Thursday, July 10, 2014

ကျောင်းသား သမဂ္ဂအလံနဲ့ ဆိုင်းဘုတ် ဖြုတ်ခံရလို့ ဒဂုံတက္ကသိုလ် ကျောင်းသားတွေ ဆန္ဒပြ

ဒဂုံတက္ကသိုလ်၊ ကျောင်းသားများသမဂ္ဂရုံးခန်းက သမဂ္ဂအလံနဲ့ ဗီနိုင်းဆိုင်းဘုတ်ကို ဖြုတ်ချခံလိုက်ရတဲ့ အတွက် သမဂ္ဂ၀င် ကျောင်းသား ၅၀ လောက် ကျောင်းဝင်းထဲမှာ ဒီနေ့ ဆန္ဒပြကြပါတယ်။
တက္ကသိုလ်က နားနေဆောင် ၁ ကို ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစလို့ ယာယီရုံးခန်းလုပ်ထားတာဖြစ်ပြီး မနေ့ညက အလံနဲ့ ဆိုင်းဘုတ်ဖြုတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
ဒဂုံတက္ကသိုလ်ထဲမှာ ကျောင်းသားသမဂ္ဂဖွဲ့စည်းခဲ့တာ ၂ နှစ်ရှိခဲ့ပေမယ့် ရုံးခန်းနေရာ တောင်းလို့ မရခဲ့ဘူးလို့ သမဂ္ဂရဲ့ ပြင်ပ ဆက်ဆံရေး တာဝန်ခံ ကိုပိုင်ရဲသူက ပြောပါတယ်။ ဒီအတွက် စားသောက်ဆိုင်တစ်ခုမှာ စုရပ်လုပ်ပြီး သမဂ္ဂအလုပ်တွေ လုပ်ဆောင်ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
“ကျွန်တော်တို့ကို ကူညီထောက်ခံတဲ့ အဲဒီစားသောက်ဆိုင်ကိုလည်း ကျောင်းအာဏာပိုင်တွေက ခြိမ်းခြောက်တာတွေရှိတယ်” လို့ ကိုပိုင်ရဲသူက ပြောပါတယ်။
သမဂ္ဂအလံနဲ့ အလံဖြုတ်ချခံရတာနဲ့ပတ်သက်ပြီး ဒီနေ့ နေ့လယ်က ပါမောက္ခချုပ်နဲ့တွေ့ဆုံဖို့ တောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ ကျောင်းသားတွေက ပြောပါတယ်။ အခုလိုအလံနဲ့ ဆိုင်းဘုတ်ဖြုတ်ခံရတာဟာ ပါမောက္ခချုပ်အမိန့်နဲ့ဖြစ်တယ်လို့လည်း ကျောင်းသားတွေက ပြောပါတယ်။
ဒဂုံတက္ကသိုလ်၊ ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုမင်းသုခက “ကြွေးကြော်သံတွေ စီစဉ်ခဲ့ပေမယ့် ဒီနေ့တော့ ကျောင်းသားရေးရာကနေ အ၀ိုင်းကိုပတ်ပြီး ရုံးခန်းကို လမ်းလျှောက်တာပဲလုပ်ခဲ့ပါတယ်။ နောက်အကြိမ်တွေမှာတော့ ဒါထက်ပိုပြီးပြင်းထန်တဲ့ လှုပ်ရှားမှုလုပ်မှာပါ”လို့ ပြောပါတယ်။

Credit ;  DVB
Photos: DUSU

0 comments:

Post a Comment