Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

Thursday, July 31, 2014

၎ နာရီအပစ်ရပ်ရေး အစ္စရေးလ်ကြေညာ


 
ဂါဇာဒေသမှာ ကုလသမဂ္ဂက ဖွင့်ထားတဲ့ စာသင်ကျောင်းကို အစ္စရေးလ်က တင့်ကားတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် လူ ၁၅ ယောက် ထက်မနည်း သေဆုံးခဲ့ရပြီးတဲ့နောက် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ခဏတာ အပစ်အခတ် ရပ်စဲသွားဖို့ အစ္စရေးလ်က ပြောဆို လိုက်ပါတယ်။ ဒေသစံတော် ချိန် ဒီကနေ့ ညနေ ၃ နာရီကစပြီး ၄ နာရီကြာ အပစ်အခတ် ရပ်စဲဖို့ စီစဉ်ထားတာပါ။
ဂါဇာမြောက်ပိုင်းမှာ ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် နေစရာအဖြစ် စီစဉ်ပေးထားတဲ့ Jebaliya ဒုက္ခသည်စခန်းထဲက စာသင်ကျောင်း အခုလို တိုက်ခိုက်ခံရတာပါ။ တိုက်ခိုက်မှုနေရာကို သွားရောက် သတင်းယူနေတဲ့ ဗွီအိုအေ သတင်းထောက် Scott Bobb ပြောပြတာမှာတော့ စာသင်ကျောင်း နံရံတွေ လုံးဝ ပျက်ဆီးသွားပြီး လူတွေလည်း မယုံနိုင်လောက်အောင် ကြောက်ရွံ့ တုန်လှုပ်နေကြတယ်လို့ ဆိုပါတယ်။
တချို့ဟာ လေကြောင်း ထိုးစစ်ဆင်မှုတွေကို ကြောက်လို့ သူတို့အိမ်ကနေ ဒီကို ပြောင်းပြီးလာနေကြတဲ့ သူတွေဖြစ်ပြီး၊ ကုလသမဂ္ဂက ဖွင့်ထားတဲ့ ကျောင်းကတော့ သူတို့အိမ်ထက် ပိုပြီး လုံခြုံမှာပဲဆိုပြီး ဒီကို လာကြတာမှာ ခုလို တိုက်ခိုက်ခံရတော့ သေမယ့်အတူတူ ကိုယ့်အိမ်ကိုယ်ပြန် သေတော့မယ်လို့ ပြောကြတယ်လို့လည်း ဆိုပါတယ်။
ဒီစာသင်ကျောင်းဟာ ပါလက်စတိုင်း ဒုက္ခသည်တွေ ခိုလှုံနိုင်အောင် ကုလသမဂ္ဂက ဖွင့်ထားပေးတဲ့ ကယ်ဆယ်ရေးစခန်း ၈၅ နေရာထဲက တခုပါ။ ပါလက်စတိုင်း ၂ သိန်းလောက် ဒီလိုနေရာတွေမှာ ခိုလုံနေကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဇူလိုင်လ ၈ ရက် တိုက်ခိုက်မှုတွေ စတင်ခဲ့ချိန်ကစလို့ ပါလက်စတိုင်း အရပ်သား အများစုပါဝင်တဲ့ လူပေါင်း ၁,၂၀၀ ကျော် သေဆုံခဲ့ရပြီး ဖြစ်တယ်လို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။ အစ္စရေးလ် စစ်သား ၅၃ ယောက်နဲ့ အရပ်သား ၃ ယောက်လည်း သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
VOA
Like 

Wednesday, July 30, 2014

Dragon Blade ဇာတ်ကားအပေါ်တွင် ယုံကြည်မှုအပြည့်ရှိနေသည့် ဂျက်ကီချန်း



ဟောင်ကောင်အက်ရှင်မင်းသားကြီး ဂျက်ကီချန်းက ၂ဝ၁၅ ခုနှစ် နှစ်ဦးပိုင်းတွင်ထွက်ရှိမည့် Dragon Blade တရုတ်သမိုင်း မှတ်တမ်းဇာတ်ကားတွင် အဓိကဇာတ် ဆောင်အဖြစ် ပါဝင်ထားပြီး ယင်းဇာတ်ကားသည် ရုံဝင်ငွေ များစာရင်းတွင် အောင်မြင်သည့်ဇာတ်ကားတစ်ကားဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း ၎င်းက ထုတ်ဖော်ပြော ကြားခဲ့သည်။

နိုင်ငံတကာသို့ဖြန့်ချိပြသမည့် အဆိုပါဇာတ်ကားတွင် ဂျက်ကီချန်းသည် ပြင်သစ်နိုင်ငံ၏အမျိုးသားရုပ်ရှင်ဆု တစ်ခုဖြစ်သည့် César Award နှင့် အော်စကာဆုရ အမေရိကန်မင်းသား Adrien Brody ၊ တောင်ကိုရီးယား တေးသံရှင်နှင့်သရုပ်ဆောင် ချွဲစီဝန်းတို့လည်း ပါဝင်အားဖြည့်ထားပြီး ယင်းဇာတ်ကားအတွက် အချိန် ခုနစ်နှစ် ကြာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါ ဇာတ်ကား၏ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၆၅ သန်းခန့် အထိ ရှိနေပြီဖြစ်ကြောင်း၊ အဆိုပါဇာတ်ကားသည် မိမိဘဝအတွက် အလှည့်အပြောင်းတစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း ဂျက်ကီချန်းက ဆိုသည်။

ဆက်လက်ပြီး တောင်ကိုရီးယားကြယ်ပွင့် ချွဲစီဝန်းက လည်း ''ဂျက်ကီချန်းကို အနုပညာလောကကလူတွေ ဘာကြောင့် လေးစားကြလဲဆိုတာ ကျွန်တော်နားလည် သွားပြီ၊ သူဟာ အားလုံးအပေါ်မှာကာကွယ်ပေးပြီး အတော်ဂရုစိုက်တယ်၊ အခွင့်အရေးရှိမယ်ဆိုရင် ဂျက်ကီချန်းနဲ့ နောက်တစ်ကြိမ်ဆုံချင်ပါသေးတယ်''ဟု ပြောကြားခဲ့သည်။

မျိုးစန္ဒာမောင်

Monday, July 28, 2014

ဖိုးနစ်မြို့က အင်အားပြင်းသဲမုန်တိုင်းသဘာဝအလှ


အရီဇိုးနား၊ ဇူလိုင် ၂၄- အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖိုးနစ်မြို့မှာ တိုက် ခိုက်ခဲ့တဲ့ သဲမုန်တိုင်းတိုက်ခိုက်စဉ် ရိုက်ကူးထားခဲ့တဲ့ပုံပါ။
Haboob
အမည်ရှိ သဲမုန်တိုင်းတိုက်ခိုက်မှုကြောင့် ဖိုးနစ်မြို့မှာ အိမ်ပေါင်း ထောင်နဲ့ချီပြီး လျှပ်စစ်မီးပြတ်တောက်ခဲ့ရသလို ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ လေကြောင်း လိုင်းတွေလည်း ခရီးစဉ် နောက်ကြောင်းပြန်လှည့်ခဲ့ရပါတယ်။
ဖိုးနစ်မြို့မှာ တစ်နှစ်ကို Haboob
သဲမုန်တိုင်း တစ်ကြိမ်မှ သုံးကြိမ်အထိ တိုက်ခိုက်လေ့ရှိပေမယ့် ဒီတစ်ကြိမ်ကတော့ အပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံဆရာ မိုက်အိုဘင်စကီကတော့ ယင်းအင်အားပြင်း သဲမုန်တိုင်းတစ်ခုကို သဘာ ဝအလှတရားမြင်ကွင်းအသွင် ပြောင်းသွားအောင် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး နိုင်ခဲ့ ပါတယ်။

လူအများစိတ်ဝင်စားခံရသော်လည်း အထီးကျန်မှုခံစားနေရသူ Megan Fox


 ရုပ်ရှင်သရုပ်ဆောင်နှင့် မော်လ်ဒယ် တစ်ဦးဖြစ်သူ Megan Fox က ၎င်းသည် အမြဲတမ်းလိုလို လူအများ စိတ်ဝင်စားခံရသူတစ်ဦး ဖြစ်ခဲ့သော်လည်း အထီးကျန်သလို ခံစားရပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း အသစ်ထွက်ရှိ လာသည့် လိပ်နင်ဂျာဇာတ်ကားသစ်တွင် ပါဝင်သရုပ်ဆောင်ထားသူ အသက် (၂၈)နှစ်အရွယ် မင်းသမီး Megan Fox က ''ကျောင်းနေစဉ် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူဘဝကတည်းက သူငယ်ချင်းများများမရှိခဲ့ပါဘူး၊ တစ်ခါတစ်ရံ အထီးကျန်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် လူထူးလူဆန်းတစ်ယောက်လိုတောင် ခံစားရပါတယ်''ဟု ဆိုသည်။

