Thursday, March 28, 2013

တရုတ်ကိုယ်ပျောက်တိုက်လေယာဉ်၏ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်စမ်းသပ်”



တရုတ်နိုင်ငံ၏ ပဟေဠိဆန်သော ကိုယ်ပျောက် ဂျက်တိုက်လေယာဉ် J-20၏ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် စမ်းသပ်သော ဓာတ်ပုံများ အင်တာနက်သို့ ပထမဆုံးအကြိမ် ပျံ့နှံ့လာခဲ့သည်။ အဆိုပါ J-20သည် တရုတ်နိုင်ငံက ကိုယ်ပိုင်ဆောက်လုပ်သည့် အဆင့်မြင့် နည်းပညာသုံး ကိုယ်ပျောက် တိုက်လေယာဉ် ဖြစ်ကာ မဟာဗျူဟာမြောက် ဆန်းသစ်မှု တစ်ခုအဖြစ် ဒေသတွင်း ပြိုင်ဘက်များကို ခြိမ်းခြောက်နိုင်ခဲ့သည်။

အင်္ဂါနေ့ကမူ အဆိုပါ လေယာဉ်၏ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စမ်းသပ်မှု ဓာတ်ပုံများကို အင်တာနက်တွင် စတင် လွှင့်တင်လာခဲ့သည်။ အဆိုပါ ဓာတ်ပုံများကို တရုတ်စစ်ဘက် ဖိုရမ်တစ်ခုဖြစ်သော iissbbs.comတွင် ပထမဆုံးအကြိမ် လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။ အသုံးပြုထားသော ဒုံးကျည်သည် အနီအောက် ရောင်ခြည် အာရုံခံစနစ် ပါရှိသည့် PL-10 အမျိုးအစား မျိုးဆက်သစ် ဒုံးကျည်ဟု ယူဆရသည်။

Read more http://www.planet.com.mm/news/read.cfm/id/21294

0 comments:

Post a Comment