Friday, June 14, 2013

WIRELESS ချိတ်ဆက်ပြီး ဖိုင်တွေ ရှယ်နိုင်မဲ့ ITWIN






" Wireless ချိတ်ဆက်ပြီး ဖိုင်တွေ ရှယ်နိုင်မဲ့ iTwin "

iTwin ဆိုတဲ့ USB Device ဟာ နက်ဝေါ့ကြိုးမလိုဘဲ ကွန်ပျူတာ နှစ်လုံးရဲ့  USB Port များမှာ ထိုးထား ရုံနဲ့  File များကို လွယ်ကူစွာ မျှဝေနိုင်တဲ့ ပစ္စည်းလေးပါ။

ချိတ်ဆက်နိုင်မှု အကွာအဝေး အနေနဲ့ ကန့် သတ်ချက်မရှိဘဲ မည့်သည့် OS သုံးထားတဲ့ ကွန်ပျူတာကို မဆို ချိတ်ဆက်ပြီး ဖိုင်များကို ပေးပို့ နိုင်ပါမယ်။

Window နဲ့  IOS မတူညီတဲ့ OS နှစ်ခု ရဲ့  ကွန်ပျူတာ အချင်းချင်းလည်း ဖိုင်များ မျှဝေနိုင်မှာပါ။

Device တစ်ခု နဲ့ တစ်ခု Wireless ချိတ်ဆက်ပြီး အသုံးပြုရတယ် ဆိုပေမဲ့ လုံခြုံရေး ကလည်း မြင့်ပါတယ် ။ ဥပမာ မိမိရုံးက ကွန်ပျူတာမှာ ကျန်ခဲ့တဲ့ အရေးကြီး ဖိုင်တစ်ခုကို အိမ်မှာ ရှိတဲ့ ကွန်ပျူတာကနေ လှမ်းချိတ်ပြီး ယူနိုင်ပါတယ်။ အင်တာနက်ကတော့ ရှိဖို့  လိုပါတယ်။ 

ထို USB Device နှစ်ခု နဲ့  ကွန်ပျူတာ နှစ်လုံးကို ချိတ်ဆက်ပြီး USB ထဲမှာပဲ Download ၊ Upload တင်မက ဖိုင်များကိုပါ Edit လုပ်နိုင်မှာ ဖြစ်ပါတယ်။ မျှဝေလို ၊ပေးပို့ လို တဲ့ file များ အတွက် File size ကန့် သတ်ချက်မရှိ ပါဘူး။

USD $ 99 နဲ့  Amazon ဆိုက်မှာ ရောင်းချနေပြီး လုပ်ငန်းသုံး အရေးကြီး ဖိုင်များကို ပေးပို့ လိုတဲ့ အခါ ဖြစ်ဖြစ် ၊ တစ်ကိုယ်ရေ သုံး ဖိုင်များကို ချိတ်ဆက် မျှဝေလိုတဲ့ အခါ ဖြစ်ဖြစ် ဒီ USB Device လေးက အဆင်ပြေနိုင်ပါလိမ့်မယ်။

0 comments:

Post a Comment