Thursday, July 10, 2014

အာဂျင်တီးနားရဲ့သူရဲကောင်း(သို့မဟုတ်)ဆာဂျီယို ရိုမဲရိုး

2014ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကြီးဆီ အာဂျင်တီးနားတက်လှမ်းနိုင်ခဲ့ရာမှာ ဂိုးသမားရိုမဲရိုးရဲ့လက်စွမ်းပြကာကွယ်ခဲ့တဲ့ ပင်နယ်တီ2ဂိုးစလုံးကအခရာကျနေပါတယ်၊၊သူဟာ နယ်သာလန်ရဲ့ဗွေဆော်ဦးပင်နယ်တီဂိုးကိုတည်နည်ငြိမ်ငြိမ်နဲ့ဖမ်းနိုက်ရုံမကဘဲ စနိုက်ဒါရဲ့ပင်နယ်တီကန်သွင်းမှုကို အံသြဖွယ်ဖမ်းပြနိုင်ခဲ့တယ်၊၊ သူ့ရဲ့အခုလိုလက်စွမ်းပြကာကွယ်နိုင်မှုကြောင့် အာဂျင်တီးနားရဲ့သူရဲကောင်းသစ်ဖြစ်လာခဲ့ပါပြီ၊၊
အခုအရပ်6ပေ၊4လက်မအရပ်မြင့်မားတဲ့ရိုမဲရိုးဟာ ငယ်စဉ်တုန်းက အစ်ကိုနှစ်ယောက်ထက်လူကောင်သေးခဲ့လို့ အစ်ကိုတွေလိုဘက်စကတ်ဘောကစားသမားဖြစ်မလာခဲ့သူပါ၊၊
သူဟာဒေသခံကလပ်ရေးဆင်းကလပ် အဗဲလ်လန်ဒါမှာအသက်9နှစ်အရွယ်ကတည်းကစတင်လေ့ကျင့်ကစားခဲ့ပြီးဒီအသင်းမှာပဲကာလရှည်ကစားရာမှ 2007-08မှာ နယ်သာလန်ကလပ် အဲလ်ခမာအသင်းကိုပြောင်းရွှေ့လာခဲ့တယ်၊၊သူ့အနေနဲ့အဲလ်ခမာရောက်ပြီးနောက်အာဂျင်တီးနားအသင်းမှာပိုမိုပါဝင်လာခွင့်ရခဲ့ကာ 2008နွေရာသီအိုလံပစ်အောင်ပွဲရအာဂျင်တီးနားမှာပါဝင်ခဲ့ရသလို မာရာဒိုနာကိုင်တွယ်စဉ် 2010ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်းပွဲအားလုံးကစားခဲ့ရသူဖြသူဖြစ်ပါတယ်၊၊သူ့အနေနဲ့2011ကိုပါအမေရိကဖလားမှာလည်းအာဂျင်တီးနားနဲ့ဝင်ပြိုင်ခဲ့သေးသလို လက်ရှိ2014ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်ပါဝင်လက်စွမ်းပြခဲ့တဲ့အတွက် ရိုမဲရိုးအနေနဲ့ အာဂျင်တီးနားရဲ့သူရဲကောင်းဖြစ်လာခဲ့ပါတယ်၊၊သူ့အနေနဲ့လက်ရှိခြေစွမ်းကိုထိန်းပြီး အာဂျင်တီးနားမြေပေါ်ကို ကမ္ဘာ့လားဆုယူဆောင်ပေးသွားမလားဆိုတာစောင့်ကြည့်ရပါတော့မယ်ခင်ဗျာ၊၊

0 comments:

Post a Comment