ဟောလိဝုဒ်ရုပ်ရှင်လောက၏ ဆွဲဆောင်မှုအရှိဆုံးမင်းသမီးတစ်ဦးအဖြစ် တင်စားခံရသူ သရုပ်ဆောင် Megan Fox ပါဝင်သရုပ်ဆောင် ထားသည့် Teenage Mutant Ninja Turtles ဇာတ်ကားသစ်ကို သြဂုတ် လဆန်းပိုင်းတွင် ပါရာမောင့်ရုပ်ရှင် ထုတ်လုပ်ရေးမှ ဖြန့်ချိပြသသွားမည် ဖြစ်ကြောင်း သိရသည်။

မျိုးစန္ဒာမောင်

Friday, July 25, 2014

ပျောက်ဆုံး အယ်ဂျီးရီးယား လေယာဉ်ပျက်ကျသွားကြောင်း အတည်ပြု

တက္ကဆီ မောင်းသူကို လိင်ဆက်ဆံခိုင်းပြီး အလိုမပြည့်လို့ ဓါးနဲ့ထိုးခဲ့တဲ့ အမျိုးသမီး


အိန်ဂျလီနာ ဂျိုလီနဲ့ ရုပ်ချင်းဆင်တူပြီး အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ Luminita Perijoc ဆိုသူ ရိုမေးနီးယန်း အမျိုးသမီးကို တက္ကဆီမောင်း သူအား ရန်ပြုတိုက်ခိုက်ခဲ့တဲ့အတွက် ထိန်းသိမ်း ထားခဲ့တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါအမျိုးသမီးဟာ အသက် ၃၅နှစ်ရှိ တက္ကဆီမောင်းသူ Nicolae Stan နဲ့၂၀၁၂ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ သူမဈေးဝယ်ပြန်လာရာကနေ သူမအိမ်ရှိရာ Tulcea မြို့ကို ပြန်ဖို့အတွက် Nicolae ရဲ့ ကားကို ငှားခဲ့ခြင်း ဖြစ်ပါတယ်။ သူမအိမ်ရောက်တဲ့အခါမှာ သူ့ရဲ့ဖုန်းနံပါတ်ကို တောင်းခဲ့ပါတယ်တဲ့။ ဒါကလည်း နောက်တစ်ကြိမ် သူမကားငှားဖို့အတွက်လို့ အကြောင်းပြခဲ့ပါတယ်။
သူ့ဖုန်းနံပါတ်ပေးပြီးနောက် အချိန်အတော်ကြာပြီး သူမက ၀ိုင်ပုလင်းများစွာ သွားယူပြီး သူမထံလာပို့ပေးနိုင်မလားလို့ မေးမြန်းခဲ့ပါတယ်။ ဒါနဲ့ သူသဘောတူပြီး သူမအိမ်ကို သွားပို့ပေးခဲ့ပါတယ်။ အိမ်ရောက်တဲ့အခါမှာတော့ သူ့ကို သူမက ပွေ့ဖက်ပြီး အိမ်ထဲခေါ်ဆောင်ကာ သူမနဲ့ လိင်ဆက်ဆံဖို့ အတင်းအကျပ် စေခိုင်းခဲ့ပါတယ်။
သူငြင်းဆန်တဲ့အခါမှာတော့ သူမက ၁၀ စင်တီမီတာ ပမာဏရှည်တဲ့ ဓါးကို ထုတ်ပြီး အ၀တ်အစားများ ချွှတ်စေခဲ့ပါတယ် လို့ သူက တရားရုံးမှာ ထွက်ဆိုပါတယ်။ သူဟာ အိပ်ခန်းထဲကို အတင်းပြေးဝင်ပြီး ရဲကို အကြောင်းကြားနိုင်ခဲ့လို့သာ လွတ်မြောက်ခဲ့ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။
ရဲတွေ ရောက်ရှိလာတဲ့အချိန်မှာတော့ ကိုယ်တစ်ပိုင်းချွတ်အမျိုးသမီးတစ်ဦးနဲ့ ဒါဇင်ဝက် အရေအတွက်ရှိတဲ့ ဓါးထိုးရာတွေနဲ့ Mr Stan ကိုတွေ့ခဲ့ရပါတယ်။
သူမဟာ တရားခံဖြစ်ကြောင်း သိသာထင်ရှားတဲ့အတွက် တရားရုံးက ထောင်ဒဏ်ငါးနှစ်ကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ သို့သော်လည်း သူမရဲ့ လက်ရှိကျန်းမာရေး အခြေအနေဲ့ စိတ်ဝေဒနာကြောင့် လေးနှစ် စောင့်ကြည့်ခံရဖို့  ပြင်ဆင်ချမှတ်ခဲ့ပါတယ်။
အဆိုပါ ပြင်ဆင်ချမှတ်လိုက်တဲ့ အမိန့်ကိုတော့ တရားလို Mr Stan က ယခုလို ပြောဆိုခဲ့ပါတယ်။ သူမကို ယခုလို အမိန့်ချမှတ်လိုက်တာဟာ ကျွန်တော့်ကိုတော့ အသိတွေ သူငယ်ချင်းတွေရဲ့ လှောင်ပြောင်ခြင်း ခံရဖို့ တစ်သက်လုံးစာ အမိန့်ချလိုက်သလိုပါပဲတဲ့။ အခုဆိုရင် ကျွန်တော်ဟာ ဖျော်ဖြေရေး သမားတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေပါပြီ။ ကျွန်တော့်အကြောင်းကို လူတိုင်းက ပြောနေကြပြီလို့ ဆိုပါတယ်။
သူတို့တွေ ကျွန်တော်ဘာလို့ ဒီမိန်းမကို ငြင်းဆန်ခဲ့တယ်ဆိုတာ နားလည်မှာ မဟုတ်ဘူး။ ဓါးထောက် အော်ဟစ်ပြီး လိင်ဆက်ဆံခိုင်းနေတဲ့ အရူးမတစ်ယောက်နဲ့ ဘယ်သူက ဆက်ဆံချင်မှာလဲ။ ဒါတွေ သူတို့မသိကြဘူးလို့ ပြောပါသေးတယ်။
သူတို့က အဲဒီမိန်းမကို ကြည့်လိုက် ကျွန်တော့်ကိုကြည့်လိုက်နဲ့ ရယ်ကြတယ်ဗျာ။ အဲဒီမိန်းမကလည်း ရူးသာရူးတာ။ နာမည်ကျော် မင်းသမီး အိန်ဂျလီနာ ဂျိုလီနဲ့ တူတာကိုးဗျ။ မသိတဲ့သူကဆိုရင် Miss Romania က လည်ပင်းကို ဓါးထောက်ပြီး လိင်ဆက်ဆံခိုင်းတယ် ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့တောင် ပြောကြမယ့် သဘောရှိတယ်လို့ သူက ဆိုပါသေးတယ်။
ကလေးသုံးယောက် ဖခင် ကားသမားဖြစ်သူက ထပ်ပြောပါသေးတယ်။ ကျွန်တော်ထင်တယ် ဒီအမျိုးသမီး တစ်ခါမှ အငြင်းမခံရဖူးနဲ့ တူတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ငြင်းလိုက်တဲ့အခါ သူမ အရမ်းကို ဒေါသထွက်သွားတယ်။ ဒါနဲ့ ဓါးနဲ့ထောက်ပြီး ကျွန်တော့်ကို အ၀တ်တွေ ချွှတ်ခိုင်းပြီး သူမနဲ့ ဆက်ဆံခိုင်းတယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ နှစ်ကြိမ်တိုင်တိုင် ဆက်ဆံပေးခဲ့ပါတယ်။
ဒါပေမယ့် သုံးကြိမ်မြောက် မှာတော့ ကျွန်တော်လည်း ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ ဒါနဲ့ သူမလည်း အလိုမပြည့်ဘဲ ကျွန်တော့်ကို ဓါးနဲ့ထိုးတော့တာဘဲ။ ကျွန်တော် သူစိတ်ကျေနပ်အောင် oral sex လုပ်ပေးပေမယ့် ကျွန်တော့်ကို ဓါးနဲ့ ဆက်ထိုးနေခဲ့တယ်လို့ ပြောပါတယ်။
သူမဟာဆိုရင် ဂျိုလီရဲ့ ပရိသတ်တစ်ဦး ဖြစ်ပြီး Tomb Raider star မှာ သူမကိုယ်သူမ မော်ဒယ်တစ်ဦး ကဲ့သို့ သတ်မှတ်ထားကြောင်း သိရပါတယ်။

