Thursday, July 17, 2014

ထိုင်း ဘုရင့်ထီ အမြင့်ဆုံး ဆုမဲနဲ့ ကံထူးသူ

ဇူလိုင်လ ၁၆ ရက်နေ့ကထွက်ရှိတဲ့ ထိုင်း ဘုရင့်ထီပေါက်မဲအရ ထိုင်း ဘတ် ၂ သန်းဆုမဲဂဏန်း ၄၆၈၇၂၈ နဲ့ ကံထူးသူတဦးကတော့ ထိုင်း ဘတ်ငွေ ၈ သန်း ( ကျပ် သိန်းပေါင်း ၂၄ဝဝ ကျော် ခန့်) ရသွားပါတယ်။
ကံထူးသူက Mr.Somnuk က အဲဒီ နံပတ်ကို ၂ လုံး ဂဏန်း ၂၉၊ ၃ဝ နဲ့ ၅၇၊ ၅၈ ဆိုတဲ့ ၂ စောင်တွဲ ၄ စောင် ကံစမ်းခဲ့တာကြောင့် ဆုမဲ ဘတ် ၂ သန်း တန် ၄ စောင်စာအတွက် ထိုင်း ဘတ်ငွေ စုစုပေါင်း ၈ သန်း ရ သွားခြင်း ဖြစ်ပါတယ်။
လူတဦးတည်း အခုလို ၂ စုံ ၄ စောင် နဲ့ အမြင့်ဆုံးဆုမဲပေါက်သူ လောကမှာ ရှားပါးဖြစ်စဉ်တခုလို့ ထိုင်း သတင်း တခုက ဖြစ်တဲ့ khaosod က ရေးထားပါတယ်။
ကံထူးသူ Mr.Somnuk က ထိုင်း စက်ရုံတခုက သာမန်အလုပ်သမားတဦးဖြစ်ခဲ့ဖူးပြီး အခုတော့ သစ်ပစ် စိုက်ပျိုးသူ တောင်ယာသမားလုပ်တာပါတဲ့။ မိုးတွင်း ဆိုတော့ ဆွေမျိုးတွေ ရှိရာကို ခရီးထွက်သွားရင်း သစ်ပင်တွေ စိုက်ပျိုးပေးခဲ့တယ်တဲ့။ တောင်ယာသမားတဦးရဲ့ ကံ ထူးပုံက အံ့သြဖို့ ကောင်းပါတယ်။
သစ်ပင်လိုက်စိုက်ပျိုးပေးပြီး နေရပ်ကို ပြန်လာတော့ ဘတ်စ်ကား ဂိတ် မှာ ထီဆိုင်တွေတော့ စိတ်ထဲ အရမ်း ထီထိုးချင်နေတာနဲ့ ထီလက်မှတ် ဘတ် ၈၀ တန် ၂ စောင် တွဲ ၂ စုံကို ဘတ် ၁၆၀ နဲ့ဝယ်ခဲ့တာလို့ ပြောထား ပါတယ်။
ထိုင်းနိုင်ငံမှာဘုရင့်ထီဆုမဲ အမျိုးအစားမှာ ဘတ် ၂ သန်းဆုက အမြင့်ဆုံးဖြစ်ပြီး အနိမ့်ဆုံး ဆုကြေးက ဘတ် ၁ သောင်းဖြစ်ပါတယ်။
ထိုင်း နိုင်ငံမှာ တလမှာ ၂ ကြိမ် ထိုင်း ဘုရင့်ထီကို အမြဲဖွင့်ပေးနေတာပါ။ ထိုင်း ထီပေါက်စဉ်ကို မြန်မာနိုင်ငံ က ၃ လုံး ဝါသနာရှင်တွေက ထိုင်း ဘုရင့်ထီ နောက်ဆုံး ဂဏန်း ၃ လုံးကို ကစားကြတာမို့ ရင်းနှီးပြီးသား
ဖြစ်ပါတယ်။
ဧရာဝတီ Facebook
LikeLike ·  · 

0 comments:

Post a Comment