Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, July 28, 2014

နိုဘယ်ဆုရှင်မာသာထရီဆာ၏ကဗျာ


နိုဘယ်ဆုရှင်မာသာထရီဆာ၏
မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာ
ဘယ်လိုပဲဖြစ်စေ
လူတွေဟာမကြာခဏအကျိုးသင့်အကြောင်းသင့်မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ။
သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ။
သင့်ဘ၀မှာအောင်မြင်နေပြီဆိုရင်
မိတ်ဆွေတုတွေရလာနိုင်သလိုရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….အောင်မြင်အောင်ဆက်ကြိုးစားပါ။
လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ရိုးသားဖြောင့်မတ်ပါ။
သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတ့ဘဲ ၀တစ်ခုကို
တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….တည်ဆောက်မြဲတည်ဆောက်ပါ။
သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတေ့ရွှိပြီဆိုရင်
သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….စိတ်အေးချမ်းအောင်နေပါ။
သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို
လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ကောင်းတာကိုပဲဆက်လုပ်ပါ။
လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ
ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး
ဘယ်လိုပဲဖြစ်စေ……….လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။
နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့သင်မြင်တ့အဲ တိုင်းပါဘဲ
ငါ ၊မင်း ၊သူတစ်ပါးအကြားမှာဘာမှမရှိတော့ပါ
သင်နဲ့တရားသာအတူရှိတော့တာပါ။ ။
မာသာထရီဆာ

Friday, July 25, 2014

ဒီလိုလေးပဲကျင့်ကြံ နေထိုင်ရင် ကောင်းမှာပဲနော်.................

ဒီလိုလေးပဲကျင့်ကြံ နေထိုင်ရင် ကောင်းမှာပဲနော်.................
Photo: ဒီလိုလေးပဲကျင့်ကြံ နေထိုင်ရင် ကောင်းမှာပဲနော်.................

Monday, July 21, 2014

ငါ

နင့်အပေါ် ကလေးတစ်ယောက်လို ခပ်ဆိုးဆိုး
နေတတ်တဲ့ ငါ……
နင့်အပေါ် သဝန်တိုလွယ်တဲ့ စိတ်တွေနဲ့ ခဏခဏ
စိတ်ဆိုး စိတ်ကောက်တတ်တဲ့ ငါ
နင်နဲ့ ပြသနာတွေတက်တိုင်း မျက်ရည်တွေကျ
နေတတ်တဲ့ ငါ……
နင့်ကို အထင်သေးသလို ဆက်ဆံတဲ့သူတွေအပေါ်
ဒေါသဖြစ်နေတတ်တဲ့ ငါ
နင့်ကို ဆုံးရှုံးလိုက်ရမှာကြောက်လို့
တစ်နေ့ထက် တစ်နေ့ နင့်ရဲ့ အချစ်တွေကို ပိုတိုးပီး
လိုချင်နေမိတဲ့ ငါ……
နင့်ကို အရမ်းချစ်လို့………
နင်ဆိုတာ ငါ့ဘဝအတွက် အလိုအပ်ဆုံးသူမို့
နင်နဲ့ပါတ်သက်တဲ့အရာတွေတိုင်းအပေါ်
ငါ ခံစားလွယ်နေတတ်တာပါ ချစ်သူရယ် ……
Khin Myo Aye
Credit to Poem

Monday, April 1, 2013

အောင်သပြေရေချမ်း..အမေ့အတွက် ကမ်းပါရစေ။



ကျမတို့ ၏ မြန်မာဆိုသော ကမုန္ဒြာကြာ
နေရောင်ဘဲ ပူပူ
လရောင် အောက်ဘဲ အေးအေး..
ဝင့်ထယ်စွာ ပွင့်စေရေး အတွက်
နွံ့  ပုပ်ဘဲ နံနံ
ရာသီကဘဲ ထန်ထန်
မိုးလေဘဲ မှန် မမှန်
ကြမ်းပါစေ့ ဒီလောကဓံ
ခေါင်းမော့ပြီး အာခံ
သူ ဖြတ်ကျော်ခဲ့
နောက်ဆုံးမှာ
စေတနာ အကျိုးဟာ တန်ပြန်ရပြီပေါ့
ကမ္ဘာ့အလည် မြန်မာဆိုတာ ကြွားနိုင်ခဲ့
ငြိမ်းချမ်းရေးအတွက် သူဟာ ရောင်ခြည်
အမေ့ အတွက် ကမ္ဘာ့ဆိုတာ ကော်ဇောနီ
ဘယ်နေရာ ဘယ်ဌာနီ.
ဂုဏ်သရေရှိသော ဧည့်သည်
မြန်မာ့ခေါင်းဆောင် အမိအာဇာနည်။

