Monday, July 14, 2014

ဘုတ်ပြင်း မြို့နယ်တွင် မိုး သည်းထန်ပြီး လေပြင်းများ တိုက်ခတ် လူနေအိမ် တချို့ ပျက်စီး၊ လူ တစ်ဦး သေဆုံးမှု ဖြစ်ပွား

ဘင်္ဂလား ပင်လယ်အော်ရှိ လေဖိအားနည်း ရပ်ဝန်းကြောင့် တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက် ယခု ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းများ တိုက်ခတ်ခဲ့ရာ တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်း ခရိုင် ဘုတ်ပြင်းမြို့နယ် စတိန်ကျေးရွာ၌ ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက ရွာ အရှေ့ဘက် ဗလီအနီး နေအိမ်ပေါ် အုန်းပင် လဲကျသဖြင့် အိမ်အရှေ့ပိုင်း ပြိုကျ ပျက်စီးပြီး နေအိမ်ပိုင်ရှင် ဦးဝင်းဦး ၂၅ နှစ်မှာ အုန်းပင်ပိ သေဆုံး သွားသည်။
အလားတူ လေပြင်း တိုက်ခတ်မှုကြောင့် စတိန်ကျေးရွာ ပင်လယ်ကမ်းစပ်ရှိ လူနေ အိမ်နှစ်လုံး ပြိုကျပျက်စီး ခဲ့သည်။ အဆိုပါ ဖြစ်စဉ် ဖြစ်ပွားရာ ကျေးရွာသို့ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးအောင်ကျော်ကျော်ဦးနှင့် မြို့နယ် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည် နေရာချထားရေး ကော်မတီဝင်များသည် ဇူလိုင် ၁၂ ရက်က ရောက်ရှိပြီး သေဆုံးသူ မိသားစုဝင်များအား အားပေးစကား ပြောကြားကာ လေဘေးသင့် အိမ်ထောင်စုများအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ်သိန်း ၂ဝ နှင့် စားသောက်ကုန်၊ အဝတ်အထည်၊ ကယ်ဆယ်ရေး ပစ္စည်းများ ကူညီ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
ဘုတ်ပြင်း (ပြန်/ဆက်)

Photo: ဘုတ်ပြင်း မြို့နယ်တွင် မိုး သည်းထန်ပြီး လေပြင်းများ တိုက်ခတ် လူနေအိမ် တချို့ ပျက်စီး၊ လူ တစ်ဦး သေဆုံးမှု ဖြစ်ပွား
ဘင်္ဂလား ပင်လယ်အော်ရှိ လေဖိအားနည်း ရပ်ဝန်းကြောင့် တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက် ယခု ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းများ တိုက်ခတ်ခဲ့ရာ တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်း ခရိုင် ဘုတ်ပြင်းမြို့နယ် စတိန်ကျေးရွာ၌ ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက ရွာ အရှေ့ဘက် ဗလီအနီး နေအိမ်ပေါ် အုန်းပင် လဲကျသဖြင့် အိမ်အရှေ့ပိုင်း ပြိုကျ ပျက်စီးပြီး နေအိမ်ပိုင်ရှင် ဦးဝင်းဦး ၂၅ နှစ်မှာ အုန်းပင်ပိ သေဆုံး သွားသည်။
အလားတူ လေပြင်း တိုက်ခတ်မှုကြောင့် စတိန်ကျေးရွာ ပင်လယ်ကမ်းစပ်ရှိ လူနေ အိမ်နှစ်လုံး ပြိုကျပျက်စီး ခဲ့သည်။ အဆိုပါ ဖြစ်စဉ် ဖြစ်ပွားရာ ကျေးရွာသို့ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးအောင်ကျော်ကျော်ဦးနှင့် မြို့နယ် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည် နေရာချထားရေး ကော်မတီဝင်များသည် ဇူလိုင် ၁၂ ရက်က ရောက်ရှိပြီး သေဆုံးသူ မိသားစုဝင်များအား အားပေးစကား ပြောကြားကာ လေဘေးသင့် အိမ်ထောင်စုများအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ်သိန်း ၂ဝ နှင့် စားသောက်ကုန်၊ အဝတ်အထည်၊ ကယ်ဆယ်ရေး ပစ္စည်းများ ကူညီ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
ဘုတ်ပြင်း (ပြန်/ဆက်)

0 comments:

Post a Comment