Thursday, August 15, 2013

မစ္စတာကင်တားနား လူကြီးလူကောင်း ပီသပါ



မစ္စတာ သောမတ်အိုဟေး ကင်တားနားကို စတင်သိရှိခဲ့သည်မှာ ၂ဝဝ၉-ခုနှစ် ဖေဖော်ဝါရီလမှာ ဖြစ်သည်။ ထိုစဉ် က စစ်အစိုးရခေတ်၊ အာဏာရှင်ခေတ်- ခေတ်ဆိုး- ခေတ်ယုတ်- စနစ်ဆိုး- စနစ်ယုတ်။
မစ္စတာ ကင်တားနား လာမည်ဟု သတင်းကြားရတော့ မန္တလေးအိုးဘိုထောင် တစ်ထောင်လုံး ပျော်ရွှင် သွားသည်။ အားတက် သွားသည်။ အားကိုးကြသည်။ ယုံကြည်ကြသည်။ လေးစားကြသည်။ ကြည်ညိုကြ သည်။ မစ္စတာကင်တား နားကား ကျနှုပ်တို့အားလုံးအတွက် မြက်တစ်ပင်။

အားကိုးရကျိုးနပ်သည်။ ယုံကြည်ရကျိုးနပ်သည်။ မစ္စတာကင်တားနားကြောင့် ရွှေဝါရောင် အဓမ္မ အကျဉ်း သား အချို့ လွတ်မြောက်ကြသည်။ နှစ်ကြီးသမားများ အယူခံတွေအောင်ကြသည်။ အယူခံအောင်၍ နှစ်လျော့ သွားသည့် ထဲတွင် လူရွှင်တော် ဇာဂနာ (ကိုကတုံး) လည်း ပါသည်။ လွတ်မြောက် သွားသူများ တွင် သက်ကြီး ဝါကြီး သီလရှင်ဆရာကြီးလည်းပါသည်။ မစ္စတာ ကင်တားနားသည် ကျနှုပ်တို့ အကျဉ်း သား များ အတွက် ဘုရားသခင်။

မစ္စတာကင်တားနား ခရီစဉ်အတွင်းမှာပင် ကျနှုပ်ထံ ထောင်ဝင်စာအမြဲလာတွေ့နေသော တပည့် မောင်ဝင်း ညွန့်နှင့် တူမ မသောင်းသောင်းတို့ မောင်နှံစုံတွဲမှ

http://mmforward.blogspot.com/2013/08/blog-post_2289.html

0 comments:

Post a Comment