သပြေညို အောင်ပန်းကိုလ.
ဝင့်ကြွားစွာ ပုဝါစုံချ ကြက်သရေ.
အမောပြေ အပြုံးချွေ
ကျမ၏ တဒင်္ဂခိုလှုံရာ အမေရိကပြည်။
လှိုက်လှဲစွာ ကြိုဆိုလိုက်ရပါသည် အမေ။

ဘယ်မှာဘဲ နေနေ..
မြန်မာသွေးသည် နီစမြဲ
ဂုဏ်ယူထိုက်သူ
ပန်းခင်းကြိုပွဲ
အမေရယ် အလှဆုံးပြုံးပြ
သားချင်းတွေ အားအင်ရစေအောင်။

သူငယ်ချင်း





တိုင်းပြည်ရဲ့မြောက်ဘက်ခြမ်
လျှိုမြောင်စိမ့်စမ်းတွေ ပေါတဲ့ဒေသ
အမြောက်သံ ... ဗုံးသံတွေက
တအုန်းအုန်း ဆူဆူညံညံ
သေနတ်သံတွေက မစဲ
စစ်ပွဲ ... စစ်ပွဲ ... စစ်ပွဲ ...။

မျိုးတူ ... ဇာတ်တူအချင်းချင်း
ဟင်္သာမင်းတို့ အားပြိုင်
ကိုယ့်နိုင်ငံလူမျိုးချင်း ခင်းကြတဲ့စစ်
အရင်းစစ်တော့ ပြည်တွင်းစစ်
ဆိုးညစ်ကြသမျှ အမျိုးချစ်ကြသတဲ့လေ
သေခါမှ လျှော့မည့်ဇွဲ
တလွဲသုံးပြီး အချိန်ဖြုန်း
လူမျိုးတုန်းမည့် ဒီစစ်ပွဲ ...။

ဒီစစ်ပွဲကြောင့်
ကြောင့်ကြရတဲ့ရွာသားတွေ
ကိုယ့်ရွာကိုယ့်မြေ နေလို့မရ
ပြေးရလွှားရ မျက်ရည်စတွေနဲ့
အနူးရေ သမီးကြောက်တယ်
အ၀ါးရေ သားကြောက်တယ်
ဥမမည်ကလေးများရဲ့ ငိုညည်းသံ
တောင်ယံကြားမှာ ဆူညံနေဆဲ ...။

မပြေးနိုင် မလွှားနိုင်
ငေးငိုင်နေရသည့် လူကြီးမိဘများ၏ဒုက္ခ
ရှေ့ကဆွဲ နောက်ကတွဲ
ဗိုက်ကြီးတစ်ခွဲသားနဲ့ ပြေးသွားနေရှာသည့်
သားသည် မိခင်တို့ရဲ့ ဒုက္ခ ...။

ဒုက္ခတွေ တစ်ပွေ့တစ်ပိုက်
အမိုက်မှောင်ဖုံး တစ်ရွာလုံးပြေးကြရ
ဒုက္ခသည်စခန်းတွေဆိုတာ
အပန်းဖြေနားနေရမည့် ပန်းမြို့တော်မဟုတ်
စုတ်ပြတ်သတ်နေသည့် တဲ
လူမွဲတို့၏ ဘုံဗိမာန်
ကျည်ဆန်ရာဗရပွနဲ့ လာသမျှလက်ခံ
မနက်ဖြန်ဆိုတာ မရေမရာ
သေတာကမှ ကောင်းဦးမည်ဟု
ရင်ကိုထု၍ ငိုပွဲဆင်နေသူတွေ
ရေတွက်လို့မရအောင် တစ်နေ့တစ်ခြားများခဲ့ပြီ...

တဲလေးနဲ့ မဝေးတစ်ဝေး
လရောင်ရေးရေးအောက်မှာ
အမြောက်သံတွေက ညံမစဲ
ပစ်ကြဆဲ ... ခတ်ကြဆဲ
အသည်းကောင်းလို့ ပွဲတောင်းနေဆဲ
မိုးသည်းလည်းမရှောင် နေလောင်လည်းမမှု
သူ့ဘက်ကိုယ့်ဘက်
နှစ်ဖက်စလုံး တုံးလုံးပက်လက်
ဒုန်းဒုန်း ဒက်ဒက်
စက်သေနတ်သံတွေကြားမှ
အီး .. အီး .. အား .. အား .. ညည်းတွားသံတွေ
ဤကမ္ဘာမြေကြီးများ ပျက်စီးသွားပြီလားထင်ရ ...။

သူမှားသည်ဖြစ်စေ ကိုယ်မှားသည်ဖြစ်စေ
ပြည်သူတွေမျက်ရည် မခန်းခြောက်မီ
ရပ်တန်းကရပ်ကြပါစို့ သူငယ်ချင်း ...။