Thursday, July 24, 2014

ဖောက်ပြန်သည့် မက်ဆေ့များကြောင့် ဇနီးသည်အိပ်နေစဉ် တူနှင့်ထုသတ်

ဖုန်းထဲကနေ ခြေရာလက်ရာ၊ မဖျောက်ဖျက်ခဲ့တဲ့ နှလုံးသားသံစဉ်စာသားတွေကြောင့် အနောက်တိုင်းက အမျိုးသမီးတစ်ဦးတော့ အသက်နဲ့ရင်းပြီးခံစားသွားရပါပြီ။ ဟုတ်ပါ တယ် ဒါက လူမှုရေးဖောက်ပြန်မှုရဲ့ အကျိုးရလာဒ်ပါပဲ။ သိသာသိ မမြင်စေပါနဲ့ ဆိုတဲ့ ရှေးလူကြီးစကားတွေမှန်ကြောင်းကို အနောက်တိုင်းက လင်မယားစုံ တွဲတစ်တွဲက အထင်းသားကြီး ထောက်ပြလိုက်တဲ့သဘောပါ။ပါကစ္စတန်အနွယ်ဖွား အသက် ၂၂ နှစ်အရွယ် အမျိုးသား ဒန်းနစ်အာဖန်နဲ့ ဗြိတိန်လူမျိုး အသက် ၂၁ နစ်အရွယ် ရစ်ဒါဇက်နက်တို့က လက်ထက်ထိမ်းမြားခြင်း စည်းမျဉ်းစည်း ကမ်းဥပဒေတစ်ရပ်ကို မလွန်ဆန်နိုင်ခဲ့ကာ မချစ်မနှစ်သက်ပါပဲနဲ့ ထိမ်းမြားခဲ့ရတဲ့ အ တွက် တစ်ဦးနဲ့ တစ်ဦးတို့ရဲ့ အိမ်ထောင်ရေးက သာယာတဲ့ အခြေအနေကိုမရောက်ခဲ့ တဲ့အပြင် နေထိုင်မှုဘ၀ပုံစံတွေမှာ အတော်လေးကွဲပြားခြားနားနေခဲ့ပါတယ်။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျခဲ့တဲ့ သူတို့လူငယ်နှစ်ယောက်က အိမ် ထောင်ရေးဘ၀တွေမှာလည်း လူငယ်မာနကိုယ်စီထားခဲ့ကြတယ်။ လူမျိုးချင်းမတူ၊ ဘာသာချင်းမတူ၊ ဘ၀နေထိုင်ဖြတ်သန်းပုံချင်းမတူညီတဲ့ သူတို့နှစ်ယောက်က အိမ် ထောင့်တာဝန်တွေကို မသိကျိုးကျွံပြုကာ သူလည်း သူကြိုက်နှစ်သက်ရာလုပ်၊ ကိုယ် လည်းကိုယ်ကြိုက်နှစ်သက်ရာလုပ်ပုံစံဖြင့် သဘောထားအမြင်မတူညီဘဲ ဆက်ဆံရေး အေးစက်တာမျိုးတွေရှိလာပါတယ်။

ဒါပေမဲ့ တစ်ရက်မှာတော့ အနောက်တိုင်းသူဖြစ်တဲ့ ဇနီးသည်ဖြစ်တဲ့ ရစ်ဒါရဲ့ အနောက် တိုင်းဆန်ဆန်လူမှုဆက်ဆံရေးတွေ ငြိစွန်းတဲ့အချက်အလက်တွေ အတိအကျသိသွား ခဲ့တဲ့ အခါမှာ သူမအတွက် ကြမ္မာငင်သွားခဲ့ပါတယ်။

သူမကိုင်တဲ့ဖုန်းမှာ အခြားအမျိုး သားတစ်ဦးနဲ့ ချစ်ခြင်းဖွဲ့စာသားတွေဖြစ်တဲ့ I Love U ၊ Mwahhh ၊gud nyt စတဲ့ စာ သားတချို့ အပြန်အလှန်ပို့နေကြတာကို လက်ဆုပ်လက်ကိုင် မိသွားတဲ့အခါတော့ ခင် ပွန်းဆိုတဲ့ ရပ်တည်မှုကြီးက ချစ်ခြင်းမပါပဲနဲ့လည်း စိတ်ရဲ့အသိဥာဏ်မှာတော့ ဒီလိုအ ဖြစ်မျိုးအတွက် သတိလက်လွတ်တုန့်ပြန်လိုက်တာက အိပ်ယာထက်မှာ အိပ်ပျော် နေတဲ့ ဇနီးသည်ရဲ့ ဦးခေါင်းပေါ်ကို အကြိမ်ရေ ဆယ်ချက်နဲ့မနည်း တူနဲ့ထုသတ်လိုက် တာပါပဲ။

အဲဒါပါပဲ အချစ်မပါတဲ့ အိမ်ထောင်ရေးဖြစ်တဲ့ အပြင်ဒီလို လူမှုရေးဖောက်ပြန်တတ်တဲ့ လူမှု အသိုင်းအ၀ိုင်းမှာ ဒီလိုမျိုးအသက်စတေးပေးသွားရတဲ့ အဖြစ်တွေ၊ သာဓကတွေ အများကြီးရှိတတ်တာကို ကြားသိမြင်တွေ့ကြရမှာပါ။ ဒါကဖောက်ပြန်မှုရဲ့ နောက်ဆုံး ရလာဒ်တစ်ခုလို့လည်း ဆိုလို့ရပါတယ်။

.. www.MyanmarExpress.net

Wednesday, July 23, 2014

သဂြိုလ်ခွင့်မရတဲ့ ရေခဲသေတ္တာထဲက ဂုရုကြီး

Tuesday, July 22, 2014

အိမ်ဆောက်သမားများ အတွက် ရေခဲမုန့်ကားလိုက် ဝယ်ပေးတဲ့ John Terry


John Terry ဆိုတာ ချယ်လ်ဆီး အသင်းခေါင်းဆောင် ကမ္ဘာကျော် ဘောလုံး အားကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဗြိတိန်မှာ သူ့အိမ် မွမ်းမံ တည်ဆောက်လျက် ရှိပြီး ဆောက်လုပ်ရေး ဝန်ထမ်း ၉၀ ကျော် ရှိပါတယ်။
ယင်းအတွက် ကျွေးမွေးမှုများ ပြုလုပ်ပြီး နောက်တော့ ရေခဲမုန့် တစ်ကားလုံးကို ဝယ်ပေးလိုက် ပါတယ်။ ရေခဲမုန့် များကို လိုသလောက် စားသောက်ဖို့ ပေးထား ပါတယ်။ အပူချန် ၃၀ ဒီဂရီ စင်တီဂရိတ်ကျော် ရှိတဲ့ လုပ်ငန်းခွင်အပူချိန်ဟာ ဗြိတိန်က အလုပ်သမားများ အတွက် အတော်လေး ပူတဲ့ အနေအထား ဖြစ်ပါတယ်။ ယင်း အနေအထားမှာ သူတို့ တောင်းဆိုတာ ကတော့ ရေခဲမုန့် ဖြစ်ပြီး နွေရာသီမှာ ရေခဲမုန့် အင်မတန် စားကြ ပါတယ်။ ဒါကြောင့်ပဲ ဟယ်ရီပေါ်တာ ရုပ်ရှင်က ဒုတိယ မင်းသား ဖြစ်သူတောင် ရေခဲမုန့်ကား ဝယ်ပြီး ကလေးတွေကို အခမဲ့ လိုက်ကျွေး ပါတယ်။
ယခု Joney Terry ကတော့ လောလောဆယ်မှာ သူ့ရဲ့ အိမ်ဆောက် ဝန်ထမ်း များ အတွက် ရေခဲမုန့်များ ပြင်ဆင် ကျွေးမွေးလျက် ရှိပါတယ်။
.
Ref: metro
အောင်ခမ်း 

.

အစ္စရေးနဲ့ Hamas အပစ်ရပ်ဖို့ ကုလနဲ့ အမေရိကန်ကြိုးပမ်း


စစ်ဘေးဒဏ်သင့်နေတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ကြား စစ်ပွဲတွေအဆုံးသတ်ဖို့ အရင်က အီဂျစ်ဘက်က အကြံပြုခဲ့တဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ တွန်းအားပေးတဲ့အနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ ကိုင်ရိုမြို့ကို ရောက်ရှိနေပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ - ကိုင်ရိုမြို့ကိုရောက်ရှိစဉ် မှာပဲ ကြိုတင်သတ်မှတ်ချက်တွေမပါဘဲ အပစ်ရပ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကတော့ ကိုင်ရိုမြို့ကို သီးခြားရောက်ရှိလာခဲ့ပြီး စစ်ဘေးဒဏ်ကြောင့် အိုးအိမ်တွေ စွန့်ခွာထွက်ပြေးနေတဲ့ ဂါဇာဒေသခံသောင်းနဲ့ချီကို ကယ်ဆယ်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၄၇ သန်းတဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေပေးရေး ကိစ္စကို ကုလသမဂ္ဂအတွင်းရေးမှူး နဲ့ ဆွေးနွေးသွားဖို့ရှိပါတယ်။ ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေဟာ စစ်ပွဲတွေနဲ့ အရပ်သားသေဆုံးမှုတွေကို အဆုံးသတ်ဖို့ ရည်ရွယ်ထားရမယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက တနင်္လာနေ့ မှာ ပြောကြားလိုက်ပါတယ်။
ဂါဇာမြို့က အထပ်မြင့်အဆောက်အအုံတွေအပါအ၀င် ပစ်မှတ် ၅၀ လောက်ကို အစ္စရေးလ်တိုက်လေယာဉ်တွေကို တိုက်ခိုက်ခဲ့ကြပြီး တဲ့နောက်မှာ အခုလို သံတမန်ရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက် မှုကြောင့် ၁၁ ယောက်သေဆုံးပြီး ၅၀ လောက် ဒဏ်ရာရသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောါပတယ်။ ဟားမတ်စ်ဘက်ကတော့ သူတို့ဟာ အစ္စရေးလ်ထဲကို ဒုံးကျည်အလုံး ၅၀ ကျော် ပစ်လွှတ်ခဲ့ပြီး အစ္စရေးလ်နိုင်ငံထဲကို ၀င်ရောက်တိုက်ခိုက်နိုင်ဖို့အတွက် လှိုဏ်ခေါင်းတွေကနေ ဆက်ပြီး တိုက်သွားမယ်လို့ ပြောလိုက်ပါတယ်။
VOA

