Monday, May 27, 2013

နိုင်ငံကူးလက်မှတ် လျှောက်ထားမှု အဆင့်များ ဖြေလျှော့ပြီးနောက်ပိုင်း လျှောက်ထားသူ များပြား


နိုင်ငံကူးလက်မှတ် လျှောက်ထားမှု အဆင့်များအား ဖြေလျှော့ပေးပြီး နောက်ပိုင်းတွင် နေ့စဉ်နိုင်ငံကူးလက်မှတ် လျှောက် ထားသူ များပြားလာကြောင်း မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ သိရသည်။နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများကို မတ် ၁၉ ရက်မှ စတင်ဖြေလျှော့ပေးခဲ့ပြီး ယခုအချိန်တွင် တစ်နေ့လျှင် လာရောက် လျှောက်ထားသူ ပျမ်းမျှလူဦးရေ ၂၈၄ ယောက်ခန့် တိုးပွားလာသည်ဟု သိရသည်။"နိုင်ငံကူးလက်မှတ်ကို မတ် ၁၉ ရက်ကစတင်ပြီးဖြေလျှော့ပေးလိုက်တယ်။ညာရေးကင်းရှင်းကြောင်း ထောက်ခံချက် မလိုတော့ဘူးဆိုတော့ လျှောက်တဲ့သူတွေက အရင်ကလို အလျော်ပေးရတာတွေ မရှိတဲ့အတွက် ပိုပြီးတော့ လျှောက်ထားကြတယ်။ အခုဆိုရင် တစ်နေ့ကို ၁၂၀၀ လျှောက်ကြတယ်။ အရင်ကဆို တစ်ထောင်ဝန်းကျင်လောက်သာ လာလျှောက်တာ။ အခုဆိုရင် တစ်နေ့ကို ပျမ်းမျှ ၂၈၄ ယောက်ခန့် တိုးလာတယ်" ဟု မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ယခုကဲ့သို့ ဖြေလျှော့မှုများ လုပ်ပြီးနောက်ပိုင်းတွင် နိုင်ငံကူးလက်မှတ် ရရှိရန် ၁၀ ရက်ခန့်သာ ကြာရှိပြီး၊ ကျန်းမာရေး၊ ပညာရေးကဲ့သို့ အရေးပေါ် လိုအပ်သူများအတွက် ငါးရက်နှင့် အမြန်ပြုလုပ်နိုင်ကြောင်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားသူ အများစုမှာ ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံများကို အဓိကထားပြီး လျှောက်ထား ကြောင်း သိရသည်။နိုင်ငံကူးလက်မှတ် လျှောက်ထားရာ၌ ပညာရေး ထောက်ခံချက် ငွေကြေးအလျော်ပေးရမှုများတွင် ၀ိဇ္ဇာသိပ္ပံဘွဲ့များအတွက် ကျပ် ၁၀၀၀၀ ၀န်းကျင်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့များအတွက် ၁၂၀၀၀ ကျပ်၊ ဆေးပညာဆိုင်ရာ ဘွဲ့များ အတွက် ကျပ်ဆယ်သိန်းအထိဖြစ်ပြီး ယခုအခါ ထိုသို့ပေးဆောင်ရန် မလိုအပ်တော့ကြောင်း သိရသည်။ပြည်ပသို့ ထွက်ခွာသူများအားလုံး (အခွန်ကြွေးကျန် ရှိသူများမှအပ) အနေဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်း ပုံစံ (ဂ) ပထခ(၀င)-၁၂(ပုံစံ-၁၉) ထောက်ခံချက်နှင့် ပြည်ပသို့ ထွက်ခွာမည့်သူများသည် ပြည်ပထွက်ခွာခွင့် ပုံစံ (ဃ)တို့ကို မတ် ၁၅ ရက်မှ စတင်၍ ဖြည့်စွက်လျှောက်ထား တောင်းခံရန် မလိုတော့ကြောင်းလည်း သိရသည်။

0 comments:

Post a Comment