တရုတ်နိုင်ငံအရှေ့ပိုင်း ဇီချန်ပြည်နယ် ဟွမ်ချိုးမြို့တော်ရဲ့ ဈေးဆိုင်တန်းတစ်နေရာ အ၀တ်အစားအရောင်းဆိုင်တစ်ဆိုင်မှ အ၀တ်အစားတွေကို ခိုးယူခဲ့တဲ့ သတ်လတ်ပိုင်း တရုတ်အမျိုးသမီးတစ်ဦးကို ဆိုင်ပိုင်ရှင်မှ ဖမ်းမိသွားခဲ့သဖြင့် လူမြင်ကွင်းမှာ အခုလို သင်ခန်းစာကောင်းကောင်းတစ်ခု ပေးလိုက်တာကို တရုတ်နိုင်ငံပိုင် သတင်းစာမျက်နှာ မှာရေးသားဖော်ပြထားပါတယ်။
အမည်မဖော်ပြထားတဲ့ အဲ့ဒီ အမျိုးသမီးက သူ့ဆိုင်ရဲ့ အ၀တ်အစားတွေကို ခိုးယူနေ တာကို သံသယရှိတဲ့အတွက် စောင့်ကြည့်နေခဲ့ရာမှ တကယ်ခိုးယူတာကို လက်ပူး လက်ကြပ်မိတဲ့အချိန်မှာ တော့ ပတ်ဝန်းကျင်က လူတွေကို အကူအညီတောင်းပြီး ၀ိုင်း ၀န်းဖမ်းချုပ်ခဲ့တာဖြစ်ပါ တယ်။
ခိုးယူသူ သူမကို ခြေလက်တွေကိုကြိုးနဲ့တုတ်နှောင် ထားပြီး လည်ပင်းမှာလည်း “ကျွန်မက သူခိုးမပါ၊ ကျွန်မ ကြိမ်ဒဏ်ကျခံသင့် ပါတယ်”လို့ စာတန်းတစ်ခုကိုချိတ်ဆွဲ ပေးထားပြီး ဈေးတစ်ခုလုံးမှာ လှည့်ပတ်ပြီး သွားခိုင်းကာ အ ခြားဈေးဆိုင်ခန်းက ဆိုင်ပိုင်ရှင်တွေလည်း သတိထားလို့ရအောင် ဖြစ်ပါတယ်။

ထို့ပြင် သူမကို မှတ်လောက်သားလောက်ဖြစ်အောင် အရှက်ခွဲလိုက်တဲ့ ပုံကို ဈေးလာ ရောက်ကြတဲ့ ၀ယ်ယူသူတွေက ဓာတ်ပုံတွေရိုက်ယူကြပြီးတော့ ဆိုရှယ်မီဒီယာ တွေ မှာလည်း တင်လိုက်ပြီး သတိပေးထားတာမျိုးတွေလည်းရှိပါတယ်။ ယင်းနောက် ဆိုင် ပိုင်ရှင်ဖြစ်သူက သူမရဲ့ ဒီပြစ်မှုနဲ့ပတ်သက်ပြီးတော့ သူမကို သက်ဆိုင်ရာတာဝန်ရှိ သူတွေ လက်ထဲကို အပ်ကာ ဥပဒေအရ အရေးယူလုပ်ဆောင်မှုတွေကို လုပ်ပေးရန် တောင်းခံခဲ့ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

0 comments:
Post a Comment