Monday, June 17, 2013

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း



လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။

ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်

ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။

ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။

ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး..အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။

အားလုံး အဆင်ပြေကြပါစေဗျား !!!
http://www.facebook.com/ko.seinthan မှကူးယူဖော်ပြသည်။

CES မှစိတ်ဝင်စားဖွယ် နည်းပညာပစ္စည်းအသစ်များ



CES ( Consumer Electronics Show) ဆိုတာကတော့ ဆယ်စုနှစ် လေးခုလောက် အောက်မြင်မှုရထားတဲ့ အပြည်ပြည်ဆိုင်ရာ လျှပ်စစ်ထုတ်ကုန် ပြပွဲဖြစ်ပါတယ်။ Consumer Electronics Association (CEA) မှာပါဝင်တဲ့ ကုမ္ပဏီများမှ ထုတ်ကုန်များ၊ ဒီဇိုင်းများ၊ ဆော့ဝဲများ စသည်ဖြင့် လျှပ်စစ်ထုတ်ကုန်ပစ္စည်းများ အားလုံးကို ၀ယ်သူနဲ့ မိတ်ဆက်ပေးတဲ့ပြပွဲကြီးဖြစ်ပါတယ်။ အခုနောက်ဆုံးပြုလိုက်သွားတဲ့နေရာကတော့ Las Vegas, Nevada, USA မှာဖြစ်ပြီး ဇန်န၀ါရီလ ၃ ရက်ကနေ ၆ ရက်နေ့အထိပြုလုပ်သွားတာ ဖြစ်ပါတယ်။ အဲဒီပြပွဲမှာ ပြသသွားတဲ့ ထုတ်ကုန်တွေ ထဲက စိတ်ဝင်စားဖွယ် အကောင်းဆုံးများကတော့ .....
Samsung Galaxy Note

ဆိုက်ကတော့ ၅.၃ လက်မ ဖြစ်ပါတယ်။ Addroid ဖုန်းဆိုလည်း ဟုတ်သလို android tablet ဆိုရင်လည်း ဟုတ်ပါတယ်။ အထူကတော့ iPhone နဲ့အတူတူပါပဲ။ ခဲခြစ်ပုံများ ဆွဲချင်သူအတွင် pen strokes နဲ့ကောက်ကြောင်းများ ကောင်းမွန်စွာ ဖန်တီးလို့ရနိုင်ပါတယ်။
Dell XPS 13 Ultrabook

Dell ရဲ့ အပါးလွှာဆုံး ကွန်ပြူတာ ဖြစ်တဲ့ XPS 13 ကိုပဲ Ultrabook ဖြစ်အောင် ပြန်လည် ပြုပြင်ထားတာဖြစ်ပါတယ်။ အလူမီနီယံ အဖုန်း၊ ကာဘွန် ဖိုင်ဖာ နှစ်မျိုးအသုံးပြုထားတာဖြစ်ပါတယ်။ 13.3-inch screen ဖြစ်ပေးမယ် မော်နီတာ ဘေးအနားများကို ခပ်ကျဉ်းကျဉ်းပဲ နေရာယူပြီး ပြုလုပ်ထားတဲ့အတွက် ခရီးသွားရင်တော့ ၁၁ လက်မ ကွန်ပြူတာ သယ်သွားသလိုလောက်ပဲ ဖြစ်နေမှာပါ။ ဘက်ထရီကတော့ ၉ နာရီခံပါမယ်လို့ အာမခံထားပါသေးတယ်။ အလေးချိန်ကတော့ ၂.၉၈ ပေါင်။ အထူကတော့ ၀.၇၅ လက်မပါ၊ ဖေဖ၀ါရီ နှောင်းပိုင်းလောက်မှာ ၉၉၉ ဒေါ်လာလောက်နဲ့ ဖြန့်ချိမယ်လို့ သိရပါတယ်။
Toshiba Excite X10

