Friday, May 17, 2013

မောင်းသူမဲ့ နည်းပညာကို အသုံးပြု ထားပြီး ခရီးဝေး ပျံသန်းနိုင်သည့် အပြင် ပျံသန်းမှုတွင် သမိုင်း တွင်စေမည့် တိုက်လေယာဉ် အရွယ်အစားရှိ လင်းနို့ပုံစံ မောင်းသူမဲ့ လေယာဉ် တစ်စင်းကို အမေရိကန် ရေတပ်က မေ ၁၄ ရက်တွင် ပထမဆုံး အကြိမ်အဖြစ် စမ်းသပ် ပျံသန်းခဲ့ကြောင်း ကာကွယ်ရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင် များက ပြောကြားခဲ့သည်။ X-47 B အမည်ရှိ အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် ပဲ့ထိန်း ဗုံးနှစ်လုံးနှင့် ပမာဏ တူညီသော လက်နက်ခဲယမ်း များကို သယ်ဆောင်နိုင်ပြီး တစ်ကြိမ် ပျံသန်းလျှင် ရေမိုင် ၂၀၀၀ အထိ ပျံသန်းနိုင်သည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ်ကို အတ္တလန်္တိတ် သမုဒ္ဒရာ အတွင်းရှိ USS George H.W. Bush သင်္ဘောပေါ်မှ ပျံသန်းခဲ့ခြင်း ဖြစ်သည်။ X-47 B မောင်းသူမဲ့ လေယာဉ်သည် ကိုယ်ပျောက်နိုင်စွမ်း ရှိပြီး F-35 အမျိုးအစား တိုက်လေယာဉ်များ ပျံသန်းနိုင်သည့် အကွာအဝေးထက် နှစ်ဆနီးပါး ပျံသန်းနိုင်စွမ်း ရှိသည်။ ထို့ပြင် တရုတ်နှင့် အီရန် နိုင်ငံကဲ့သို့ အင်အားကြီး ပြိုင်ဘက် နိုင်ငံများက ထုတ်လုပ်ထားသော တာလတ်ပစ် သင်္ဘောဖျက် ဒုံး၏ ခြိမ်းခြောက်မှု အန္တရာယ်ကို တုံ့ပြန်နိုင်မည့် အလားအလာ ရှိကြောင်း ကျွမ်းကျင်သူ များက ပြောကြားခဲ့သည်။ အဆိုပါ လေယာဉ်သည် တာဝေးအထိ ပစ်ခတ် တိုက်ခိုက်နိုင်စွမ်း ရှိသည့်အပြင် ကင်းလှည့် ထောက်လှမ်းခြင်းများ ကိုလည်း လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု သိရသည်။ မောင်းသူမဲ့ နည်းပညာကို အသုံးပြု ထားပြီး ခရီးဝေး ပျံသန်းနိုင်သည့် အပြင် ပျံသန်းမှုတွင် သမိုင်း တွင်စေမည့် တိုက်လေယာဉ် အရွယ်အစားရှိ လင်းနို့ပုံစံ မောင်းသူမဲ့ လေယာဉ် တစ်စင်းကို အမေရိကန် ရေတပ်က မေ ၁၄ ရက်တွင် ပထမဆုံး အကြိမ်အဖြစ် စမ်းသပ် ပျံသန်းခဲ့ကြောင်း ကာကွယ်ရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင် များက ပြောကြားခဲ့သည်။ X-47 B အမည်ရှိ အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် ပဲ့ထိန်း ဗုံးနှစ်လုံးနှင့် ပမာဏ တူညီသော လက်နက်ခဲယမ်း များကို သယ်ဆောင်နိုင်ပြီး တစ်ကြိမ် ပျံသန်းလျှင် ရေမိုင် ၂၀၀၀ အထိ ပျံသန်းနိုင်သည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ်ကို အတ္တလန်္တိတ် သမုဒ္ဒရာ အတွင်းရှိ USS George H.W. Bush သင်္ဘောပေါ်မှ ပျံသန်းခဲ့ခြင်း ဖြစ်သည်။ X-47 B မောင်းသူမဲ့ လေယာဉ်သည် ကိုယ်ပျောက်နိုင်စွမ်း ရှိပြီး F-35 အမျိုးအစား တိုက်လေယာဉ်များ ပျံသန်းနိုင်သည့် အကွာအဝေးထက် နှစ်ဆနီးပါး ပျံသန်းနိုင်စွမ်း ရှိသည်။ ထို့ပြင် တရုတ်နှင့် အီရန် နိုင်ငံကဲ့သို့ အင်အားကြီး ပြိုင်ဘက် နိုင်ငံများက ထုတ်လုပ်ထားသော တာလတ်ပစ် သင်္ဘောဖျက် ဒုံး၏ ခြိမ်းခြောက်မှု အန္တရာယ်ကို တုံ့ပြန်နိုင်မည့် အလားအလာ ရှိကြောင်း ကျွမ်းကျင်သူ များက ပြောကြားခဲ့သည်။ အဆိုပါ လေယာဉ်သည် တာဝေးအထိ ပစ်ခတ် တိုက်ခိုက်နိုင်စွမ်း ရှိသည့်အပြင် ကင်းလှည့် ထောက်လှမ်းခြင်းများ ကိုလည်း လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု သိရသည်။
မောင်းသူမဲ့ နည်းပညာကို အသုံးပြု ထားပြီး ခရီးဝေး ပျံသန်းနိုင်သည့် (7 photos)

0 comments:

Post a Comment