပါ တယ်’’ဟု ရန်ရန်ချမ်းက ပြော သည်။
ထို့အတူအာဂျင်တီးနားပရိ သတ်တစ်ဦးလည်းဖြစ် တိုက်စစ် မှူးမက်ဆီ၏ အမာခံပရိသတ် လည်းဖြစ်သည့် မော်ဒယ်လ်အော်န်ဆိုင်းက ၎င်းအကြိုက်ဆုံးအသင်း ရှုံးနိမ့်သွားသည့်အတွက် သူငယ် ချင်းများကို မုန့်ကျွေးရမည်ဟု ၎င်းကပြောသည်။
‘‘အရမ်းစိတ်မကောင်းဖြစ် တယ်။ သေချာအကောင်းဆုံး ကြိုးစားကစားတယ်။ ဒါပေမဲ့ ကံတရားဖေးမမှုမရှိလို့ရှုံးတယ် လို့ပဲမြင်တယ်။ မက်ဆီက ကမ္ဘာ့ အကောင်းဆုံးဘောလုံးသမား ဆုရတာဆိုတော့ အော်န်ဆိုင်းတော့ ကျေနပ်ပါတယ်။ သူက ထိုက် ထိုက်တန်တန်နဲ့ရသွားတယ်။ တောက်လျှောက်သူ ဒီတစ်သင်း လုံးကို ဆွဲခေါ်သွားတာဆိုတော့ လေ။ အော်န်ဆိုင်းအတွက်က နောက်တစ်ဖက်က ကြည့်ရင် ပျော်စရာကြီးပေါ့။ မက်ဆီက ကမ္ဘာ့အကောင်းဆုံးဆုကို ရ တယ်’’ဟု အော်ရ်ဆိုင်းကပြော သည်။
လေးနှစ်တစ်ကြိမ်ကျင်းပ သော ကမ္ဘာ့ဖလားဘောလုံးပွဲ တွင် ဂျာမနီအသင်းဖလားရရှိခဲ့ ပြီး အာဂျင်တီးနားပရိသတ်များ အသည်းစွဲကစားသမားမက်ဆီက ရွှေဘောလုံးဆုကို ရရှိခဲ့သည်။

0 comments:

Post a Comment