Toshiba ရဲ့နောက်ဆုံးထွက်မယ့် tablet က တော့ အလွန်ပါးပြီး အလွန်ပေါ့ပါးတယ်လို့ပဲ ယူဆရမှာပါ။ TV နဲ့ အလွယ်တကူချိတ်ဆက်လို့ရသလို တစ်ခြား အရံပစ္စည်းများစွာနဲ့လည်း အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၂၈ ပေါင်ဖြစ်ပြီ။ ၀.၃ လက်မ လောက်ပဲထူပါတယ်။ ဖေဖ၀ါရီလလောက်မှာ USD 529 လောက်နဲ့ စတင်ရောင်းချမှာဖြစ်ပါတယ်။
Intel Smartphone Reference Design

Intel ကတော့ စမတ်ဖုန်းထဲကို စတင်ခြေချဖို့ထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ်။ အခုထုတ်မယ့် intel-designed android စမတ်ဖုန်းကို မော်တော်ရိုလာ ရဲ့ ရှိပြီးသား ဒီဇိုင်းများ နဲ့ လေး ငါး နှစ်လောက် အတူတွဲပြီး စမတ်ဖုန်း ဈေးကွက်ထဲ ၀င်ရောက် ယှဉ်ပြိုင်မယ် လို့လည်းဆိုပါတယ်။ ဒီနှစ်ဝက်လောက်မှာပဲ Intel-powered Motoraola စမတ်ဖုန်းဆိုပြီး ထုတ်မယ်လိုလည်း ဆိုထားပါသေးတယ်။ ဈေးနှုန်းကတော့ တစ်ခြား စမတ်ဖုန်းများ နည်းတူပါပဲတဲ့။
Samsung Series 9 Notebook

samsung ရဲ့ဒုတိယမျိုးဆက် ultrabook ပါ။ ၁၃.၃ လက်မ ကတော့ ၂.၅ ပေါင်လေးပြီး လက်မ၀က်လောက်ပဲ ထူပါတယ်။ ၁၅ လက်မ ဆိုရင်တော့ ပေါင်အနည်းငယ်ပိုလေးလာတာပဲ ရှိမှာပါ။ နှစ်ခုစလုံးက 1600X900 resolution screens နဲ့ဖြစ်ပြီး အရင်နှစ်က ထုတ်ထားတဲ့ 1366X 768 screens ကိုပဲ ပိုကောင်းအောင် ပြုပြင်ထားတာပါ။ ဖေဖ၀ါရီလထဲမှာ ပဲ အမေရိကန် ဒေါ်လာ ၁၃၉၉ နဲ့ ဖြန့်ချိမှာပါ။
Nokia Lumia 900

Nokia ပထမဆုံး 4G LTE Windows ဖုန်းပါ။ အနည်းငယ်ကြီးသယောင်ရှိတဲ့ screens နဲ့ polycarbonate ဟန်းဆက် ဖြစ်ပါတယ်။ တစ်ချိန်က မိုဘိုင်းဈေးကွက်မှာ နေရာယူမှ ကြီးမားလှတဲ့ nokia အခုတစ်ဖန် ပြန်လည်နေရာယူဖို့ ကျိုးစားနေသလိုပါပဲ။ ၄.၃ လက်မ စကရင်။ 4G LTE, Windows phone 7.5 software နဲ့ပါ။ ဖေဖ၀ါရီလထဲမှာပါ ဈေးကွက်မှာဖြန့်ချိမှာဖြစ်ပြီး ဈေးနှုန်းတော့မသိရသေးပါဘူး။
Eye-Controlled Computing

မောက်စ် သုံးစရာမလိုပဲ စကရင်ပေါ်ကို မျက်လုံး လိုက်ကြည့်တဲ့နေရာကို mouse pointer က ရွှေ့သွားအောင် ပြုလုပ်ထားတဲ့ နည်းပညာပါ။ consumer တွေအသုံးပြုဖို့ အတွက်ကတော့ နောက်တစ်နှစ်လောက် စောင့်ရအုံးဖြစ်ပေမယ့် CES မှာကတော့ ပြသသွားပါတယ်။ ဆေးပညာလောကမှာတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက အသုံး ပြုနေပြီးဖြစ်ပါတယ်။
Motorola Droid Razr MAXX

