Thursday, July 10, 2014

ကမ္ဘာ့ဖလားအောင်မြင်မှုက အခက်အခဲများရှိနိုင်သည့် အာဂျင်တီးနားနိုင်ငံကို ကူညီလိမ့်မည်ဟု မီဒီယာများဆို

အာဂျင်တီးနားနိုင်ငံ၏ မီဒီယာများက ကမ္ဘာ့ဖလားအောင်မြင်မှုကသာ မိမိတို့နိုင်ငံကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေးအကြပ်အတည်းများကြောင့် ကျဆင်းနေသည့် စိတ်ဓာတ်များကို ပြန်လည်မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ယူဆနေကြသည်။
လက်ရှိအချိန်တွင် အာဂျင်တီးနား စီးပွားရေးသည် ယိုင်နဲ့နဲ့ဖြစ်နေပြီး၊ နိုင်ငံတော်မှာလည် ကြွေးမြီပြဿနာ များနှင့် အခက်အခဲများရှိနေသည်။ အခက်အခဲများရှိပြီး၊ စီးပွားရေး ကျဆင်းနေသည့်ကြားမှပင် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း အာဂျင်တီးနားနိုင်ငံသည် ပွဲတော်ကြီးသဖွယ်ဖြစ်နေပြီး၊ အားလုံးက တက်ကြွလန်းဆန်းနေကြသည်ဟု အာဂျင်တီးနားသတင်းစာ Buenos Aires Herald ကဖော် ပြခဲ့သည်။ လမ်းမများပေါ်တွင် အဖြူ နှင့် မိုးပြာရောင် အစင်းစပ်ဝတ်စုံများကို လူတိုင်းက ၀တ်ဆင်ထားကြပြီး၊ ဘောလုံးပွဲရှိသည့်ရက်များတွင် နိုင်ငံတော်အလံများ ဝှေ့ယမ်းကာ၊ ကခုန်အားပေးမှုများ ပြုလုပ်နေကြသည်။
ဟော်လန်အသင်းနှင့် ကစားခဲ့သည့် ပွဲသည် အာဂျင်တီးနားနိုင်ငံ၏ လွတ်လပ်ရေးနှင့် တိုက်ဆိုင်နေသည့်တိုင် အားလုံးက ဘောလုံးကိုသာ စိတ်ရောက်နေကြသည်ဟုလည်း ဖော်ပြပါသတင်းစာက ရေးသားခဲ့သည်။ အာဂျင်တီးနားနိုင်ငံသည် လက်ရှိအချိန်၌ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးစီးပွားရေးအကြပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ငွေဖောင်းပွမှုနှုန်းမှာလည်း (၂၆)ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။
(ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီးနောက်ဗြူနို့စ်အေရီမြို့တွင် အာဂျင်တီးနား ပရိတ်သတ်များ အောင်ပွဲခံနေစဉ်(Photo: AFP))
Eleven Media Group

Photo: ကမ္ဘာ့ဖလားအောင်မြင်မှုက အခက်အခဲများရှိနိုင်သည့် အာဂျင်တီးနားနိုင်ငံကို ကူညီလိမ့်မည်ဟု မီဒီယာများဆို

0 comments:

Post a Comment