Thursday, March 28, 2013

ချစ်သူဖတ်ဖို့

ချစ်သူ့ထံပါး . . တခမ်းတနား ရေးဖြစ်တဲ့ ကဗျာ
ဝေါဟာရ တွေဟာ ခံစားချက်တွေနဲ့အညီ စီးဆင်းခဲ့
ဘယ္လို သခါၤရတရားကမ်ား . . .
သတိရခြင်းတွေကိုငြိမ်သက်စေလိမ့်မလဲ ။

နင်ရော . . နေမှကောင်းရဲ့လား
သွားရတဲ့ခရီးကရှည် . . လေက ကြမ်း . . လှိုင်းကထန်
ပျံသာပျံပါ . . အချစ်ရယ်
ကောင်းကင်ကကျယ်တယ် . . ။

အိပ်မက်တွေထဲမှာ ခဏခဏလည်းကြယ်တွေကြွေတယ်
ငါလည်း ခဏခဏ ဆုတောင်းခဲ့ရ
ဒီဘ၀ မှာ ချစ်သူအတွက် ပေးဆပ်ခြင်းသက်သက်သာ ဖြစ်ရလို
သူမ . . ဘယ်တော့မှ မငိုပါစေနဲ့ ။

အလွမ်းရယ် မြတ်နိုးခြင်းရယ်
တမေ့တမော သတိရခြင်းတွေ ပေါင်းစုဆုံတဲ့အခါ
ချစ်သူအတွက် ...
အသက်ထက်ဆုံး ဆုတောင်း လို
သူမအတွက် ဘယ်တော့မှ ကောင်းကင်မပြိုပါစေနဲ့ ။




0 comments:

Post a Comment