စမတ်ဖုန်းရဲ့ နောက်မျိုးဆက် တစ်ခုဖြစ်တဲ့ 4G LTE network ရဲ ဘထရီ အလွန်စားတဲ့ ပြဿကို ဖြေရှင်းထားတဲ့ စမတ်ဖုန်း အသစ်ပါ။ ဘက်ထရီက နာရီ ၂၀ ခံမယ်လို့ အာမခံထားပါတယ်။ အထူကတော့ ဈေးကွက်ထဲရှိတဲ့ တစ်ခြား စမတ်ဖုန်း တွေ အတိုင်းပဲ ဖြစ်ပါတယ်။ ၄.၅ လက်မ 960X540 display, 3,300 mAh, ဘက်ထရီ ၂၁ နာရီပြောနိုင်ပါတယ်။ android 4G LTE, အထူ ၀.၃၅ လက်မ
Windows 8 Tablet/Laptop Hybrids

Microsoft က Windows 8 ကို touch အသားပေးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ ကီးဘုတ်နဲ့ မောက်စ် ကို အသုံးပြုရတာ အားသန်နေတုန်းဖြစ်တဲ့အတွက် Microsoft ရဲ့ ပါတနာ ကုမ္ပဏီတွေက နှစ်မျိုးလုံး သုံးလို့ရမယ့် ဟာမျိုး ထုတ်ဖို့ ရည်ရွယ်နေကြပါတယ်။ tablet နဲ့ Notebook နှစ်မျိုးလုံးသုံးလို့ရမယ့်ဟာမျိုးပါ။ windows 8 ထွက်မှ ဒီနှစ်ကုန်ပိုင်းမှာ ပဲ ထွက်လာဖို့ ရှိပါတယ်။
OnLive Desktop

တော်တော်များများကတော့ Onlive ကို cloud gaming service လို့သိကြပါတယ်။ windows user တွေအတွက် application တွေ စက်ထဲ တင်စရာ မလိုပဲ server ပေါ်က application တွေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
3D Body-Mapping

Microsoft's Kinect camera က Bodymetrics leverages နည်းပညာကို အသုံးပြုပြီး စကရင် ပေါ်မှာ 3D ပုံစံနဲ့ပြန်ပြပေးမှာဖြစ်ပါတယ်။ သင့်ရဲ့ အဲဒီ 3D ဓါတ်ပုံကို online clothing store မှာ တင်လိုက်ပြီး သင်ကြိုက်တဲ့ အင်္ကျီ ဒီဇိုင်းက ကိုယ့်ကိုယ်ခန္ဓာ နဲ့ တော်မတော် စမ်းသပ်ကြည့်လို့ရမှာဖြစ်ပါတယ်။ လာမယ့် နွေရာသီမှာတော့ စတိုးဆိုင်တွေမှာ တပ်ဆင် အသုံးပြုမှာဖြစ်ပြီး အိမ်သုံးအတွက်တော့ မကြာခင် ဖြန့်ချီမှာ ဖြစ်ပါတယ်။
Asus MeMo Tablet

၇ လက်မ andorid tablet ဖြစ်ပါတယ်။ Nvidia tegra 3 နဲ့ quad-core processor, 1280X800 display resolution, နောက်ဆုံးထွက် Android, 16-gigabytes, 8 megapixel camera. ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၅၀

Sunday, June 16, 2013

ရေရဲ့အစွမ်းအံ့မခန်း


၁) သင့်ဦးနှောက်၏ ၇၅ % အဖြစ် ဖွဲ့စည်းပါဝင်သည်...

၂) သင့်ကိုယ်ခန္ဓာအပူချိန်ကို ထိန်းချုပ်ပေးသည်....