၂၀၃၀ မှာ အေအိုင်ဒီအက်စ် ထိန်းချုပ်နိုင်တော့မည်

သူမ လိင်အင်္ဂါနဲ့ပတ်သက်ပြီး ရုပ်သံလိုင်းမှာ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ခဲ့တဲ့ ဗြိတိန်အမျိုးသမီး

Monday, July 21, 2014

MH17 ကို ပစ်ချခဲ့သည့် ဒုံးကျည်စနစ်ကို ရုရှားဘက် ရွှေ့ပြောင်းနေသည်ဆိုသော ဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့လာ

ကြီးမားသော စစ်လက်နက် ပစ္စည်းတစ်ခုကို ထရပ်ကားကြီး တစ်စီးပေါ် တင်ဆောင်ပြီး နေရာရွှေ့ပြောင်းနေသည့် ဗီဒီယိုတစ်ခု အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာပြီးနောက် ယင်းသည် MH17 ကို ပစ်ချခဲ့သည့် BUK ဒုံးကျည်စနစ်ဖြစ်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဇူလိုင်(၁၉)ရက်က ယာဉ်မောင်းတစ်ဦးသည် ကားဒက်ရှ်ဘုတ်ပေါ်တွင် တပ်ဆင်ထားသည့် ကင်မရာဖြင့် ၎င်း၏ရှေ့မှောက်မှ ထရပ်ကားကြီးကို မှတ်တမ်းယူ ဗီဒီယို ရိုက်ထားခြင်း ဖြစ်သည်။ အဆိုပါ ယာဉ်မောင်းသည် စစ်ဘက်သုံး ထရပ်ကားကြီးနောက်မှ (၂)ကီလိုမီတာမျှထိ နောက်ယောင်ခံ မောင်းနှင်ပြီး ဗီဒီယို ရိုက်ယူထားခဲ့သည်။
ထရပ်ကားကြီး၏ နောက်ဘက်တွင် အညိုရောင် အဝတ်စဖြင့် ဖုံးလွှမ်းထားသည့် ကြီးမားသော ပစ္စည်းတစ်ခု ရှိနေပြီး ယင်း၏ ကောက်ကြောင်းသည် ဒုံးကျည်စနစ် တစ်ခုသဏ္ဍန် ပေါ်လွင်နေသည်။ ယူကရိန်း ထောက်လှမ်းရေး ရင်းမြစ်များက အဆိုပါ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပြီး ရုရှား Blogger တစ်ဦးက BUK M1 ဒုံးကျည်စနစ် ရွှေ့ပြောင်းနေသည်ကို မှတ်တမ်းတင်ထားခြင်းဟု ဖော်ပြခဲ့သည်။ အဆိုပါ ထရပ်ကားကြီးသည် လေယာဉ် ပျက်ကျပြီး (၂)ရက်မျှ အကြာတွင် ယူကရိန်းမှ ရုရှားနယ်စပ်ဘက်သို့ ဦးတည် မောင်းနှင်နေခြင်းဟုလည်း သိရသည်။
MH17သည် ရုရှားက အထောက်အပံ့ ပေးထားသည့် ယူကရိန်း သူပုန်များ မှားယွင်းပစ်ခတ်သည့် ဒုံးကျည်ထိမှန်ပြီး ပေါက်ကွဲသွားခြင်းဟု ယူဆစရာ အခြေအနေများ ရှိနေရာ ယခုအခါ လေယာဉ်ကို ပစ်ချခဲ့သည့် ဒုံးကျည်စနစ်ကို ရုရှားဘက်သို့ ပြန်လည် ပေးပို့လိုက်ခြင်းဟု ယူကရိန်းဘက်က စွပ်စွဲထားသည်။
“ရုရှားနိုင်ငံက Blogger တစ်ယောက်ဟာ အဝတ်နဲ့ လွှမ်းခြုံဖုံးအုပ်ထားတဲ့ BUK 1M ဒုံးကျည်စနစ် ရွှေ့ပြောင်းမှု ခရီးစဉ်နောက်ကို (၂)ကီလိုမီတာလုံးလုံး ခြေရာခံ လိုက်ခဲ့ပါတယ်။ သူ့ရဲ့ အဆိုအရတော့ အဲဒီကားကြီးက ယူကရိန်း နယ်ခြားဘက်ကို ဦးတည်နေပါတယ်တဲ့။ သူကတော့ ဒါဟာ MH17 ကို ပစ်ချခဲ့တဲ့ ဒုံးကျည်စနစ်ပဲလို့ သေချာပေါက် ယူဆထားတယ်”ဟု အင်တာနက်တွင် ပျံ့နှံ့နေသည့် ဗီဒီယို၌ ရေးသားထားသည်။ ဗီဒီယိုထဲတွင် ကားမောင်းနေသူက “ဒါနောက်နေတာ မဟုတ်ဘူး”ဟု ရေရွတ်နေသော အသံလည်း ပါရှိနေသည်။
ယူကရိန်း အစိုးရက သူပုန်များသည် ရုရှားစစ်တပ်က ထောက်ပံ့သည့် BUK ဒုံးကျည်ဖြင့် မိမိတို့၏ စစ်ဘက်လေယာဉ်များကို ပစ်ချနေရာမှ MH-17 ကို မှားယွင်းပစ်ခတ်ခဲ့ခြင်းဟု စွပ်စွဲထားသည်။
သူပုန်တပ်ဖွဲ့များက ၎င်းတို့သည် လေယာဉ်ပျက်၏ သေတ္တာနက်ဟု ယူဆရသော အရာကို ပြန်လည်တွေ့ရှိထားပြီး ယင်းကို ဒိုးနက်စ်ခ်မြို့သို့ ယူဆောင်လာကာ ထိုမှတစ်ဆင့် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များထံ လက်လွှဲပေးအပ်မည်ဟု ကြေညာထားသည်။
သူပုန်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည့် အလက်ဇန္ဒား ဘိုရိုဒိုင်က ဒိုးနက်စ်ခ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်၌ “လေယာဉ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတချို့ကို ရှာတွေ့ထားပါတယ်။ အဲဒီထဲမှာ သေတ္တာနက်လို့ ယူဆရတဲ့ ပစ္စည်းလည်း ပါတယ်။ ကျွန်တော်တို့ရဲ့ ကွပ်ကဲမှုနဲ့အတူ အဲဒီပစ္စည်းတွေကို ဒိုးနက်စ်ခ်ထိ သယ်ယူလာနေပါတယ်။ ကျွန်တော်တို့ထဲမှာ ဒီပစ္စည်းဟာ လေယာဉ်ရဲ့ သေတ္တာနက် ဟုတ်မဟုတ် အတည်ပြုပေးနိုင်တဲ့ ပညာရှင် မရှိပါဘူး။ ဒါပေမဲ့ နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေလို့ ယူဆရတဲ့ အရာမှန်သမျှကို ဒိုးနက်စ်ခ်ထိ သယ်လာပါတယ်”ဟု ပြောကြားသွားသည်။
_Ref: Dailymail
7Day Daily

