Tuesday, August 13, 2013


  • တစ်နေ့ကပြည်တွင်း FM တစ်ခုမှာ ကလေးမလေးတစ်ယောက်က မော်ဒယ်အပျိုကြီးမတင်မိုးလွင်ဆီကို ဖုန်းနဲ့ ဆက်ပြီး...ခန္ဓာကိုယ်ထိန်းသိမ်းနည်းတွေ မေးနေတာကို ကြားလိုက်ရတယ်...ခေါင်းကအစ ခြေမအဆုံး ဘယ်လိုပြုပြင်ပြီးနေထိုင်ရင် ဘယ်လို အလှမျိုးပေါ်လွင်မလဲ..ဘယ်လိုအလှဆင်ပြီးနေရမလဲ..ဘယ်လိုအ၀တ်အစား..ဘယ်လိုအစားအစာ..စသဖြင့်ပေါ့လေ...မေးနေလိုက်တာ..စုံလို့ပါပဲ.......................

  • ဦးဇင်း FB ထဲမှာ ရှိကြတဲ့ ကောင်လေး ကောင်မလေးတွေလည်း အလှဆင်နည်းလေးတွေ သိချင်ကြမှာပဲထင်လို့...ဦးဇင်းက မတင်မိုးလွင်နဲ့ ဗားရှင်းမတူတဲ့ အလှဆင်နည်းလေးတွေကိုတင်ပေးလိုက်ပါတယ်.....

  • ၁။ ။ ဦးခေါင်းကို ဘုရား တရား သံဃာ ရတနာသုံးပါးဖြင့် အလှဆင်ပါ။ (ကမ္ဘာကျော်တဲ့ ခေါင်းလိမ်းဆီကိုလိမ်း..ကမ္ဘာကျော်တဲ့ ခေါင်းလျှော်ရည်နဲ့လျှော်ပြီး သိန်းထောင်ချီတဲ့ ရွှေသရဖူကိုပင် ဆောင်းနေစေဦး..ရတနာသုံးပါးမရှိခိုး မဦးခိုက်ပဲ ဘာသာစိတ် သာသနာစိတ် ကိုခေါင်းထဲမထားပဲ.. လူမှုရေး စီးပွါးရေး ကာမဂုဏ်တွေနဲ့ပျော်ပါးရေး.. ဒါမျိုးတွေကိုပဲ ခေါင်းထဲမှာထားနေရင်..အဲဒီခေါင်းဟာ..အပြင်းပန်းက ဘာနဲ့ပြင်ပြင် ဘယ်လောက်လှလှ...တကယ့်အလှစစ်ကိုတော့မရသေးဘူး..လို့မှတ်ထားပါ။)

  • ၂။ ။နားကို တရားနာခြင်း စာပေဗဟုသုတတိုးပွါးဘို့ရာအတွက် စာပေစကားကိုနားထောင်ခြင်းဖြင့် 
  • အလှဆင်ပါ။ 
  • (ဘုရားစကား တ၇ားစကား သံဃာတော်တွေရဲ့စကားကိုလည်းနားမထောင် ဆရာမိဘလူကြီးသူမတွေရဲ့စကားကိုလည်း နားမထောင်ဘူးဆိုရင် ကမ္ဘာကျော်ပြီး တန်းဘိုးကြီးတဲ့ စိန်တို့ ရွှေတို့ မွှန်းချယ်ထားတဲ့နားကပ်ကြီးနဲ့ အလှဆင်ထားပါစေဦး အဲဒီနားဟာ..အပြင်ပန်းက ဘာနဲ့ပြင်ပြင် ဘယ်လောက်လှလှ တကယ့်အလှစစ်ကိုတော့ မရသေးဘူးလို့ မှတ်ထားပါ။)

