Friday, August 1, 2014

တောင်ပြာတန်းယာဉ်မီးလောင်မှုတွင် သေဆုံးသူများအား ကျပ်သိန်း ၃၀ စီပေး


တောင်ပြာတန်းယာဉ် မီးလောင်မှုဖြစ်စဉ်တွင် သေဆုံး သွားသည့် ခရီးသည် ခုနစ်ဦးအား အသက်အာမခံကြေးနှင့် နစ်နာ ကြေးအပါအ၀င် စုစုပေါင်း ကျပ် သိန်း ၃၀ စီပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။
တောင်ပြာတန်းယာဉ်လိုင်း ဖြစ်စဉ်တွင် သေဆုံးသွားသူများ အား အသက်အာမခံကြေးပေး ဆောင်ရာတွင် ဖြစ်စဉ်ဖြစ်ပွားပြီး လေးလအကြာ၌ ပေးဆောင်ခဲ့ ခြင်းဖြစ်သည်။ ဇူလိုင် ၃၁ ရက် တွင် တောင်ပြာတန်းယာဉ်လိုင်း နှင့် ခရီးသွားအာမခံလုပ်ငန်းတို့က သေဆုံးသူများ၏ မိသားစုဝင်များ ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူခုနစ်ဦးအား ခရီး သွားအာမခံလုပ်ငန်းက တစ်ဦး လျှင် အသက်အာမခံကြေးအ တွက် ကျပ် ၁၀ သိန်း၊ ခရီးသွား နစ်နာကြေးအတွက် ကျပ်ငါးသိန်း နှင့် တောင်ပြာတန်းယာဉ်လိုင်းက နစ်နာကြေးအဖြစ် သေဆုံးသူ တစ်ဦးလျှင် ကျပ် ၁၅ သိန်းအသီး သီးပေးအပ်ခဲ့ခြင်းဖြစ်သည်။
‘‘ဒီနေ့ပဲ တောင်ကြီးမြို့မှာ ပေးအပ်ခဲ့ပါတယ်။ သေဆုံးသွား တဲ့သူတွေ တစ်ဦးကို ကျပ်သိန်း ၃၀ စီပေးခဲ့ပါတယ်။ အသက် အာမခံကြေးက ၁၀ သိန်းပါ။ ကျွန်တော်တို့ယာဉ်လိုင်းက ၁၅ သိန်းပေးခဲ့ပါတယ်’’ဟု တောင်ပြာတန်းခရီးသည်ယာဉ်လိုင်းပိုင်ရှင် တစ်ဦးဖြစ်သူ ဦးကျော်ဦးကပြော သည်။
‘‘တောင်ပြာတန်းယာဉ်လိုင်း ကို အရေးယူမှုတစ်စုံတစ်ရာ ဘာ လို့မလုပ်တာလဲဆိုတာ သိချင်ပါ တယ်။ ရာဇာမင်းယာဉ်လိုင်းကို အရေးယူသလိုတောင်ပြာတန်း ယာဉ်လိုင်းကိုလည်း အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်စေချင်ပါ တယ်။ ကျွန်တော့်သမီးလေးဆို ကိုးနှစ်ပဲရှိသေးလို့ အသက်အာမ ခံကြေးမလုပ်တော့မရဘူး’’ဟု တောင်ပြာတန်းယာဉ်မီးလောင်မှု ဖြစ်စဉ်တွင် ၎င်း၏ သားနှင့် သမီး ဆုံးရှုံးခဲ့သူ ဦးစိန်လှိုင်ကပြော သည်။
ဧပြီ ၁၂ ရက်က တောင်ပြာ တန်းခရီးသည်တင်ယာဉ်သည် ချီဇာ(Chaser) အဖြူရောင် ဆလွန်းကားတစ်စီးကို ၀င်တိုက် ရာ ဆလွန်းကားငယ်မှ ဆီတိုင်ကီ ပေါက်၍ မီးလောင်မှုဖြစ်စဉ်တွင် ဆလွန်းကားငယ်ပေါ်မှ လိုက်ပါ လာသူ ခြောက်ဦးနှင့် တောင်ပြာ တန်းခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသူ စုစုပေါင်း ၁၃ ဦး မီးလောင်သေဆုံးခဲ့သည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် မီးလောင်သွားသော တောင်ပြာတန်းခရီးသည်တင်ယာဉ် (ဓာတ်ပုံ− yeyintnge.com)
7Day Daily

0 comments:

Post a Comment