Friday, June 14, 2013

နင့် ကို အရမ်းချစ်နေမိတဲ့ ငါလေ ........



ဘယ်သူ့ ကိုမှ နင်နဲ့ ပါတ်သက်ရင် မယုံကြည်ချင်သလို
သ၀န်တိုတတ်တဲ့ စိတ်တွေလဲ တိုးလာတယ် ချစ်သူ

နင့် ကို အရမ်းချစ်နေမိတဲ့ ငါလေ........
ဘယ် အရာကိုမှမမျှော်လင့်ပါဘူး နင့်အချစ်တွေကို
ငါတစ်ယောက်အတွက်ပဲ ရှိနေမယ်ဆို ငါ ကျေနပ်ပါတယ် ချစ်သူ

နင့် ကို အရမ်းချစ်နေမိတဲ့ ငါလေ.........
နင့်ကို တစ်နေ့ နေ့ မှာဆုံးရှုံးလိုက်ရမလားဆိုတဲ့ ကြောက်စိတ်တွေနဲ့ 
အချိန်တိုင်း စိုးရိမ်နေရတယ်ဆိုတာ နင်သိနိုင်မလား ချစ်သူ........

နင့် ကို အရမ်းချစ်နေမိတဲ့ ငါလေ........
နင်တစ်ယောက် သာ ငါ့အနားရှိနေမယ်ဆိုရင် ဘာကိုမှမလိုအပ်တော့
လောက်အောင် ပြည့်စုံနေတတ်တယ် ချစ်သူ

သိပ်ချစ်ရတဲ့ ချစ်သူရယ်........ငါ့အချစ်တွေကို နားလည်ပေးရင်း
ငါ့ အနားမှာပဲ အမြဲထာဝရရှိနေပေးပါနော်.......... အရမ်းချစ်တယ်



khin myo aye

0 comments:

Post a Comment