Friday, July 4, 2014

သရဲရထား ဇာတ်ကား ရိုက်ကွင်း အကြောင်း ပြောပြတဲ့ နေဒွေး

ဒါရိုက်တာ သည်ခေတ်နေ၊ နေဒွေး၊ ပိုင်ဖြိုးသု၊ မေမြင့်မိုရ် တို့ အဓိက ပါဝင် သရုပ်ဆောင်ထားတဲ့ သရဲခြောက်တဲ့ ဂိမ်းအပိုင်း(၂) သရဲရထား ကို ရန်ကုန်မြို့ ဘူတာကြီးမှာ ရိုက်ကူး ခဲ့ပါ တယ်။ နေဒွေးက ရိုက်ကွင်း ကို ပရိသတ် (၇)ဦးဖိတ်ခဲ့ပါ သေးတယ်။
“ကျွန်တော် ပရိသတ် ၇ ဦးကိုလည်း ရိုက်ကွင်းကို ဖိတ်ထားပြီး ကျွန် တော် ကတိအတိုင်း လက် ဆောင်တွေပေးတယ်။ ၅ ယောက်ပဲ လာနိုင်တယ်။ တစ်ဦး က ခရီးလွန်လို့ မလာနိုင်ဘူး။ တစ်ဦးက ပြည်ပမှာ ဖြစ်တဲ့ အတွက် မလာနိုင်ဘူး။ ကျွန်တော် ရိုက်ကွင်းက မိုးထဲလေထဲ ဆိုပေမယ့် ပရိသတ် ၅ဦး စလုံးက အဲ့ဒီ အတွက် အမှတ်တရ ပါပဲ”လို့ နေဒွေးက ပြော ပြပါတယ်။ အရင် ရိုက်ကူးခဲ့တဲ့ သရဲခြောက်တဲ့ ဂိမ်းနဲ့ အခုဘယ်လို ကွာခြားတဲ့ ထူးခြားမှုတွေ ရှိနေမလဲလို့ နေဒွေးကို မေးတော့..
“ဒီကားမှာက ရထားကို အသုံး ပြုထားတယ်။ မြန်မာနိုင်ငံ အနေနဲ့ ရိုက်ကူးရေးမှာ ရထားဆို အသုံးပြုတာ နည်းတယ်လေ။ ထူးလည်း ထူးခြားတယ်။ ရိုက်ကွင်း အခက်အခဲက တော့ ဒီရထားပေါ်မှာ ရိုက်ကူးရေး ရဖို့ အဆင့်ဆင့် ခွင့်တင်ရတယ်။ ရ ထားပေါ် မှာပြီးတော့ သန်းခေါင်အ ထိ ရိုက်ရတယ် ဆိုတော့ ဖီလင်က တော့ တခြား ကားနဲ့ လုံးဝကို မတူ ဘူး။ ရထားပေါ်မှာ ရိုက်တဲ့ ရိုက်ကွင်း ဆို ကျွန်တော့် အတွက် ဒါပထမဆုံး ပဲ”လို့ ပြောပြခဲ့ပါတယ်။
သရဲခြောက်တဲ့ဂိမ်း part (1) မှာ စံရတီမိုးမြင့် နေဒွေးတို့က အဓိ က ပါဝင် သရုပ်ဆောင်ထားပြီး part (2) မှာတော့ ထူးခြားတဲ့ တင်ဆက် မှုတွေ နဲ့ နေဒွေး၊ ပိုင်ဖြိုးသု ၊ မေမြင့် မိုရ် နဲ့တခြား သရုပ်ဆောင်များစွာ ပါဝင်ထားပါ တယ်။

0 comments:

Post a Comment