Monday, July 21, 2014

ရမ်မာဆန် မုန်တိုင်းကြောင့် တရုတ်နိုင်ငံမှာ လူ ၁၇ ဦး သေဆုံး


ပြီးခဲ့တဲ့ သီတင်းပတ်က ဖိလစ်ပိုင်နိုင်ငံကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ ရမ်မာဆန် မုန်တိုင်းဟာ အခုတော့ တရုတ်နိုင်ငံကို ၀င်ရောက်တိုက်ခိုက်နေတာကြောင့် လူပေါင်း ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
အဲဒီ သေဆုံးသူတွေဟာ ဟိုင်နန်ပြည်နယ်မှာ ၈ ဦးနဲ့ ဂွန်စီးပြည်နယ်မှာ ၉ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်မှာတော့ မုန်တိုင်းဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဒေသ တလျှောက်မှာ လူ ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
မုန်တိုင်းရဲ့ အန္တရာယ်ကို အမြင့်ဆုံး အဆင့် သတ်မှတ်ထားပြီး ပြင်းထန် ဆိုးရွားတဲ့ ရာသီဥတု အခြေအနေကြုံရနိုင်တယ်လို့ တရုတ်မိုးလေ၀သ ဌာနက သတိပေးထားပါတယ်။
ရမ်မာဆန် မုန်တိုင်းဟာ တရုတ်နိုင်ငံကို နှစ်ပေါင်း ၄၀ အတွင်း ၀င်ရောက်
ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အပြင်းထန်ဆုံး မုန်တိုင်းဖြစ်တယ်လို့ သိရပါတယ်။
ABC

0 comments:

Post a Comment