Thursday, March 28, 2013

“ဗြိတိန်မိန်းကလေးငယ်တစ်ဦး ခွေးများ ဝိုင်းဝန်းကိုက်ခဲမှုကြောင့် သေဆုံး”

ဂရိတ်တား မန်ချက်စတာ အရပ်တွင် နေထိုင်သည့် အသက်(၁၄)နှစ်အရွယ် ဂျိတ်အန်ဒါဆန်အား ရိုင်းစိုင်း ဒေါသထွက်နေသော အိမ်မွေးခွေးများက ဝိုင်းဝန်းတိုက်ခိုက်သဖြင့် မိန်းကလေး သေဆုံးသွားသည့် ကိစ္စသည် ဗြိတိန် တစ်နိုင်ငံလုံးကို ခြောက်ခြားသွားစေခဲ့သည်။

ခွေးများကိုက်ခဲမှုကြောင့် သေဆုံးသွားရှာသည့် မိန်းကလေးငယ်အတွက် မိသားစုနှင့် သူငယ်ချင်းများက ကြေကွဲဝမ်းနည်းမှု အထိန်းအမှတ် အခမ်းအနားတစ်ရပ် ကျင်းပခဲ့ကြောင်း သိရှိရသည်။ ယင်း၏ နောက်ဆက်တွဲ ဂယက်အဖြစ် အစိုးရအား အိမ်မွေးတိရစ္ဆာန်ဆိုင်ရာ စည်းမျဉ်းများ ပြန်လည် လေ့လာစီစစ်ပေးရန် တောင်းဆိုမှုများပင် ရှိလာခဲ့သည်။

နေအိမ်တွင် ခွေးမွေးခြင်းနှင့် ပတ်သက်၍ စံနှုန်းများကို ယခင်ကလည်း ဗြိတိန်တွင် အလေးအနက် ဆွေးနွေးဖူးပြီး ယခုအခါ ယင်းကိစ္စ တစ်ကျော့ပြန် အားကောင်းလာဖွယ် ရှိနေသည်။ ဝီဂန်အနီးရှိ အေသာတန်တွင် အိမ်တစ်အိမ်၌ မွေးထားသည့် ခွေး(၅)ကောင်က ဂျိတ်အား ကိုက်ခဲ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/21290

(ပုံတွင် ခွေးကိုက်ခံရသဖြင့် သေဆုံးသွားသည့် ဂျိတ်အန်ဒါဆန်အား သူမ၏မိခင်နှင့်အတူ တွေ့ရစဉ်)

(၆၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် (၄)ရပ်

 Photo: (၆၈) နှစ်မြောက်တပ်မတော်နေ့ မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောကြား

(၆၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် (၄)ရပ်
==============================
(၁) နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒဖြစ်သော ပြည်ထောင်စု
မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဟူသော ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရေး၊

(၂)ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့်အညီ နိုင်ငံတော်၏ အမျိုးသား
နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် တိုင်းရင်းသား ပြည်သူတို့
နှင့်အတူ လက်တွဲ၍ စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြစ်သည့်
ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပါဝင် ထမ်းဆောင်ရေး၊

(၃) ပြည်တွင်းပြည်ပ အဖျက်သမား များ၏ အန္တရာယ် မှန်သမျှကို
နိုင်ငံတော် စွမ်းအား၊ ပြည်သူ့စွမ်းအား၊ တပ်မတော် စွမ်းအားတို့ဖြင့် ပူးပေါင်းကာကွယ် တိုက်ဖျက်ရေး၊

(၄) နိုင်ငံတော်၏ လုံခြုံရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့
ခိုင်မြဲရေးကို ကာကွယ် စောင့်ရှောက်ရန် အင်အား တောင့်တင်းပြီး
စွမ်းရည် ထက်မြက်သော ခေတ်မီ မျိုးချစ်တပ်မတော် ဖြစ်ပေါ်
လာစေရေး'' တို့ဖြစ်ကြသည်။

Myanmar Online News
 
==============================
(၁) နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒဖြစ်သော ပြည်ထောင်စ