Thursday, July 17, 2014

ဇမ္ဗူထွန်း - ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၀)၊ အမှတ်(၂၇)။
ဇူလိုင် ၁၂၊ ထိုင်းနိုင်ငံနှင့် မြန်မာအစိုးရ တို့ပူးပေါင်းကာ မြန်မာဒုက္ခသည် ၁၃ဝဝဝဝ ကို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ သို့ပြန်လည်ပို့ဆောင်မည်ဟု သိရသည်။
ယင်းကိစ္စရပ်ကို ထိုင်းနိုင်ငံ အမျိုးသားကောင်စီမှ ဗိုလ်ချုပ်ပါရာယုသ် ချန်အိုချာက ဇူလိုင် ၁၁ ရက် တွင် ရုပ်သံလိုင်းမှပြောကြားသွားခဲ့ ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ချန်အိုချာက ယင်းကိစ္စကို လွန်ခဲ့သောသီတင်းပတ် က ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ် ခဲ့သော ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဆွေး နွေးညှိနှိုင်းခဲ့သည်ဟုဆိုသည်။ ဗိုလ် ချုပ်ချန်အိုချာက ဒုက္ခသည်များကို မြန် မာနိုင်ငံသို့ပြန်လည်ရွှေ့ပြောင်းစေရာ တွင် နှစ်နိုင်ငံစလုံးမှ ဒုက္ခသည်များ၏ ဘေးကင်းလုံခြုံရေးအတွက် အာမခံ ချက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်ချန်အိုချာက ၄င်းတို့နှစ် နိုင်ငံသည် ရိုဟင်ဂျာလူမျိုးစုများ လူ ဝင်မှုကြီးကြပ်ရေးအတွက် နိုင်ငံသား သက်သေ ခံများပြုလုပ်ရာတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟုပြော ကြားခဲ့သည်။
LikeLike ·  ·  · 5512

0 comments:

Post a Comment