Friday, March 29, 2013

တကယ်.လို နင်

တကယ်လို့များ တနေ့နေ့မှာ မင်း
 ငိုကြွေးချင်နေခဲ့ရင်... ငါ့ကို ခေါ်လိုက်ပါ...
မင်းကို ရယ်မောအောင် လုပ်မယ်လို့တော့
 ငါ ကတိမပေးပါဘူး....
မင်းနဲ့အတူတူတော့ ငိုကြွေးနိုင်ပါတယ်...

တကယ်လို့များ တနေ့နေ့မှာ နင် အဝေးဆုံးကို
 ပြေးထွက်သွားချင်နေခဲ့ရင်...
ငါ့ကို ခေါ်ဖို့ မစိုးရိမ်နေပါနဲ့...
နင့်ကို ထွက်မသွားဖို့ တောင်းဆိုမယ်လို့
 ကတိမပေးပါဘူး....
နင်နဲ့ အတူတူတော့ ပြေးထွက်နိုင်ပါတယ်...

တကယ်လို့များ တနေ့နေ့မှာ နင်
 ဘယ်သူပြောစကားမှာ နားမထောင်ချင်ခဲ့ရင်...
ငါ့ကို ခေါ်လိုက်ပါ...
နင့်အတွက် ငါ ရှိနေပါမယ်လို့ ကတိပေးတယ်....
ပြီးတော့ တကယ်ကို 
တိတ်တိတ်လေးနေနေပါ့မယ်လို့လည်း 
ကတိပေးပါတယ်...

တကယ်လို့များ တနေ့နေ့မှာ
 နင် ငါ့ကို လှမ်းခေါ်တဲ့အခါ...
ဘာအသံမှ မကြားရခဲ့ဘူးဆိုရင်တော့...
ငါ့ကို အမြန်ဆုံးလာတွေ့ပါ...

0 comments:

Post a Comment