Sunday, June 16, 2013

နိုင်ငံကူးလက်မှတ်မရှိလည်း သံရုံးမှ C of I ပါရှိပါက မလေးပြန်များအား အရေးယူမည်မဟုတ်

နိုင်ငံကူးလက်မှတ်ပျောက်သွားပြီး မြန်မာနိုင်ငံသို့ ပြန်လာချင်သည့် မလေးရှားရောက် မြန်မာနိုင်ငံသားအလုပ်သမားများကိစ္စရပ်နှင့် စပ်လျဉ်း၍ မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင် Certificate of Identity (C of I)ဟုခေါ်သည့် မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက်ပါရှိပါက အရေး ယူမှုများပြုလုပ်မည်မဟုတ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မြင့်၏ ပြောကြားချက်အရ သိရသည်။

“တကယ်တော့ နိုင်ငံကူးလက်မှတ်စာအုပ်က အစစ်ဖြစ်ပြီး သံရုံးတံဆိပ်က အတုဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံကို ပြန်မလာရဲဘဲ အရေးယူခံရ မှာ ကြောက်နေတာပေါ့။ တကယ်တော့ အဲဒီလိုမျိုး မလုပ်ပါဘူး။ အမှန်က ပတ်စပို့ကလည်းအတု သံရုံးတံဆိပ်ကလည်း အတုဖြစ်နေမှသာ အရေးယူတာပါ”ဟု ၎င်းက ပြောကြားသည်။

သို့သော် ယင်းသို့ အထောက်အထားအကုန်လုံး အတုဖြစ်နေပြီး လက်ဝယ်တွင်ကိုင်ဆောင်ထားပါက ထောင်ဒဏ်အဖြစ် ၆ လ ကျခံရမည်ဖြစ် ကြောင်း သိရပြီး ပတ်စပို့စာအုပ်မှာ အစစ်ဖြစ်နေပြီး သံရုံးတံဆိပ်တုံးမှာ အတုဖြစ်နေပါက သိမ်းဆည်းမည်ဖြစ်ကြောင်းနှင့် နောင်တချိန်တွင် ပြန်လည်၍ နိုင်ငံကူးလက်မှတ်လျှောက်ထားမည်ဆိုသည့်အချိန်မှသာ အခွန်ကိစ္စများ ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား နှစ်သိန်းခြောက်သောင်းခန့် အလုပ် လုပ်ကိုင်နေကြပြီး ၎င်းတို့အထဲမှ တစ်သိန်းခွဲခန့်သည် တရားမဝင် လာရောက်လုပ်ကိုင်နေသူများဖြစ်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့ခေတ်

0 comments:

Post a Comment