ဆီရီယာလီယွန်နိုင်ငံမှာ
ကူးစက်မှု ၃၄ မှုနဲ့ သေဆုံးမှု ၁၄ မှု၊ လိုက်ဘေးရီးယားနိုင်ငံမှာ ကူးစက်မှု
၁၆ မှုနဲ့ သေဆုံးမှု ၉ မှု ရှိခဲ့တယ်လို့ ဒေသခံ ကျန်းမာရေးဌာနတွေက သတင်း
အချက်အလက် ထုတ်ပြန်ချက်အရ သိရပါတယ်။ ဂီနီနိုင်ငံမှာတော့ သေဆုံးမှု ၂ မှု
ရှိခဲ့ပါတယ်။
ဒဗလျူအိတ်ခ်ျအိုရဲ့ပြောခွင့်ရ ဖေဒေလာချေ့ဘ်ကတော့ “ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ စောင့်ကြည့် မှုတွေ အားဖြည့်ရေး၊ ကျန်းမာရေးပညာရှင်တွေ ပိုပြီးတာဝန်ချထားရေးနဲ့ သတင်းအချက်အလက် မျှဝေမှု တိုးမြှင့်ရေးတို့က အရေးကြီးတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က ပြောပြီး ကျန်းမာရေးလုပ်သားတွေနဲ့ ပူးပေါင်းဖို့ ဒေသခံလူထုက တွန့်ဆုတ်မှုတွေ အများကြီး ရှိနေသေးတယ်။ နိုင်ငံတကာလူ့အဖွဲ့အစည်းဟာ ဒီ ၃ နိုင်ငံအတွက် ပညာရှင်တွေ ပိုပြီး တာဝန်ချပေးသင့်တယ်။ ဒေသတွင်းနိုင်ငံတွေဟာလဲ သတင်းအချက်အလက်တွေကို မျှဝေရာမှာ တကယ် အတူတူအလုပ်လုပ်သင့်တယ်။ အတိတ်မှာ အီဘိုလာဗိုင်းရပ်စ် ပြန့်ပွားဖူးတဲ့နိုင်ငံတွေ ကနေ အတွေ့အကြုံတွေကို ကြားဖို့ သိပ်ကို စိတ်ဝင်စားတယ်။ အနောက်အာဖရိကမှာတော့ အီဘိုလာက ခုမှ စဖြစ်တာ”လို့ ဆက်ပြောပါတယ်။
အရင်ထက် စိန်ခေါ်မှုပိုများတဲ့အချက်က ခုတကြိမ်မှာ ကူးစက်မှုအသေးလေးတွေ နေရာအတော်များများမှာ ပျံ့နှံ့ပြီး ၃ နိုင်ငံမှာ ကူးစက်နေတာလို့ သူက ဆက်ပြောပါတယ်။
ကူးစက်ပျံ့နှံ့မှုကို ကောက်ချက် မချရသေးပေမယ့် ဗိုင်းရပ်စ်ပြန့်နှံ့မှုကို ထိန်းချုပ်ထား နိုင်ဆဲပဲလို့ ဒဗလျူအိတ်ခ်ျအိုက ပြောပါတယ်။
အစီရင်ခံစာတွေအရ ဗိုင်းရပ်စ်ကြောင့် ဂီနီ၊ လိုက်ဘေးနီးယားနဲ့ ဆီရီယာလီယွန် နိုင်ငံတွေမှာ ကျန်ခဲ့တဲ့ ၄ လအတွင်း လူ ၄၅၅ ယောက် သေဆုံးခဲ့လို့ မှတ်တမ်းတလျှောက် လူသေအများဆုံး အီဘိုလာ ကူးစက်မှု ဖြစ်ခဲ့ပါတယ်။
Credit; DVB

0 comments:
Post a Comment