  • ၃။ ။ ပါးစပ်ကို သစ္စာစကား (အမှန်စကား) ကိုပြောကြားခြင်းဖြင့် အလှဆင်ပါ။
  • (လူတိုင်းကို အမှန်စကားမပြောကြားပဲ..အမြဲတမ်းလို လိမ်နေ ညာနေတဲ့ ဒီပါးစပ်ကို ပြည်ပက ကမ္ဘာကျော်သွားတိုက်ဆေးနဲ့ပဲတိုက်တိုက် ပြည်တွင်းက နိုင်ငံကျော်သွားတိုက်ဆေး နဲ့ပဲတိုက်တိုက် ငွေတတ်နိုင်လို့ ရွှေသွားလေးတွေ ငွေသွားလေးတွေပင် စိုက်ထားပြီး အာခံတွင်းနံ့မွှေးစေတဲ့ ရေမွှေးစွတ်ကာ တန်ဘိုးကြီးနှုတ်ခမ်းနီပင်ဆိုးထားပါစေဦး..
  • အဲဒီပါးစပ်ဟာ..အပြင်ပန်းက ဘာနဲ့ပြင်ပြင် ဘယ်လောက်လှလှ တကယ့်အလှစစ်ကိုတော့ မရသေးဘူးလို့ မှတ်ထားပါ။)

  • ၄။ ။လက်ကို ဒါနဖြင့်အလှဆင်ပါ။
  • (မိမိရှိပစ္စည်းဥစ္စာကို ဒီလက်နဲ့ လှူဒါန်းမှုလည်းမပြု ကိုယ့်ထက်အဆမတန်ဆင်းရဲတဲ့ မရှိဆင်းရဲသားတို့ကိုလည်း စွန်းကျဲမှုလည်းမပြုဘဲ ...တန်ဘိုးကြီးပြီးကမ္ဘာကျော်တဲ့ပလက်တီနန် ရွှေ ငွေ လက်စွပ် လက်ကောက် ဟန်းချိန်း အမျိုးမျိုးကို လက်ဖျားကနေ လက်မောင်းရင်းထိပင် ဆင်ထားပါစေဦး...လက်သည်းနီလှလှလေးတွေလည်း ဆိုးထားပါစေဦး အဲဒီလက်ဟာ..အပြင်ပန်းက ဘာနဲ့ပြင်ပြင် ဘယ်လောက်လှလှ တကယ့်အလှစစ်ကိုတော့ မရသေးဘူးလို့ မှတ်ထားပါ။)

  • ၅။ ။ ခန္ဓာကိုယ်ကို သီလဖြင့် အလှဆင်ပါ။
  • (မိမိခန္ဓာကိုယ်ကို အိပ်လိုက် စားလိုက် ငါးပါးအာရုံ ကာမဂုဏ်မှီဝဲလိုက်နဲ့ပဲ...အသုံးချပြီး အချိန်ကုန်နေရင်..အလုပ်မဖြစ်သေးဘူး...ဘော်ဒီမတောင့်လို့ စိတ်မညစ်နဲ့ အရေးမကြီးဘူး..သွယ်လျပြီးဆွဲဆောင်မှုမရှိလို့ စိတ်မပျက်နဲ့ အရေးမကြီးဘူး...အရပ်ပုလို့ ပိန်နေလို့ အလွန်ဝနေလို့...စိတ်မကောင်းမဖြစ်နဲ့ ကိစ္စမရှိဘူး...အရေးကြီးတာ..ကိုယ်ကျင့်သီလကောင်းဘို့ပဲ...)

  • (အား .....ရေးရတာ..လက်လည်းတော်တော်ညောင်းသွားပီ....အင်းပေါ့လေ..အသိလေး နည်းနည်းလောက်ရသွားရင်ကိုပဲ...ခုလိုနွေရာသီပူပူမှာ...ရေအေးလောက်တစ်ခွက်လောက် သောက်လိုက်ရသလို ရင်ထဲမှာ အေးပြီး..စိတ်ချမ်းသာမိမှာ..အမှန်ပါပဲ...။)

  • မေတ္တာဖြင့် ဦးဇောတိက သာသနဓဇ ဓမ္မာစရိယ (စစ်ကိုင်း) 

0 comments:

Post a Comment