Wednesday, August 14, 2013

မုတ္တမ ရေလယ်ကျွန်းမြေ တစ်ဧက သိန်း တစ်ရာကျော် ဈေးပေါက်



  • မွန်ပြည်နယ် အစိုးရက ဟိုတယ် ဆောက်လုပ်ခွင့် ပြုထားသော မုတ္တမနှင့် မော်လမြိုင်မြို့ကြား သံလွင်မြစ်ကြောင်းအတွင်း ရေလယ်ကျွန်း များသည် တစ်ဧက ကျပ် သိန်းတစ်ရာကျော်နှင့် အရောင်း အဝယ် ဖြစ်နေကြောင်း အဆိုပါကျွန်း ရောင်းချထားသူများထံမှ သိရှိရသည်။
  • မုတ္တမ ဟိုတယ်ဇုန် အနီးရှိ ဆင်တိုက်ကျွန်း၌ သြဂုတ်လ ဒုတိယပတ် တွင် နေပြည်တော်မှ အမည် မဖော်လိုသူ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက တစ်ဧကကို ကျပ် ၁၂၅ သိန်းပေးပြီး ရှစ်ဧကခန့် ဝယ်ယူသွားကြောင်း မုတ္တမ မြို့ခံများက ပြောကြားသည်။
  • အဆိုပါ ကျွန်းများတွင် ဟိုတယ် ဆောက်လုပ်ခွင့် ပြုကြောင်း မွန်ပြည်နယ် အစိုးရက ထုတ်ပြန် ကြေညာပြီးနောက် မြေ တစ်ဧကကို ကျပ် သိန်းလေးဆယ်မှ ကျပ် သိန်းတစ်ရာကျော်ထိ ဈေးပေါက်ခဲ့ သည်။
  • မုတ္တမနှင့် မော်လမြိုင်မြို့ကြားရှိ သံလွင်မြစ်ကြောင်း တစ်လျှောက်တွင် ဧက လေးဆယ်ကျော် ကျယ်ဝန်းသည့် ကျွန်းပေါင်း ၁၀ ကျွန်း ရှိကြောင်း ကျွန်းပိုင်ရှင် တစ်ဦးဖြစ်သူ ဒေါက်တာသန်းဦးက ပြောကြားသည်။
  • အဆိုပါ ကျွန်းများကို ဂျပန်၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့မှ ဟိုတယ် လုပ်ငန်းစုများ ကလည်း လာရောက် ဝယ်ရန် လေ့လာမှုများ ပြုလုပ် ခဲ့ကြောင်း မော်လမြိုင် မြို့မှ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ဆိုသည်။ 
  • မွန်ပြည်နယ် မုတ္တမ တောင်တန်း အရှေ့ဘက်ခြမ်းနှင့် ရေလယ်ကျွန်း အချို့ ကို ပြည်နယ် အစိုးရက ဇွန်လအတွင်း ဟိုတယ်ဇုန် တည်ဆောက်ခွင့် ပေးခဲ့ သည်။

0 comments:

Post a Comment