Monday, July 21, 2014

မလေးရှား ရောက်မြန်မာများ မဖြစ်မနေ သိရမည့် မြန်မာသံရုံး နှင့်ပတ်သက် သမျှ


မလေးရှားရောက်မြန်မာများ အားလုံး မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စများသည် မြန်မာ သံရုံးတွင် ဖြစ်ကြောင်း အားလုံးသိပြီုးုဖြစ်သည် ။ ပတ်စပို့ သက်တမ်းတိုးခြင်း ၊ အသစ်လျှောက်ခြင်း ၊ မြန်မာပြည်ပြန်ရန် CI လျှောက်ခြင်း ၊ ကျောင်းသား နေထိုင်ခွင့် ၊ ထောက်ခံစာ ၊ နိုထရီဘာသာပြန် ၊ ကြော်ငြာချက်တို့အတွက် မြန်မာသံရုံး (ကွာလာလမ်ပူ)၏ အင်တာနက်စာမျက်နှာအား မလေးရှားရောက် မြန်မာ တော်တော်များများ မသိကြပါ ။ ဥပမာ 6P စာအုပ်သက်တမ်းတိုးခြင်း ၊ ပျောက်ဆုံးစာအုပ်ပြန်လည် လျှောက်ထာခြင်းများအတွက် သိလိုပါ FACEBOOK စာမျက်နှာများ တွင် အသည်း သန်ရှာဖွေကြသည်ကိုတွေ့ရသည် ။
ထို့အတူ ယနေ့တိုင် CI လျှောက်ရန် ဘာတွေလိုသနည်း ၊ ပတ်စပို့လျှောက်ရန် ဘာတွေလိုပါသလဲ ဆိုသော မေးခွန်းသည် ကျွန်တော်တို့စာမျက်နှာတွင် ရာပေါင်းများစွာပေးခဲ့ကြသည်ကိုတွေ့ရမည်ဖြစ်သည် ။ အမှန်..http://myanmarembassy-kl.org/ မလေးရှားမြန်မာသံရုံး အင်တာနက်စာမျက်နှာတွင် အထက်ပါ ကိစ္စများ ချက်ချင်း သိနိုင်ပါသည် ။ မဖြစ်မနေလည်း သိထားသင့်ပါသည် ။
ထိုမျှမက ထိုစာမျက်နှာတွင်
၁. 6Pအစီအစဉ်ဖြင့် ထုတ်ပေးခဲ့သည့်မြန်မာနိုင်ငံကူး လက်မှတ် များအားသက်တမ်းတိုးရန် အတွက်ထပ်မံစိစစ်မှုများ လိုအပ်သူ အမည်စာရင်း (မရသူများ)
၂. 6P စာအုပ် သက်တမ်းတိုးခွင့်ရသူများစာရင်း (ရသူများ)
၃. မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများသို့ အသိပေးနှိုးဆော်ချက်
၎. မလေးရှားနိုင်ငံတွင်မွေးဖွားသော ကလေးများအားနိုင်ငံကူးလက်မှတ် ထုတ်ယူခွင့်ရရှိသည့်စာရင်း
၅. 6P နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် တင်ထားသူများအနက် မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်မှန်ကန်မှုမရှိသူအမည်စာရင်း
၆. အစိုးရကြော်ငြာချက်များ ၇. သက်ဆိုင်ရာ ဗီဇာလျှောက်ထားရန် ပုံစံများ
၈. စာအုပ်လျှောက်ထားရန် ပုံစံများ
၉. CI အတွက်သိသင့်သည်များ
၁၀. ဘာသာပြန် နိုထရီ
၁၁. သေမှုသေခင်းစာရွက်စာတမ်းများ
၁၂. သံရုံးပိတ်ရက်များ စသည်ဖြင့် အားလုံး အားလုံး သင်ရှာဖွေဖတ်ရှု ၊ ဒေါင်းလုပ်လုပ်ကာ ချက်ချင်းသိရန်ဆောင်ရွက်နိုင်သည် ။ ဖုန်းဆက်ရန်မလို ။ သွားမေးရန်မလို ။
ယခု FACEBOOK တွင် စာအုပ်လျှောက်ထားမှု ၊ OSC ပါမစ် အစီအစဉ် ၊ CI လျှောက်ထားခြင်း စသည်ဖြင့် ကျွန်တော်တို့တင်ဆက်ပေးသမျှသည် မြန်မာနိုင်ငံသားအားလုံးအတွက် အဆင်ပြေ သိရှိစေရန် ဖြစ်သည် ။
ထို့အတူ မြန်မာသံရုံး၏ အင်တာနက်စာမျက်နှာသည်လည်း မလေးရှားတွင်နေထိုင်သူ မြန်မာအားလုံး ပတ်စပို့ ၊ CI တို့အတွက် ချက်ချင်း သိရှိနိုင်လိမ်မည့် အင်တာနက်စာမျက်နှာဖြစ်သည် ။ သို့ကြောင့် ယခု ပို့စ်အား မလေးရှားရောက်မြန်မာအားလုံးထံ ကျေးဇူးပြု၍ ဆက်လက် မျှဝေပေးပါရန် တိုက်တွန်းသည် ။ မြန်မာအားလုံးသိသင့်ပါသည် ။
မလေးရှားရောက်မြန်မာများ
www.facebook.com/mmrinmy
မူရင်း သတင်း - မလေးရှားရောက်မြန်မာများ - Facebook
Admin - Laminmyat(TCK)

0 comments:

Post a Comment