Thursday, July 17, 2014

ညောင်ဦးမြို့နယ်၌ စစ်ကျန်လေယာဉ်ဗုံးဟောင်းတွေ့

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုလင်းကျေးရွာ၌ နေအိမ်ဝင်းအတွင်း အိမ်သာကျင်းတူးရာမှ ဒုတိယကမ္ဘာစစ် လက်ကျန်လေယာဉ်ဗုံးဟု ယူဆရသော သံချေးများတက်နေသည့် ဗုံးတစ်လုံးတွေ့ရှိ၍ သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံလိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုလင်းကျေးရွာအုပ်စု အနောက်ပုလင်းကျေးရွာနေ ဦးဝင်းမြင့်-ဒေါ်တင်နွဲ့တို့၏ နေအိမ် ဝင်းအတွင်း အိမ်သာကျင်းတူးရာ ကျင်းအနက် ခုနစ်ပေ ခြောက်လက်မခန့်တွင် သံချေးတက်နေသော ကြီးမားသည့်သံတုံးကြီးတစ်တုံး တွေ့ရှိ၍ အိမ်သာကျင်းအားဆက်မတူးဘဲ ပုလင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်ဆွေအား အကြောင်းကြား၍ လာရောက်ကြည့်ရှုရာ ဒုတိယကမ္ဘာစစ်လက်ကျန် လေယာဉ်ဗုံးဖြစ်နိုင်ကြောင်း သိရပြီး မြို့နယ်၊ ခရိုင် အဆင့်ဆင့်သို့ သတင်းပို့တင်ပြရာ သက်ဆိုင်ရာတာဝန်ရှိသူများ လာရောက်ကြည့်ရှုကြပြီး အလျား လေးပေ ခြောက်လက်မ၊ အချင်းပတ်လည် သုံးပေ ခြောက်လက်မခန့်ရှိ စစ်လက်ကျန်လေ ယာဉ်ဗုံးကြီးအား ဇူလိုင် ၁၅ ရက် ညနေ ၅ နာရီခွဲခန့်တွင် သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံပေးပြီးဖြစ်ကြောင်း သိရသည်။
(၅၇၁)
Myanmaalinn

0 comments:

Post a Comment