မလေးရှားလေယာဉ်ကိစ္စ ဆုံးဖြတ်ချက်မူကြမ်းချရမ် လုံခြုံရေးကောင်စီစဉ်းစားဆဲ


မလေးရှားခရီးသည်တင် လေယာဉ်ယူကရိန်းတွင် ပစ်ချခံရခြင်းအတွက် ရှုတ်ချရန်၊ လေယာဉ်ပျက်ကျသည့်နေရာသို့ ဝင်ရောက်ခွင့်ပြုရေးအတွက် လက်နက်ကိုင်အုပ်စုများထံ တောင်းဆိုရန်နှင့် အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် ဒေသတွင်းနိုင်ငံများက ပူးပေါင်းဆောင်ရွက်ရေးအတွက် တိုက်တွန်းရန် စသည့်အချက်များ ပါဝင်သော ဆုံးဖြတ်ချက် မူကြမ်းတစ်ခု ချမှတ်နိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီကစဉ်းစားလျက်ရှိသည်။
လေယာဉ်ပျက်ကျမှုအတွင်း ၎င်း၏နိုင်ငံသား ၂၈ ဦးဆုံးရှုံးခဲ့ရသော သြစတြေးလျနိုင်ငံက လုံခြုံရေးကောင် စီအဖွဲ့ဝင် ၁၅ ဦးနှင့်သံတမန်များထံ ဆုံးဖြတ်ချက်စာသားမူကြမ်းတစ်စောင်ကို ယမန်နေ့ညပိုင်းက လိုက်လံဖြန့်ဝေလျက်ရှိပြီး တုဏှိဘာဝေဖြစ်နေသည့် အခြေအနေနှင့် ပတ်သက်၍လည်း ပြောဆိုလျက်ရှိကာ ယင်းကိစ္စအပေါ် တနင်္လာနေ့ထက်နောက်မကျဘဲ ဆန္ဒ မဲပေးရမည့်အခြေအနေ ဖြစ်လာနိုင်ကြောင်းလည်း ပြောကြားသည်။
အမေရိကန် ပြည်ထောင်စုနှင့် အခြားအင်အားကြီးနိုင်ငံများက မလေးရှားခရီးသည်တင်လေယာဉ်သည် ယူကရိန်းအရှေ့ပိုင်းရှိ ပုန်ကန်သူများ၏ဒေသမှနေ၍ မြေပြင်မှဝေဟင်ပစ်ဒုံးကျည်တစ်စင်းဖြင့် ပစ်ချခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း ပြောကြားထားသည်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆာမန်သာ ပါဝါက ဒုံးပျံပစ်ခတ်မှုတွင် ရုရှား တို့ပါဝင်ကူညီမှုအပေါ် ဝါရှင်တန် အနေဖြင့် မဟန့်တားနိုင်ခဲ့ကြောင်း ဇူလိုင် ၁၈ ရက်က ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင် က ယူကရိန်းအရှေ့ပိုင်းရှိ မော်စကို လိုလားသောသူပုန်များအား ပူးပေါင်း ဆောင်ရွက်ရန်တိုက်တွန်းလိုက်ပြီး နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအနေ
ဖြင့်လည်း လိုရာဆွဲ၍ ကောက်ချက် မချရန် တင်းတင်းကျပ်ကျပ်တောင်းဆိုလိုက်သည်။ လေယာဉ်ပစ်ချသည့်ကိစ္စတွင် ပါဝင်ပတ်သက်သည်ဆိုမှုအပေါ် မော်စကိုအနေဖြင့် ငြင်းဆိုလိုက်ပြီး ယူကရိန်းစစ်ဘက်ကို လက်ညှိုးထိုး အပြစ်ဖို့ထားသည်။
(ရိုက်တာ)

ကင်ဆာရောဂါကြောင့် သေဆုံးသူ၏ ဇနီးအား ဒေါ်လာ ၂၃ ဘီလီယံကျော် ကုမ္ပဏီလျော်ကြေးပေးရန် တရားရုံးဆုံးဖြတ်


အော်လန်ဒို−အမေရိကန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆေးလိပ်နှင့် ဆေးရွက်ကြီး ကုမ္ပဏီ RJ Rey-nolds အနေဖြင့် အဆုတ်ကင် ဆာရောဂါဖြင့် သေဆုံးသွားခဲ့ သော ဆေးလိပ်သောက်သူတစ် ဦး၏ ဇနီးသည်အား ကန်ဒေါ်လာ ၂၃ ဒသမ ၆ ဘီလီယံ ပေးရမည် ဟု ဖလော်ရီဒါ တရားရုံးက အမိန့် ချမှတ်လိုက်သည်။
စင်သီယာ ရော်ဘင်ဆန် သည် ၂၀၀၈ ခုနှစ်တွင် RJ Rey-nolds ကုမ္ပဏီအပေါ် တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။
စင်သီယာရော်ဘင်ဆန်က ၎င်း၏ ခင်ပွန်းဖြစ်သူသည် ၁၉၉၆ ခုနှစ်က အသက် (၃၆) နှစ်အရွယ် တွင် အဆုတ်ကင်ဆာဖြင့် ကွယ် လွန်ခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူ သည် အသက် (၁၃) နှစ်အရွယ် မှစ၍ နှစ် ၂၀ ကျော်ကြာအောင် တစ်နေ့လျှင် ဆေးလိပ်တစ်ဘူးမှ သုံးဘူးအထိ သောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ကုမ္ပဏီသည် ၎င်းကုန်ပစ္စည်း ၏ စွဲစေတတ်သော သဘာဝနှင့် ကျန်းမာရေး အန္တရာယ်များကို မှန်မှန်ကန်ကန် ထုတ်ဖော်ပြော ကြားခြင်း မရှိဘဲ ဖုံးကွယ်ထား သည်ဟု မစ္စစ်ရော် ဘင်ဆန်၏ ရှေ့နေများက ပြောကြားခဲ့သည်။
မစ္စစ်ရော်ဘင်ဆန်၏ ခင် ပွန်းဖြစ်သူသည် ဆေးလိပ်ဖြတ် ၍ မရဘဲ သေဆုံးသည့်နေ့အထိ ဆေးလိပ်သောက်နေခဲ့သည်ဟု တရားလို ရှေ့နေများက ပြော သည်။
ယင်းကုမ္ပဏီသည် တရားရုံး ၏ ဆုံးဖြတ်ချက်ကို အယူခံဝင် သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဂျက်ဖရီရာဘွန်းက ပြောသည်။
မစ္စစ်ရော်ဘင်ဆန်အား ပေး ရန် ဆုံးဖြတ်လိုက်သည့် ဒဏ်ငွေ ပမာဏသည် ဖလော်ရီဒါ ပြည် နယ်သမိုင်းတွင် အများဆုံးဖြစ် သည်။
Ref: BBC
7Day News Journal

Friday, July 18, 2014

မလေးရှားလေကြောင်းလိုင်း လေယာဉ်ပစ်ချခံရမှုနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံး ဒေါသအကြီးအကျယ်ထွက်နေ

