Friday, June 14, 2013

မျှတခြင်း(or)ဇိမ်အရှိဆုံး(or) ချစ်သူကို သတိရခြင်း



 

ဒေါသတွေ ထွက်လိုက်တာ...။
လက်သီးကိုလဲ ကျစ်နေအောင် ဆုပ်ထားမိတယ်...။
နှုတ်ခမ်းကိုလဲ ခပ်ဖိဖိလေး ကိုက်ထားမိတယ်..။
ဟုတ်တယ်...။
ညာဘက် အောက်နှုတ်ခမ်းကို ကိုက်ထားမိတယ်...။
လောကကြီးဟာ မတရားဘူး...။လူတိုင်းပြောနေပေမယ့် ကျနော် ထပ်ပြောနေမိတယ်...။
အမှန်ဆိုရင် ခံစားချက်တွေ မျှတ သင့်တယ်...။
အပေးယူတွေလဲ မျှတသင့်တယ်...။
အဝင်အထွက်တွေလဲ မျှတသင့်တယ်....။
တွေးနေမိတယ်...။
ပလေတို ဟာ အချစ်ကို ဂန္ဓဝင်တွင်အောင် ပြောခဲ့တယ်...။
သူကိုယ်တိုင်ရော အဲလိုပဲ ချစ်ခဲ့တာလား..။
ဆက်တွေးမိတယ်...။
ရှေးခေတ်က ဘုရင်တွေဟာ အဲလိုပဲ ကိုယ့်တွေ့ကြုံမှ ယုံကြတာလား...။
လောကမှ ဇိမ်အရှိဆုံးကို စိတ်တိုင်းကျအောင်မဖြေမိလို့ ရာထူးအလျှောခံရတဲ့ အမတ်ကြီးကိုလဲ တွေးမိတယ်..။
တွေးနေရင်းနဲ့ စိတ်တွေ ပိုတိုလာတယ်....။
လက်သီးကိုလဲ ကျစ်နေအောင် ပိုလို့ ဆုပ်မိတယ်...။


ယားးးးးးး
အော်မိတယ်...။
အဲဒီ အချိန်မှပဲ..။
ပလုံ...။ ပလုံ....။
ပလုံ..။
ဟူးးးးးးးးးးးးးး
အခုမှ ပလောကကြီးဟာ မျှတသွားတော့တယ်...။
အခုမှပဲ လောကမှာ ဇိမ် အရှိဆုံးကို ပြောပြတဲ့အမတ်ကြီးကို သတိရမိတော့တယ်..။
အခုမှပဲ ခပ်ဖိဖိ ကိုက်ထားတဲ့ နှုတ်ခမ်းမှာ အပြုံးတဟ်ခု တပ်ဆင်လိုက်နိုင်တယ်..။
ကျစ်နေအောင် ဆုပ်ထားတဲ့ လက်ကတော့ တစ်စုံ တစ်ခုကို လှမ်းယူမိတယ်...။
ဟိုက်....။
သွားပီ...။
တစ်ရှူး မရှိဘူး ..။
အိ
တစ်ရှူးကုန်နေတာ သတိမထားမိလိုက်ဘူးးးး
အဲဒီ အချိန်မှာ ကျွန်ုပ်၏ အချစ်ဆုံးလေးကို သတိရမိလေတော့၏...။

တိန်...။

မှတ်ချက်။  ။ ဒီစာစုလေးကို အစအဆုံး ၂ ခါ ပြန်ရေးလိုက်ရပါတယ်...။ပို့စ်တင်မယ် ဆိုတာ နှိပ်ခါနီးမှ ကွန်ပျူတာကိုက ရှက်လို့ ကြောင်သွားတယ်ထင်တယ်...။ အလိုလို ရီဆတ် အချခံလိုက်ရလို့.. နောက်တစ်ခါ ပြန်ရေးတင်လိုက်ပါတယ်...။
စိတ်တိုခြင်းကို အနိုင်ယူချင်လို့ အတိအကျ ပြန်ရေးတင်ထားတာပါ...။ ရိုင်းပြတာ မဟုတ်ဘူးနော်...။
ဟဲဟဲ
လူတိုင်း အိမ်သာထဲမှာ ဒီလိုပဲ တောင်ရောက်မြောက်ရောက် အတွေးတွေနဲ့ လောကကြီးမျှတ နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....။ အမြဲပဲ တစ်ရှူး ကုန်နေခြင်းမှ ကင်းဝေးပါစေ...
( အနော်ကတော့ ချစ်သူလေး လာမပေးလို့ ဟိဟိ ခြေအိတ်..။)

ပြုံးစေချင်တာ ရည်ရွယ်ချက်ပါ...

0 comments:

Post a Comment