Thursday, March 28, 2013

မန်ယူတွင် ကစားသမားဘဝ အဆုံးသတ်ရန် ဗန်ပါစီ မျှော်လင့်



မန်ယူနှင့် (၄)နှစ် စာချုပ်ထားသော ကစားသမားက အသက်အရွယ် ကြီးရင့်ချိန်တွင် အသင်း၌ ဆက်ကစားခွင့် ရမရ မသေချာသော်လည်း အသက်(၃၉)နှစ်ရှိ ရိုင်ယန်ဂစ်၊ အသက်(၃၈)နှစ်ရှိ ပေါလ်စခိုးလ်တို့ ကဲ့
သို့ပင် အသင်းအတွက် ဆက်လက် စွမ်းဆောင်ပေးလိုကြောင်း ဖွင့်ဟ
ခဲ့သည်။

မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ကစားသမားဘဝ အဆုံးသတ်နိုင်
ရန် မျှော်လင့်ကြောင်း တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီက ပြောကြားလိုက်
သည်။ နွေရာသီ ဈေးကွက် အတွင်းကမှ အိုးလ်ထရက်ဖို့ဒ်သို့ ရောက်ရှိ
လာသော အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်းသည် လက်ရှိ အနေ
အထားတွင် မန်ယူနှင့်အတူ ကစားသမား ဘဝ၏ ပထမဆုံး ပရီးမီးယားလိဂ်
ချန်ပီယံဆုကို ဆွတ်ခူးနိုင်ရန် အလားအလာကောင်းများ ရရှိနေပြီ ဖြစ်သည်။

မန်ယူနှင့် (၄)နှစ် စာချုပ်ထားသော ကစားသမားက အသက်အရွယ် ကြီးရင့်ချိန်တွင် အသင်း၌ ဆက်ကစားခွင့် ရမရ မသေချာသော်လည်း အသက်(၃၉)နှစ်ရှိ ရိုင်ယန်ဂစ်၊ အသက်(၃၈)နှစ်ရှိ ပေါလ်စခိုးလ်တို့ ကဲ့
သို့ပင် အသင်းအတွက် ဆက်လက် စွမ်းဆောင်ပေးလိုကြောင်း ဖွင့်ဟ
ခဲ့သည်။

"နောက်ထပ် အနည်းဆုံး နှစ်နည်းနည်းလောက်တော့ မန်ယူမှာ ကျွန်တော် ရှိနေမှာပါ။ ပိုလည်း ကြာနိုင်တယ်။ ပြောရရင် မန်ယူဟာ ကျွန်တော့် ကစားသ
မားဘဝ နောက်ဆုံးအသင်း ဖြစ်လာနိုင်ပါတယ်။ ဥရောပမှာ အတွေ့အကြုံရင့် ကစားသမားကောင်းတွေကို လိုက်ရှာနေတဲ့ အသင်းတွေလည်း ရှိတယ်။ အဲဒီ
လို ကစားသမားတွေကို သူတို့ တန်ဖိုးထားတတ်တယ်။

ဥပမာ ဂျူဗင်းတပ်စ်နဲ့ အေစီမီလန်တို့လိုပေါ့။ မန်ယူဟာလည်း အဲဒီကဏ္ဍမှာ သိပ်ကောင်းတဲ့ ဥပမာ တစ်ခုပါ။ဒါကြောင့်လည်း ကျွန်တော်ဒီမှာဘယ်လောက်
ကြာအောင် ဆက်နေဖြစ်မယ် ဆိုတာကို ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး
လေ"ဟု ဗန်ပါစီက မှတ်ချက်ပြုသွားသည်။

၎င်းက "မန်ယူမှာ ကစားရတဲ့ နေ့တိုင်းက ကျွန်တော့်အတွက် စိန်ခေါ်မှု အသစ်တွေပါပဲ။ ကျွန်တော့် တိုးတက်မှုက အခြေအနေ ကောင်းကောင်း ရှိနေဆဲပါ။ အသင်းဖော်သစ်တွေနဲ့ နည်းပြအဖွဲ့ဝင်သစ်တွေကို ဆက်ဆံရ
တဲ့အခါ လုံးဝ ခြားနားတဲ့ ပတ်ဝန်းကျင် တစ်ခုကို ရောက်လာသလိုပါပဲ။

ကျွန်တော်ကတော့ အသင်းရဲ့ နည်းပြ ရီနီ မြူလန်စတင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို ကြိုက်ပါတယ်။ သူဟာ သီတင်းပတ်တိုင်း ပြိုင်ဘက်ရဲ့ အနေအထားကို မူတည်ပြီး ကစားဟန်ကို ပြောင်းလဲစေတတ်သူပါ။ ဒီအ
ချက်က ကျွန်တော်တို့ အားလုံးကို ပိုပြီး ရင့်ကျက် ကောင်းမွန်လာစေပါ
တယ်"ဟုလည်း ပြောဆိုသွားသည်။

Source: SkySports

0 comments:

Post a Comment