မလေးရှားလေကြောင်းလိုင်း လေယာဉ်ပစ်ချခံရမှုနှင့် ပတ်သက်၍ ဇူလိုင် ၁၈ ရက်၌ ကမ္ဘာတစ်ဝန်းလုံးက အကြီးအကျယ် ဒေါသထွက်လျက်ရှိရာ အမေရိကန်က ကြန့်ကြာမှုမရှိစေဘဲ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် တောင်းဆိုလိုက်သည်။ မလေးရှား ခရီးသည်တင်လေယာဉ်သည် ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသော ယူကရိန်းအရှေ့ပိုင်းတွင် ဒုံးကျည်ဖြင့်ပစ်ချခံခဲ့ရသည်ဟု ယူဆရပြီး လေယာဉ်ပေါ်တွင် ပါရှိသည့် လူပေါင်း ၂၉၈ ဦးစလုံး အသက်ဆုံးရှုံးခဲ့ရသည်။
မလေးရှားလေကြောင်းလိုင်းမှ ဘိုးရင်း ၇၇၇ လေယာဉ်သည် ဇူလိုင် ၁၇ ရက်က တိုက်ပွဲဖြစ်ပွားနေသော နယ်မြေအတွင်းရှိ ပြောင်းဖူးခင်းထဲသို့ ပျက်ကျခဲ့ပြီး ဒုံးကျည် ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု အမေရိကန်က အခိုင်အမာ ပြောကြားခဲ့သည်။ ယူကရိန်းအစိုးရက ယင်းကို ရုရှားလိုလားသော ခွဲထွက်ရေးသမားများ၏ အကြမ်းဖက်လုပ်ရပ်ဟု စွပ်စွဲခဲ့ပြီး စစ်အေးခေတ်နောက်ပိုင်း အရှေ့နှင့်အနောက် အဆိုးရွားဆုံး ပဋိပက္ခဖြစ်ရန် ထပ်မံမီးမွှေးပေးခဲ့သည့် ယင်းကိစ္စကို စုံစမ်းမှု အပြည့်အစုံပြုလုပ်ရန် ကမ္ဘာ့ခေါင်းဆောင်များက တောင်းဆိုခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းအစိုးရ၏ ခွဲထွက်ရေးသူပုန်များကို နှိမ်နှင်းမှုက တင်းမာမှုများကို မြင့်တက်စေခဲ့ပြီး ယခုလေယာဉ်ပျက်ကျမှုဆီသို့ ဦးတည်သွားစေခဲ့သည်ဟု ပြောကြားမှုအား အိမ်ဖြူတော်က ပြန်လည်တုံ့ပြန်ခဲ့သည်။
“ကျွန်တော်တို့ အချက်အလက်အားလုံးကို မရသေးပေမယ့် ဒီလေယာဉ်ပျက်ကျမှုဟာ ယူကရိန်းပဋိပက္ခနဲ့ ဆက်နွှယ်သိုင်းဝိုင်းပြီး ဖြစ်ပွားရတယ်ဆိုတာ သိပါတယ်။ အဲဒီယူကရိန်း ပဋိပက္ခဖြစ်ပွားအောင် ရုရှားက လက်နက်၊ ရုပ်ဝတ္ထုပစ္စည်းနဲ့ သင်တန်းပေးခြင်းတွေ အပါအဝင် ခွဲထွက်ရေးသမားတွေကို ထောက်ပံ့ပေးခဲ့တာပါ” ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြထားသည်။
အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းလာသည့် မလေးရှားလေကြောင်းလိုင်း ခရီးစဉ်အမှတ် MH 17 ပစ်ချခံရမှုသည် လွန်ခဲ့သည့် လေးလအကြာက MH 370 လေယာဉ်ပျောက်ဆုံးမှုကြောင့် အကင်းမသေးသည့် ဒဏ်ရာကို ထပ်မံထိခိုက်မိသကဲ့သို့ ဖြစ်ခဲ့ရပြီး မလေးရှားနိုင်ငံနှင့် မလေးရှားလေကြောင်းလိုင်းအပေါ် ဒုက္ခဝန်ထုပ်ဝန်ပိုးအသစ် ထပ်မံကျရောက်စေခဲ့သည်။
MH 370 လေယာဉ်နှင့်အတူ ပျောက်ဆုံးသွားသူတို့၏ ဆွေမျိုးများက ယခု ယူကရိန်း၌ လေယာဉ်ပစ်ချ ခံရမှုသည် တိုက်ဆိုင်မှု သက်သက်မဟုတ်ဟု ပြောကြားခဲ့ပြီး မလေးရှားလေကြောင်းလိုင်းနှင့် မလေးရှား အစိုးရအပေါ် ဝေဖန်မှုများ ပိုမိုပြင်းထန်လာခဲ့သည်။ သူတို့က လေကြောင်းလိုင်းနှင့် အစိုးရတို့သည် အချက်အလက်များကို ထိန်ချန်ထားကြောင်းနှင့် စုံစမ်းစစ်ဆေးမှုကို ကိုင်တွယ်ရာတွင် ဆောင်ရွက်ပုံမှာ သံသယဖြစ်ဖွယ်ကောင်းကြောင်း ဝေဖန်ခဲ့ကြသည်။
ဒါဇင်နှင့်ချီသည့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော အလောင်းများ၊ ခန္ဓာကိုယ် အစိတ်အပိုင်းများသည် ရုရှားနယ်စပ်အနီး ဂရာဘတ်ရွာရှိ မီးကျွမ်းထားသော အပျက်အစီးများတစ်ဝိုက် ပြန့်ကျဲလျက်ရှိသည်။ မလေးရှားလေကြောင်းလိုင်းက ပစ်ချခံလိုက်ရသည့် လေယာဉ်ပေါ်တွင် ခရီးသည် ၂၈၃ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၅ ဦး လိုက်ပါသွားကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းတို့ထဲတွင် နယ်သာလန်နိုင်ငံသား ၁၅၄ ဦး၊ မလေးရှားနိုင်ငံသား ၄၃ ဦး၊ ဩစတြေးလျနိုင်ငံသား ၂၈ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၁၂ ဦးတို့ ပါဝင်ကြောင်း သိရသည်။ သေဆုံးသူများအနက် ၁ဝဝ ခန့်သည် ဩစတြေးလျနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ AIDS ညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်များ ဖြစ်ကြောင်းလည်း သိရသည်။
အမေရိကန်က စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို အလျင်အမြန်ပြုလုပ်ရန် တောင်းဆိုထားသောကြောင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြန့်ကျဲနေသော အပျက်အစီးများအကြားရှိ သက်သေခံ ပစ္စည်းများကို ခြေရာလက်ရာမပျက် ထားကြရန် သတိပေးခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဇူလိုင် ၁၈ ရက်တွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူပြီး အဆိုပါ လေယာဉ်ပျက်ကျမှုကို ဆွေးနွေးခဲ့သည်။
စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ပြီးပြည့်စုံပြီး ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ပေးရန် ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ တောင်းဆိုခဲ့သည်။ အင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်းယူဒိုရိုနိုက ရုပ်သံမိန့်ခွန်းတစ်ရပ်၌ ပြင်းထန်သော စကားလုံးများကို သုံးစွဲလျက် လေယာဉ်သည် စစ်ဘက်ဆိုင်ရာ လက်နက်များဖြင့် ပစ်ချခံရခြင်းဖြစ်ခဲ့ပါက ယင်းသည် နိုင်ငံတကာဥပဒေကိုသာမက စစ်ပွဲဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှားလိုလားသော သူပုန်အကြီးအကဲတစ်ဦးက သူ၏လူများသည် မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် MH 17 လေယာဉ်ကို ယူကရိန်းစစ်တပ်မှ သယ်ယူပို့ဆောင်ရေး လေယာဉ်နှင့် မှားယွင်းကာ ပစ်ချမိခြင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးခဲ့သည်။ သို့သော် ရုရှားသမ္မတ ဗလာဒီမာပူတင်က ယင်းလေယာဉ် ပျက်ကျမှုအတွက် ယူကရိန်း အစိုးရသာလျှင် အပြည့်အဝတာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က စုံစမ်းစစ်ဆေးမှုတစ်ရပ် ချက်ချင်းပြုလုပ်ရန် ကြေညာခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ရာတွင် “မလေးရှားအတွက် ကြေကွဲဖွယ် နှစ်တစ်နှစ်ဖြစ်ခဲ့ပြီးနှင့်တဲ့နောက် ဒါဟာ ကြေကွဲဖွယ်နေ့ တစ်နေ့ပါပဲ” ဟု ပြောကြားခဲ့သည်။ နာဂျစ်က ဘေးဒုက္ခတုံ့ပြန်ရေး အထူးကျွမ်းကျင် အဖွဲ့တစ်ဖွဲ့ကို ကိဗ်သို့စေလွှတ်လိုက်ပြီး ယူကရိန်းအာဏာပိုင်များကလည်း လေယာဉ်ပျက်ကျသည့် နေရာသို့သွားနိုင်ရန် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စင်္ကြံလမ်းတစ်ရပ် ရရှိအောင် ကြိုးပမ်းပေးမည်ဟု သဘောတူထားကြောင်းလည်း ပြောကြားခဲ့သည်။
ယူကရိန်း ပဋိပက္ခဖြစ်ပွားပြီးနောက် လုံခြုံရေးစိတ်မချရသောကြောင့် အာရှုတိုက်မှ လေယာဉ်ပေါင်း များစွာတို့သည် ယူကရိန်းဝေဟင်ပိုင်နက်ကို ရှောင်ရှားခဲ့ကြသောကြောင့် မလေးရှားလေကြောင်းလိုင်းသည် အဘယ့်ကြောင့် ယင်းကဲ့သို့ ကြိုတင်ကာကွယ်မှု မလုပ်ရသနည်းဟု မေးခွန်းများ ပေါ်ထွက်လာခဲ့သည်။
Ref:AFP
အရပ်ဘက်လေယာဉ်ပစ်ချခံရမှု မှတ်တမ်းများ
- ၂ဝဝ၁ ခုနှစ် အောက်တိုဘာ ၄ - အစ္စရေးနိုင်ငံ တဲအဗစ်မြို့မှ ရုရှားနိုင်ငံ နိုဗိုစီဘာ့စ်မြို့သို့ ပျံသန်းသည့် ရုရှားလေယာဉ် Sibrir Tupolev-154 သည် ပင်လယ်နက်ဝေဟင်တွင် ပေါက်ကွဲခဲ့ပြီး ခရိုင်းမီးယား ကမ်းရိုးတန်းမှ ကီလိုမီတာ ၃ဝဝ (၁၈၆ မိုင်) ခန့်အကွာတွင် ပျက်ကျခဲ့သည်။ အစ္စရေးအများစု ပါဝင်သော လူ ၇၈ ဦး သေဆုံးခဲ့သည်။ ယူကရိန်းက ဒုံးကျည်ဖြင့် မှားယွင်းပစ်ခတ်မိခြင်းဖြစ်ကြောင်း သီတင်းပတ် တစ်ပတ် အကြာတွင် ထုတ်ပြန်ခဲ့သည်။
- ၁၉၈၈ ခုနှစ် ဇူလိုင် ၃ - အီရန်ရှိ ဘန် ဒါအဘတ်စ်မြို့မှ ယူအေအီးရှိ ဒူဘိုင်းမြို့သို့ ပျံသန်းသော အီရန်လေကြောင်းလိုင်းပိုင် အဲဘတ်စ် A-300 သည် ခရီးစဉ်စတင်ပြီး မကြာမီပင် အမေရိကန် စစ်သင်္ဘောတစ်စင်းထံမှ ဒုံးကျည်နှစ်စင်းထိမှန်၍ ပျက်ကျခဲ့သည်။ ဟော်မုဇ်ရေလက်ကြားတွင် ကင်းလှည့်နေသော အမေရိကန် စစ်သင်္ဘောသည် တိုက်လေယာဉ်နှင့် မှားယွင်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ခရီးသည် ၂၉ဝ ဦးသေဆုံးခဲ့သည်။ မှားယွင်းပစ်ခတ်မှုအတွက် အမေရိကန်က အီရန်ကို ဒေါ်လာ ၁ဝ၁ ဒသမ ၉ သန်း လျော်ကြေးပေးခဲ့သည်။
- ၁၉၈၃ ခုနှစ် စက်တင်ဘာ ၁ - ကိုရီးယားလေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၄၇ လေယာဉ်တစ်စင်းသည် လမ်းကြောင်းလွဲချော် ပျံသန်းခဲ့ပြီးနောက် ဆက်ခလင်ကျွန်းစုဝေဟင်တွင် ဆိုဗီယက်တိုက်လေယာဉ်များ၏ ပစ်ချခံခဲ့ရသည်။ ခရီးသည်နှင့် လေယာဉ် အမှုထမ်း စုစုပေါင်း ၂၆၉ ဦး သေဆုံးခဲ့သည်။ ဆိုဗီယက် တာဝန်ရှိသူများသည် တောင်ကိုရီးယားလေယာဉ်အား ပစ်ချခဲ့ခြင်းဖြစ်သည်ကို ငါးရက်အကြာတွင် သိရှိခဲ့ကြသည်။
- ၁၉၈ဝ ပြည့်နှစ် ဇွန် ၂၇ - အီတလီလေကြောင်းလိုင်း Itaviaပိုင် DC-9 လေယာဉ်သည် ဘိုလော့ဂနာမြို့မှ ပါလာမိုမြို့သို့ ပျံသန်းစဉ် စစ္စလီကျွန်းကမ်းလွန် ပင်လယ်အပြင်ဘက် အက်စတီကာ ကျွန်းစုအနီးတွင် ပေါက်ကွဲခဲ့သည်။ အမေရိကန် သို့မဟုတ် ပြင်သစ်တိုက်လေယာဉ်များက မှားယွင်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ရှိခဲ့သော်လည်း အမေရိကန်က ငြင်းပယ်ခဲ့ပြီး ပြင်သစ်ကာကွယ်ရေး ဝန်ကြီးဌာနက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။
- ၁၉၇၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ - လစ်ဗျား အာရပ်လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၂၇ လေယာဉ်သည် ထရီပိုလီမှ ကိုင်ရိုသို့ပျံသန်းစဉ် ဆိုင်နိုင်းသဲကန္တာရ ဝေဟင်တွင် အစ္စရေးတိုက်လေယာဉ်များ၏ ပစ်ချခံခဲ့ရသည်။ လေယာဉ်ပေါ်လိုက်ပါခဲ့သူ ၁၁၂ ဦးအနက် လေးဦး သေဆုံးခဲ့သည်။ ဘိုးရင်းလေယာဉ်က ဆိုင်နိုင်းရှိ အစ္စရေးစစ်ဘက်ဆိုင်ရာ အဆောက်အအုံများ အထက်မှ ပျံသန်းပြီးနောက် အစ္စရေးလေတပ်က ယင်းသို့လိုက်လံ ပစ်ချခဲ့ခြင်းဖြစ်သည်။ လေယာဉ်သည် မြေပြင်သို့ ဆင်းသက်ရန် ငြင်းဆန်သဖြင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အစ္စရေး အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
Ref:AFP
EMG

