Thursday, July 10, 2014

ဖုန်း ငွေဖြည့် ကတ်များ ထုတ်လုပ် ရောင်းချခွင့် ရသော နောက်ထပ် ကုမ္ပဏီ လေးခုမှ ကြိုတင် ငွေဖြည့် ကတ်များ စတင် ရောင်းချ

ပြည်တွင်း၌ အသုံးပြုနေသော GSM, WCDMA, CDMA 800 MHz စသည့် မိုဘိုင်းလ် ဖုန်းများအတွက် ကြိုတင်ငွေဖြည့်ကတ်များ ထုတ်လုပ် ဖြန့်ဖြူးရောင်းချရန်
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ နောက်ထပ် ကုမ္ပဏီလေးခုကို လုပ်ကိုင်ခွင့်များ ပေးအပ်ခဲ့ရာ ယခုအခါ အဆိုပါ ကုမ္ပဏီများသည် ၎င်းတို့ထုတ်လုပ်သော ဖုန်းငွေဖြည့်ကတ်များကို ဈေးကွက်အတွင်းသို့ စတင်ဖြန့်ဖြူး ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။ယခင်က မိုဘိုင်းလ်ဖုန်း ကြိုတင်ငွေဖြည့် ကတ်များကို မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံ၊ E-Lite Tech နှင့် Asia Mega Link အစ ရှိသည်တို့မှ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခဲ့ခြင်းဖြစ်ပြီး ယခုမှစတင်ကာ လုပ်ကိုင်ခွင့်ရရှိသော နောက်ထပ် ကုမ္ပဏီလေးခုမှာ Myan-mar Padauk ကုမ္ပဏီ၊ ABC ကုမ္ပဏီ၊ Fortune International ကုမ္ပဏီနှင့် Amara Communication ကုမ္ပဏီတို့ ဖြစ်ကြသည်။
အဆိုပါ ကုမ္ပဏီအသစ် လေးခုအနေဖြင့် ၎င်းတို့ ထုတ်လုပ်ရောင်းချသော ဖုန်းကြိုတင် ငွေဖြည့်ကတ်များကို မြန်မာနိုင်ငံအနှံ့တွင် အလွယ်တကူ ဝယ်ယူအသုံးပြု နိုင်စေရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူး ပေးသွားရန် စီစဉ်ထားကြောင်းသိရသည်။ ထုတ်လုပ်ရောင်းချ ပေးလျက်ရှိသော ငွေဖြည့်ကတ်များ တန်ဖိုး မှာ လက်ရှိကတ်များ၏ နှုန်းထားများအတိုင်း ငွေကျပ် ငါးထောင်တန်ကတ်၊ ငွေကျပ် တစ်သောင်းတန် ကတ်နှင့် ငွေကျပ် သုံးသောင်းတန် ကတ် စသည်တို့ဖြစ်ကြပြီး ငွေဖြည့်ကတ်များပေါ် တွင် သက်ဆိုင်ရာ ကတ် ထုတ်လုပ်သော ကုမ္ပဏီ အမှတ်တံဆိပ်များ ရိုက်နှိပ်ထားကြောင်း သိရသည်။ ဆောင်းဦး

Photo: ဖုန်း ငွေဖြည့် ကတ်များ ထုတ်လုပ် ရောင်းချခွင့် ရသော နောက်ထပ် ကုမ္ပဏီ လေးခုမှ ကြိုတင် ငွေဖြည့် ကတ်များ စတင် ရောင်းချ

0 comments:

Post a Comment