Wednesday, July 9, 2014

Bi မွန်းတည့်နေ ဘယ်ခြေလှမ်း လှမ်းတာလဲ

မွန်းတည့်နေ ဆိုတာ မထင်မရှား ဂျာနယ်လေးတစ်ခုပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် ခန့်တယ်လို့ ဂျာနယ်မျက်နှာဖုံးမှာ ခေါင်းစီး သတင်းနဲ့
ထည့်လိုက်တော့ တစ်ဟုန်ထိုး လူတွေ သိသွားခဲ့ပါတယ်။ အစိုးရကလည်း
နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုနဲ့ အရေးယူရန်ရှိ ဆိုပြီး ချက်ချင်းပဲ နိုင်ငံပိုင်သတင်းစာတွေကနေ
ကြေညာခဲ့ရပါတယ်။

အမှန်တကယ် ကြားဖြတ်အစိုးရဆိုတဲ့ စကားကို ပြောခဲ့တာက MDCF အဖွဲ့ကပါ။ Bi မွန်းတည့်နေက
ဒီသတင်းကို ခေါင်းစီးတင်ပြီး ဖြန့်လိုက်တာ။ ဘာရည်ရွယ်ချက်နဲ့ ဒီလိုသတင်းကို ဖြန့်လဲဆိုတာ
စိတ်မ၀င်စားပါဘူး။ ပြောချင်တာက မီဒီယာတစ်ခု လုပ်နေပြီး အကျိုးအကြောင်း အကောင်းအဆိုး
အချိန် မှန် နေရာမှန် မခွဲခြားဘဲ သတင်းတစ်ခုကို ထည့်ချင်သလို ထည့်လုပ်တတ်တဲ့ အကျင့်ကိုပါ။
ဒီဂျာနယ်ထွက်လာတဲ့ အချိန်က မန္တလေးမှာ ပဋိပက္ခတွေ ဖြစ်နေတဲ့အချိန်၊ လူထုက စိုးရိမ်တစ်ကြီးနဲ့
စောင့်ကြည့်နေတဲ့ အချိန်၊ အစိုးရရဲ့ ပဋိပက္ခအပေါ် ကိုယ်တွယ်ပုံစနစ်တကျ ရှိပေမဲ့ အားနည်းတယ်ဆိုပြီး
လူအချို့ရဲ့ သွေးထိုးပြောဆိုမှုတွေကြောင့် အစိုးရဘာလဲ ဆိုပြီး အမြင်တချို့ရှိနေချိန်မှာ
ဒီကြားဖြတ်အစိုးရဆိုတဲ့ စကားလုံးနဲ့ နေရာဝင်ယူပြီး ပွဲဆူအောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ်။
ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ် ကြားဖြတ်အစိုးရ တင်မြှောက်ဆိုပေမဲ့
ဘယ်ပြည်သူက ဘယ်လိုတင်မြှောက်မှန်းမသိ၊ အခြေအမြစ်မရှိတဲ့ သတင်းကို Bi မွန်းတည့်နေက
ဘာသဘောနဲ့ ဖြန့်ချိခဲ့လဲ မသိပါဘူး။ တစ်ချို့က Bi မွန်းတည့်နေ ပိုင်ရှင် က ဘာသာခြားတဲ့။ ပိုင်ရှင် ဘာဖြစ်ဖြစ် ဘယ်သူလဲ စိတ်မ၀င်စားပါဘူး။သူ့ဟာသူ ဘာဖြစ်နေနေ မီဒီယာဆိုတာ မီဒီယာ ကျင့်ဝတ်၊ သိက္ခာနဲ့ အညီ ရှိနေမယ်ဆိုမီဒီယာဆိုတာ ပြည်သူအားကိုးရာပါပဲ။ ဒီလိုမဟုတ်ဘဲနဲ့ ပြည်သူနဲ့ အစိုးရကြား
ရန်တိုက်ပေးသလို လုပ်ပြီး ပွဲဆူအောင် မီးမွှေးရင်တော့ ဘယ်သူပိုင်တဲ့ မီဒီယာ ဖြစ်ဖြစ်
လက်ခံရမှာ မဟုတ်ပါဘူး။ ပဋိပက္ခတွေကို တည်ငြိမ်အောင် အားလုံးအဘက်ဘက်က ကြိုးစား
နေချိန်မှာ အဲဒီသတင်းကို ဖော်ပြခဲ့ခြင်းဟာ လက်ရှိအစိုးရအပေါ် အကြည်ညိုပျက်စေမှု၊
နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေခြင်းနဲ့ အများပြည်သူအကျိုးပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်
ပါတယ်။ ဂျာနယ်ကို ဖြန့်လိုက်တဲ့ အချိန်ဟာ ပုံမှန်ထက် ၄ ရက်လောက်စောပြီး ထုတ်ဝေခဲ့တာ
ဖြစ်လို့ မန္တလေးဖြစ်စဉ်တွေနဲ့ အချိန်ကိုက် လုပ်ခဲ့သလားဆိုတာလဲ သံသယ ရှိစဖွယ်ပါ။
ကြားဖြတ်အစိုးရဆိုတာကို ထုတ်ပြန်ခဲ့တဲ့ MDCF အဖွဲ့ ရော၊ အဲသတင်းကို ဖြန့်ချိခဲ့တဲ့
Bi မွန်းတည့်နေ ဂျာနယ်ဆိုတာရော ကို အစိုးရက သေချာစစ်သင့်ပါတယ်။ ဒါဟာ
စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိခိုက်စေတာမဟုတ်သလို သူတစ်ပါးအကျိုးစီးပွားကို ထိခိုက်တာလည်း
မဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိပဲလုပ်လုပ် မရည်ရွယ်ဘဲ ဖြစ်ဖြစ် ဒီသတင်းက မတည်ငြိမ်မှုတွေကြားထဲမှာ တိုင်းပြည်ကို ပွဲမဆူဆူအောင်လုပ်သလို ဖြစ်တယ်ဆိုတာ ငြင်းမရပါဘူး။ ဘယ်ပြည်သူကမှ
တင်မြှောက်တာမဟုတ်ဘဲ သာမန်အဖွဲ့တစ်ခုရဲ့ ကြေညာချက်မှာ ပြည်သူတွေက တင်မြှောက် ဆိုပြီး
ပြည်သူအားလုံးရဲ့ သဘောလိုလို သုံးထားခြင်းရဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက်ရှိမရှိဆိုတာ
ပြောလို့ မရနိုင်ပါဘူး။ Bi မွန်းတည့်နေ ဂျာနယ်ကလည်း ဘာသဘောနဲ့ ရည်ရွယ်ပြီး ဒီသတင်းကို
ခေါင်းစီးပိုင်းမှာ စာလုံးကြီးကြီးနဲ့ နေရာပေးဖော်ပြခဲ့တာဟာ Bi မွန်းတည့်နေ ဘယ်ခြေလှမ်းလှမ်းလိုက်တာလဲ ဆိုတာ ကိုယ်တိုင်သာ အသိဆုံး ဖြစ်မည် ဖြစ်ပါကြောင်း။
နိုင်အောင်
opposite eye

0 comments:

Post a Comment