သြစတေးလျညီလာခံတက်မယ့်သူ တရာကျော် မလေးလေယာဉ်နဲ့ ပါသွား

ပစ်ချခံရပြီး ၂၉၈ ဦး သေဆုံးခဲ့တဲ့ မလေးရှားလေယာဉ်မှာ သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့ AIDS ညီလာခံကြီးတခုကိုတက်ရောက် ကိုယ်စားလှယ် အယောက် ၁ဝဝ ခန့် ပါဝင်သွားတယ်လို့ သြစတေးလျအွန်လိုင်းသတင်းတပုဒ်မှာ ရေးထားပါတယ်။
ဒီကိုယ်စားလှယ်တွေဟာ ဆေးသုတေသနသမား၊ ကျန်းမာရေးဝန်ထမ်း၊ ကျန်းမာရေးဆိုင်ရာတက်ကြွလှုပ်ရှားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။လေယာဉ် ပစ်ချခံရ တဲ့ သတင်းကိုတော့ ဒီဘလော့မှာ ရေးထားပါတယ်။ http://blog.irrawaddy.org/2014/07/mh-17.html မှာ ပြန်ဖတ်နိုင်ပါတယ်။
လေယာဉ်ပျက်ကျသွားတဲ့ ယူကရိန်းနယ်စပ်မှာတော့ ဒေသခံတွေကို ကိုးကားပြီး နယူးယောက်တိုင်းမ်မှာ ရေးထားတာကတော့ ခရီးသည်တွေရဲ့ ရုပ်အလောင်းတွေ မိုးပေါ်ကနေ မြေပင်ကို ပြုတ်ပြုတ်ကျလာတယ်၊ အပျက်အစီးအပိုင်းအစတွေလည်း အဲဒီအနီးတ၀ိုက်ကို ပြန့်ကျဲပြီး ကျလာတယ်လို့ ဆိုတယ်။
လေယာဉ်တိုက်ခိုက်ခံရပြီးနောက်ပိုင်း ကယ်ဆယ်ရေးလုပ်ငန်း လုပ်နေတဲ့ နယ်စပ်က ခွဲထွက်ရေးသူပုန်တယောက်ကတော့ အင်မတန်ကြောက်စရာကောင်းတဲ့အဖြစ်အပျက်ပဲ၊ သူတို့အားလုံး တုန်လှုပ်မိပါတယ်လို့ ပြောဆိုကြောင်း နယူးယောက်တိုင်းမ်မှာ ရေးပါတယ်။
ပြုတ်ကျလာတဲ့ ရုပ်အလောင်းတွေကို ကြည့်လိုက်တော့ ခရီးသည်အများအပြားဟာ ထိုင်ခုံခါးပတ်တွေ ပတ်ထားကြတုန်းပဲလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးလုပ်သားတွေပြောတော့ကတော့ ကလေးတွေရဲ့ ရုပ်အလောင်းတွေလည်း တွေ့ရတယ်လို့ ဆိုတယ်။
အဖြစ်အပျက်က ယူကရိန်းမှာ ပေါ်ပေါက်ခဲ့တဲ့အတွက် လေယာဉ်ပစ်ချမှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံရေးလောကမှာတော့ အကြီးအကျယ် ပွဲဆူနေပါတယ်။
လေယာဉ်ပစ်ချခံရတဲ့နေရာဒေသအကြောင်း ဆက်စပ်တဲ့ သတင်းတပုဒ်ရဲ့လင့်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
ဆက်စပ်
ခရိုင်းမီးယား ဒေသ ရုရှားပိုင် ဖြစ်သွားပြီ
http://burma.irrawaddy.org/news/2014/03/19/56480.html
မလေးရှား လေကြောင်းလိုင်း MH 17 ယူကရိန်းမှာ ပစ်ချခံရ
http://blog.irrawaddy.org/2014/07/mh-17.html
မလေးရှား MH 17 ပျက်ကျပြီး မြင်ကွင်းရုပ်သံ
http://blog.irrawaddy.org/2014/07/mh-17_18.html
ဧရာဝတီ

Wednesday, July 16, 2014

တရုတ် နိုင်ငံတွင် ဥမင် လိုဏ်ခေါင်း ပြိုကျ မှုကြောင့် ပိတ်မိ နေသော လုပ်သား ၁၅ ဦးကို ကယ်တင်ရန် ကြိုးပမ်း လျက်ရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဇူလိုင် ၁၄ ရက်က မီးရထားသံလမ်း ဥမင်လိုဏ်ခေါင်း တစ်ခု ပြိုကျမှုကြောင့်
၎င်း အပျက်အစီးများအတွင်း ပိတ်မိနေသည့် လုပ်သား ၁၅ ဦးကို ကယ်တင်ရန် အတွက် ကယ်ဆယ်ရေး သမား ၄ဝဝ ကျော်က ကြိုးပမ်းလျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့ သည်။
ဖြစ်ပွားပုံမှာ ဖူနင်ခရိုင်ရှိ Funing No.1 ဆောက်လုပ်ရေး ဥမင်လိုဏ်ခေါင်း၏ အစိတ်အပိုင်းတစ်ခု ပြိုကျ ခဲ့ခြင်းကြောင့်ဖြစ်ပြီး ပြိုကျသော အကန့်သည် ဥမင်လိုဏ်ခေါင်း ထွက်ပေါက်နှင့် လေး ကီလိုမီတာခန့် ဝေး ကွာကြောင်း သိရသည်။

Thursday, July 10, 2014

ကမ္ဘာ့ဖလားအောင်မြင်မှုက အခက်အခဲများရှိနိုင်သည့် အာဂျင်တီးနားနိုင်ငံကို ကူညီလိမ့်မည်ဟု မီဒီယာများဆို

