Thursday, March 28, 2013

“ဗြိတိန်မိန်းကလေးငယ်တစ်ဦး ခွေးများ ဝိုင်းဝန်းကိုက်ခဲမှုကြောင့် သေဆုံး”

ဂရိတ်တား မန်ချက်စတာ အရပ်တွင် နေထိုင်သည့် အသက်(၁၄)နှစ်အရွယ် ဂျိတ်အန်ဒါဆန်အား ရိုင်းစိုင်း ဒေါသထွက်နေသော အိမ်မွေးခွေးများက ဝိုင်းဝန်းတိုက်ခိုက်သဖြင့် မိန်းကလေး သေဆုံးသွားသည့် ကိစ္စသည် ဗြိတိန် တစ်နိုင်ငံလုံးကို ခြောက်ခြားသွားစေခဲ့သည်။

ခွေးများကိုက်ခဲမှုကြောင့် သေဆုံးသွားရှာသည့် မိန်းကလေးငယ်အတွက် မိသားစုနှင့် သူငယ်ချင်းများက ကြေကွဲဝမ်းနည်းမှု အထိန်းအမှတ် အခမ်းအနားတစ်ရပ် ကျင်းပခဲ့ကြောင်း သိရှိရသည်။ ယင်း၏ နောက်ဆက်တွဲ ဂယက်အဖြစ် အစိုးရအား အိမ်မွေးတိရစ္ဆာန်ဆိုင်ရာ စည်းမျဉ်းများ ပြန်လည် လေ့လာစီစစ်ပေးရန် တောင်းဆိုမှုများပင် ရှိလာခဲ့သည်။

နေအိမ်တွင် ခွေးမွေးခြင်းနှင့် ပတ်သက်၍ စံနှုန်းများကို ယခင်ကလည်း ဗြိတိန်တွင် အလေးအနက် ဆွေးနွေးဖူးပြီး ယခုအခါ ယင်းကိစ္စ တစ်ကျော့ပြန် အားကောင်းလာဖွယ် ရှိနေသည်။ ဝီဂန်အနီးရှိ အေသာတန်တွင် အိမ်တစ်အိမ်၌ မွေးထားသည့် ခွေး(၅)ကောင်က ဂျိတ်အား ကိုက်ခဲ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/21290

(ပုံတွင် ခွေးကိုက်ခံရသဖြင့် သေဆုံးသွားသည့် ဂျိတ်အန်ဒါဆန်အား သူမ၏မိခင်နှင့်အတူ တွေ့ရစဉ်)

0 comments:

Post a Comment