Friday, May 17, 2013

စမတ်ဖုန်းနှင့် တွဲဖက် အသုံးပြုနိုင်ပြီး စာပေးပို့ရာတွင် အနံ့များ ထည့်သွင်းပေးပို့ နိုင်သော Scentee ကိရိယာ

စမတ်ဖုန်းနှင့် တွဲဖက် အသုံးပြုနိုင်ပြီး မိတ်ဆွေများထံသို့ စာရေးသား ပေးပို့ရာတွင် အနံ့များ ထည့်သွင်း အသုံးပြုနိုင်သော ကမ္ဘာ့ ပထမဆုံး Scentee ကိရိယာကို ဂျပန် ကုမ္ပဏီတစ်ခု ဖြစ်သည့် Chat- Perf ကုမ္ပဏီက ပွဲဦးထွက်ထုတ် ဖော်ပြသခဲ့ကြောင်း သိရသည်။

အသုံးပြုသူများ အနေဖြင့် ရုပ်ရှင် ကြည့်ခြင်း သို့မဟုတ် ဂိမ်းကစားခြင်း များကိုပြုလုပ်စဉ် သေနတ်ပစ်ဂိမ်း ကစားသည့်အခါ ယမ်းနံ့ကဲ့သို့သော အနံ့များကို ထုတ်လုပ်ပေးနိုင်ကြောင်း အဆိုပါ ကုမ္ပဏီက ပြောကြားသည်။

အလားတူ လူမှုရေး ကွန်ရက်မှ တစ်ဆင့် မိတ်ဆွေ သူငယ်ချင်းများ ထံသို့ စာပေးပို့ရာတွင် အနံ့များကို ထည့်သွင်း၍ အသုံးပြုနိုင်သည့် အပြင် e-mail ရောက်ရှိသည့် အခါတွင်လည်း အချက်ပေးသည့် အသံစနစ် အတွင်းသို့ အနံ့များ ထည့်သွင်းရာတွင်လည်း အသုံးပြုနိုင် ကြောင်း ကုမ္ပဏီမန်နေဂျာ အာကီရာ မာဂျီက ပြောကြားသည်။

Scentee ကိရိယာသည် ဂိမ်းများကို ကစားရာတွင် အသုံးပြုနိုင်ပြီး Candy Crush Saga ကဲ့သို့သော ဂိမ်းများကစား ရာတွင်လည်း ချိုမြသော အနံ့များ ထုတ်လွှင့်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

ယင်းကိရိယာကို Apple ကုမ္ပဏီထုတ် iPhone များတွင် တပ်ဆင်အသုံး ပြုနိုင်ပြီး ယင်းဖုန်းများတွင် အသုံးပြုရန် အတွက် Android စနစ်သုံး Scentee ကိရိယာကို စက်တင်ဘာလတွင် ထုတ်လုပ် ဖြန့်ချိနိုင် မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

မြဝတီ

0 comments:

Post a Comment