Thursday, March 28, 2013

ကယ်စင်မော်ကွန်း ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်ခဲ့သည့် အနုပညာရှင် များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်



တပ်မတော် ဂုဏ်ပြု ကြယ်စင်မော်ကွန်း ရုပ်ရှင် ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် ခဲ့ကြသည့် အနုပညာရှင် များအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ စုရပ် သစ်တပ် စစ်ရေးပြကွင်း နားနေဆောင် ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သီရိပျံချီ မြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သီရိပျံချီ အောင်သန်းထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး သီရိပျံချီ သက်နိုင်ဝင်းနှင့် တပ်မတော် အရာရှိကြီးများ၊ ကြယ်စင်မော်ကွန်း ရုပ် ရှင် ဇာတ်ကားတွင် ပါဝင်ခဲ့သည့် အနုပညာ ရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ညှိနှိုင်း ကွပ်ကဲရေးမှူး ( ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်းက အဖွင့်အမှာ စကား ပြောကြားသည်။

ထို့နောက် တပ်မတော် ဂုဏ်ပြု ကြယ်စင်မော်ကွန်း ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်ခဲ့သည့် ဒါရိုက်တာနှင့် အနုပညာ ရှင်များအား စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သီရိပျံချီ ခင်ဇော်ဦးနှင့် ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြား ရေးမှူး ဗိုလ်ချုပ် ဇေယျကျော်ထင် သန်းစိုးတို့က ဂုဏ်ပြု မှတ်တမ်းလွှာများ နှင့် အမှတ်တရ လက်ဆောင်ပစ္စည်း များကို အသီးသီး ပေးအပ်ကြသည်။

ယင်းနောက် တပ်မတော် ဂုဏ်ပြု ကြယ်စင်မော်ကွန်း ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်ခဲ့သည့် အနုပညာ ရှင်များ ကိုယ်စား ရုပ်ရှင် ဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာ အကယ်ဒမီ ပန်းချီစိုးမိုးက ကျေးဇူးတင် စကား ပြန်လည် ပြောကြားသည်။

ထို့နောက် ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်းက နိဂုံးချုပ် အမှာစကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment