Tuesday, August 13, 2013

တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကဲ့သို့အန္တရာယ်ဖြစ်စေတတ်သော အမွှေးတိုင်အငွေ့

  • မွှေးကြိုင်လွန်းသော အမွှေးတိုင် ရနံ့က အဆောက်အဦအတွင်း၌သာမ ဟုတ်ဘဲ လေဟာနယ်၌ ရှူရှိုက်မိခြင်း ဖြင့်ပင် အသက်ရှူသွင်းထုတ်စနစ် ကို ဒုက္ခပေးနိုင်သည်။ အမွှေးတိုင်တွင် ပါဝင်သော အမျိုးအမယ်စုံသည့် ဓာတုပစ္စည်းများမှ ဆက်နွယ်ဖြစ်ပေါ် လာသော အနံ့က ဆေးရွက် ကြီး၊ ဆေး လိပ်တို့ကို တစ်ဆင့်ခံရှူရသည် နှင့် ထပ်တူထပ်မျှ ကျန်းမာရေးဆိုး ကျိုးကို ရရှိစေသည်။
  • ယင်းအခိုးအငွေ့ တွင်ကာဗွန်မော့နော့ဆိုဒ်၊ နိုက်ဒြို ဂျင်ဒိုင်အောက်ဆိုဒ်၊ ဆာလ်ဖာဒိုင် အောက်ဆိုဒ်နှင့် အငွေ့ပြန်လွယ် သော ဇီဝဒြပ်ပေါင်းတို့ပါ ဝင်ပြီး ယင်း နှင့်ဆက်နွယ်၍ ခေါင်းကိုက်ခြင်း၊ အဆုတ်၊ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါများ၊ ကင်ဆာ၊ အသည်းပျက်စီးခြင်း၊ အကြောရောဂါ များဖြစ်လာစေသည်။
  • လေဝင်လေထွက်မကောင်း ခြင်း၊ လေထု ညစ်ညမ်းမှုဆိုင်ရာ လက္ခဏာ များ ဖြစ်စေတတ်သဖြင့် မရှောင်သာသည့် အခြေအနေမျိုးကြုံ ရပါက ရေ များများသောက်ပါ။ သစ် သီးများစားပါ။ လတ်ဆတ်သော လေ ကို ရှူသွင်း၊ ရှူထုတ်လေ့ကျင့်ခန်း များပြုလုပ်ပါ။

0 comments:

Post a Comment