Monday, July 21, 2014

ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မောင်တောမြို့မရဲစခန်းအချုပ်ရှိ ဘင်္ဂါလီလေးဦးနှင့်တွေ့


စစ်တွေမြို့သို့ ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်မစ္စရန်ဟီလီသည်ဇူလိုင် ၁၉ရက်က မောင်တောနယ်စပ်သို့ ရောက်ရှိလာခဲ့ပြီး မောင်တောမြို့နယ် မြောက်ပိုင်း ဆင်သေပြင်ဘင်္ဂါလီကျေးရွာမီးလောင်မှုကြောင့် ဖမ်းဆီးခံထားရသူ ဘင်္ဂါလီအမျိုးသမီးလေးဦးနှင့် မြို့မရဲစခန်းတွင်တွေ့ ဆုံခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအထူးကိုယ်စား လှယ်သည် ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူး ကြီးထိန်လင်း၊ ပြည်နယ်စည်ပင် သာယာရေးဝန်ကြီးဦးမြအောင် တို့နှင့်အတူရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါဖမ်းဆီးခံထားရသူဘင်္ဂါလီအမျိုးသမီးလေးဦးနှင့်အချိန် တစ်နာရီကြာတွေ့ဆုံမေးမြန်းမှု များပြုလုပ်ခဲ့ကြောင်းသိရသည်။ မောင်တောခရိုင်၊ မြို့နယ်လုံခြုံ ရေးတာဝန်ရှိသူများနှင့်လည်း မိ နစ်၂၀ခန့်တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့သည်။
ယခင် ကုလသမဂ္ဂအထူး ကိုယ်စားလှယ်မစ္စတာကင်တား နားသည် မောင်တောနယ်စပ်သို့ ရောက်ရှိချိန်တွင် ဘူးသီးတောင် အကျဉ်းထောင်သို့သာ သွား ရောက်လာလေ့ရှိပြီး ယခုကိုယ် စားလှယ်မှာ ဘူးသီးတောင်အ ကျဉ်းထောင်သို့ ၀င်ရောက်ခဲ့ခြင်း မရှိဘဲ မောင်တောရဲစခန်းသို့လာ ရောက်တွေ့ဆုံခဲ့ကြောင်း ရဲအရာရှိကြီးတစ်ဦးကပြောသည်။
ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်မစ္စရန်ဟီလီတွေ့ဆုံခဲ့သည့် ဘင်္ဂါလီအမျိုးသမီးလေးဦးအမှုမှာ စိစစ်နေဆဲဖြစ်ကြောင်း မောင်တောမြို့မရဲစခန်းမှ သိရသည်။ ယခုရခိုင်ပြည် နယ်သို့ ရောက်ရှိလာသည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်၏ခရီးစဉ်နှင့် ပတ်သက်၍ ရခိုင်ဒေသခံများ စိတ်ဝင်တစားစောင့်ကြည့်နေကြပြီး ဇူလိုင် ၁၈ရက်၌ စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများနှင့် စစ်တွေအကျဉ်းထောင်သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
7 Day Daily

0 comments:

Post a Comment