အာဂျင်တီးနားနိုင်ငံ၏ မီဒီယာများက ကမ္ဘာ့ဖလားအောင်မြင်မှုကသာ မိမိတို့နိုင်ငံကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေးအကြပ်အတည်းများကြောင့် ကျဆင်းနေသည့် စိတ်ဓာတ်များကို ပြန်လည်မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ယူဆနေကြသည်။
လက်ရှိအချိန်တွင် အာဂျင်တီးနား စီးပွားရေးသည် ယိုင်နဲ့နဲ့ဖြစ်နေပြီး၊ နိုင်ငံတော်မှာလည် ကြွေးမြီပြဿနာ များနှင့် အခက်အခဲများရှိနေသည်။ အခက်အခဲများရှိပြီး၊ စီးပွားရေး ကျဆင်းနေသည့်ကြားမှပင် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း အာဂျင်တီးနားနိုင်ငံသည် ပွဲတော်ကြီးသဖွယ်ဖြစ်နေပြီး၊ အားလုံးက တက်ကြွလန်းဆန်းနေကြသည်ဟု အာဂျင်တီးနားသတင်းစာ Buenos Aires Herald ကဖော် ပြခဲ့သည်။ လမ်းမများပေါ်တွင် အဖြူ နှင့် မိုးပြာရောင် အစင်းစပ်ဝတ်စုံများကို လူတိုင်းက ၀တ်ဆင်ထားကြပြီး၊ ဘောလုံးပွဲရှိသည့်ရက်များတွင် နိုင်ငံတော်အလံများ ဝှေ့ယမ်းကာ၊ ကခုန်အားပေးမှုများ ပြုလုပ်နေကြသည်။
ဟော်လန်အသင်းနှင့် ကစားခဲ့သည့် ပွဲသည် အာဂျင်တီးနားနိုင်ငံ၏ လွတ်လပ်ရေးနှင့် တိုက်ဆိုင်နေသည့်တိုင် အားလုံးက ဘောလုံးကိုသာ စိတ်ရောက်နေကြသည်ဟုလည်း ဖော်ပြပါသတင်းစာက ရေးသားခဲ့သည်။ အာဂျင်တီးနားနိုင်ငံသည် လက်ရှိအချိန်၌ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးစီးပွားရေးအကြပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ငွေဖောင်းပွမှုနှုန်းမှာလည်း (၂၆)ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။
(ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီးနောက်ဗြူနို့စ်အေရီမြို့တွင် အာဂျင်တီးနား ပရိတ်သတ်များ အောင်ပွဲခံနေစဉ်(Photo: AFP))
Eleven Media Group

Photo: ကမ္ဘာ့ဖလားအောင်မြင်မှုက အခက်အခဲများရှိနိုင်သည့် အာဂျင်တီးနားနိုင်ငံကို ကူညီလိမ့်မည်ဟု မီဒီယာများဆို

အာဂျင်တီးနားနိုင်ငံ၏ မီဒီယာများက ကမ္ဘာ့ဖလားအောင်မြင်မှုကသာ မိမိတို့နိုင်ငံကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေးအကြပ်အတည်းများကြောင့် ကျဆင်းနေသည့် စိတ်ဓာတ်များကို ပြန်လည်မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ယူဆနေကြသည်။
လက်ရှိအချိန်တွင် အာဂျင်တီးနား စီးပွားရေးသည် ယိုင်နဲ့နဲ့ဖြစ်နေပြီး၊ နိုင်ငံတော်မှာလည် ကြွေးမြီပြဿနာ များနှင့် အခက်အခဲများရှိနေသည်။ အခက်အခဲများရှိပြီး၊ စီးပွားရေး ကျဆင်းနေသည့်ကြားမှပင် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း အာဂျင်တီးနားနိုင်ငံသည် ပွဲတော်ကြီးသဖွယ်ဖြစ်နေပြီး၊ အားလုံးက တက်ကြွလန်းဆန်းနေကြသည်ဟု အာဂျင်တီးနားသတင်းစာ Buenos Aires Herald ကဖော် ပြခဲ့သည်။ လမ်းမများပေါ်တွင် အဖြူ နှင့် မိုးပြာရောင် အစင်းစပ်ဝတ်စုံများကို လူတိုင်းက ၀တ်ဆင်ထားကြပြီး၊ ဘောလုံးပွဲရှိသည့်ရက်များတွင် နိုင်ငံတော်အလံများ ဝှေ့ယမ်းကာ၊ ကခုန်အားပေးမှုများ ပြုလုပ်နေကြသည်။
ဟော်လန်အသင်းနှင့် ကစားခဲ့သည့် ပွဲသည် အာဂျင်တီးနားနိုင်ငံ၏ လွတ်လပ်ရေးနှင့် တိုက်ဆိုင်နေသည့်တိုင် အားလုံးက ဘောလုံးကိုသာ စိတ်ရောက်နေကြသည်ဟုလည်း ဖော်ပြပါသတင်းစာက ရေးသားခဲ့သည်။ အာဂျင်တီးနားနိုင်ငံသည် လက်ရှိအချိန်၌ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးစီးပွားရေးအကြပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ငွေဖောင်းပွမှုနှုန်းမှာလည်း (၂၆)ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။
(ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီးနောက်ဗြူနို့စ်အေရီမြို့တွင် အာဂျင်တီးနား ပရိတ်သတ်များ အောင်ပွဲခံနေစဉ်(Photo: AFP))
Eleven Media Group

Wednesday, July 9, 2014

အနောက်အာဖရိကမှာ ဇူလိုင် ၃ ရက်ကနေ ၆ ရက်အကြား အီဘိုလာဗိုင်းရပ်စ် ကူးခံရမှု စုစုပေါင်း အယောက် ၅၀ ကျော်ရှိပြီး ၂၅ ဦး သေဆုံးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (ဒဗလျူအိတ်ခ်ျအို)က ဆိုပါတယ်။

Ebola


အနောက်အာဖရိကမှာ ဇူလိုင် ၃ ရက်ကနေ ၆ ရက်အကြား အီဘိုလာဗိုင်းရပ်စ် ကူးခံရမှု စုစုပေါင်း အယောက် ၅၀ ကျော်ရှိပြီး ၂၅ ဦး သေဆုံးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (ဒဗလျူအိတ်ခ်ျအို)က ဆိုပါတယ်။

ဆီရီယာလီယွန်နိုင်ငံမှာ ကူးစက်မှု ၃၄ မှုနဲ့ သေဆုံးမှု ၁၄ မှု၊ လိုက်ဘေးရီးယားနိုင်ငံမှာ ကူးစက်မှု ၁၆ မှုနဲ့ သေဆုံးမှု ၉ မှု ရှိခဲ့တယ်လို့ ဒေသခံ ကျန်းမာရေးဌာနတွေက သတင်း အချက်အလက် ထုတ်ပြန်ချက်အရ သိရပါတယ်။ ဂီနီနိုင်ငံမှာတော့ သေဆုံးမှု ၂ မှု ရှိခဲ့ပါတယ်။
ဒဗလျူအိတ်ခ်ျအိုရဲ့ပြောခွင့်ရ ဖေဒေလာချေ့ဘ်ကတော့ “ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ စောင့်ကြည့် မှုတွေ အားဖြည့်ရေး၊ ကျန်းမာရေးပညာရှင်တွေ ပိုပြီးတာဝန်ချထားရေးနဲ့ သတင်းအချက်အလက် မျှဝေမှု တိုးမြှင့်ရေးတို့က အရေးကြီးတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က ပြောပြီး ကျန်းမာရေးလုပ်သားတွေနဲ့ ပူးပေါင်းဖို့ ဒေသခံလူထုက တွန့်ဆုတ်မှုတွေ အများကြီး ရှိနေသေးတယ်။ နိုင်ငံတကာလူ့အဖွဲ့အစည်းဟာ ဒီ ၃ နိုင်ငံအတွက် ပညာရှင်တွေ ပိုပြီး တာဝန်ချပေးသင့်တယ်။ ဒေသတွင်းနိုင်ငံတွေဟာလဲ သတင်းအချက်အလက်တွေကို မျှဝေရာမှာ တကယ် အတူတူအလုပ်လုပ်သင့်တယ်။ အတိတ်မှာ အီဘိုလာဗိုင်းရပ်စ် ပြန့်ပွားဖူးတဲ့နိုင်ငံတွေ ကနေ အတွေ့အကြုံတွေကို ကြားဖို့ သိပ်ကို စိတ်ဝင်စားတယ်။ အနောက်အာဖရိကမှာတော့ အီဘိုလာက ခုမှ စဖြစ်တာ”လို့ ဆက်ပြောပါတယ်။
အရင်ထက် စိန်ခေါ်မှုပိုများတဲ့အချက်က ခုတကြိမ်မှာ ကူးစက်မှုအသေးလေးတွေ နေရာအတော်များများမှာ ပျံ့နှံ့ပြီး ၃ နိုင်ငံမှာ ကူးစက်နေတာလို့ သူက ဆက်ပြောပါတယ်။
ကူးစက်ပျံ့နှံ့မှုကို ကောက်ချက် မချရသေးပေမယ့် ဗိုင်းရပ်စ်ပြန့်နှံ့မှုကို ထိန်းချုပ်ထား နိုင်ဆဲပဲလို့ ဒဗလျူအိတ်ခ်ျအိုက ပြောပါတယ်။
အစီရင်ခံစာတွေအရ ဗိုင်းရပ်စ်ကြောင့် ဂီနီ၊ လိုက်ဘေးနီးယားနဲ့ ဆီရီယာလီယွန် နိုင်ငံတွေမှာ ကျန်ခဲ့တဲ့ ၄ လအတွင်း လူ ၄၅၅ ယောက် သေဆုံးခဲ့လို့ မှတ်တမ်းတလျှောက် လူသေအများဆုံး အီဘိုလာ ကူးစက်မှု ဖြစ်ခဲ့ပါတယ်။

Credit; DVB