၃) သင့်သွေး ၈၃ % တွင်ပါဝင်သည်...

၎) သင့်ကြွက်သားများ၏ ၇၅ % တွင်ပါဝင်သည်...

၅) သင့်အရိုး၏ ၂၂ % အဖြစ်ဖွဲ့စည်းထားသည်...

၆) အစားအစာမှ စွမ်းအင်အဖြစ်ပြောင်းလဲရာတွင် ကူညီသည်...

၇) အညစ်အကြေးနှင့် အဆိပ်အတောက်များ ဖယ်ရှားပေးသည်...

၈) အာဟာရများကို ခန္ဓာကိုယ်မှ စုပ်ယူနိုင်ရန် ကူညီပေးသည်...

၉) အသက်ရှူရန်အတွက် အောက်ဆီဂျင်ကို စိုစွတ်စေသည်...

၁၀) အရိုးအဆစ်များအတွက် အခုအခံအကာအကွယ်ဖြစ်စေသည်...

၁၁) အာဟာရနှင့် အောက်ဆီဂျင်များကို သင့်ဆဲလ်များထံ ကူညီသယ်ဆောင်ပေးသည်...

၁၂) အလုပ်လုပ်ဆောင်နိုင်စွမ်းမြင့်မားစေသည်...

၁၃) ခေါင်းကိုက်ခြင်းအတွက် သဘာဝကုထုံးဖြစ်သည်...

၁၄) ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး စိတ်အာရုံဝင်စားမှုမြင့်မားစေသည်...

၁၅) ကင်ဆာဖြစ်နိုင်ခြေလျှော့ချပေးသည်...

၁၆) လေ့ကျင့်ခန်းလုပ်ဆောင်ရာတွင် စွမ်းဆောင်ရည်တိုးမြင့်စေသည်...

၁၇) သင့်ကို နုပျိုကျန်းမာစေရန်ပြုလုပ်ပေးနိုင်သည်...

မိမိဆီကို ၀င်လာတဲ့ အ၀င်ဖုန်းမှာ ဖုန်းခေါ်ဆိုသူရဲ့ပုံကို Screen အပြည့်ဖော်ပေးမယ့် Application လေးတစ် ခုတင်ပေးလိုက်ပါတယ်ဗျာ။ အရင်ကတော့ ကျွန်တော်တို့ ဖုန်းကို ဖုန်းဝင်လာပြီဆိုရင် ဖုန်းခေါ်တဲ့သူရဲ့ပုံ ကိုထည့်ထားရင်တော့ ခပ်သေးသေးလေးဘဲမြင်ရပါတယ်။ အခု Full Screen Caller ကတော့ အပြည့်ကို မြင် ရအောင်ဖော်ပြပေးမှာပါ။ ဒါလေးတင်ဘဲလားဆိုတော့လည်းမဟုတ်သေးပါဘူး ဖုန်းကိုင်တဲ့ / ဖုန်းချတဲ့ စတိုင်လေးပါပြောင်းသွားတယ်ဗျာ။ ဒါ့အပြင် အခြားသော Call နဲ့ပတ်သက်တဲ့ Style တော်တော်များများ ကိုစိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်ဗျာ။ အသေးစိတ်မရှင်းပြတော့ဘူးနော်။ ကိုတိုင်စမ်းပြီး ကလိကြည့်ရင် ဒီထက်ပိုတဲ့ Function တွေကို ရှာတွေ့မှာပါ။ အသုံးပြုရတာလွယ်ပါတယ်။ Android OS 2.1 နှင့်အထက်ဖုန်း များမှာ အသုံးပြုနိုင်ပါတယ်ဗျာ။ စတိုင်အလန်းလေးတွေကိုတော့အောက်မှာပြပေးလိုက်တယ်နော်။ အဲဒီ အတိုင်းဖုန်းဝင်ရင်ပေါ်မှာပါဗျာ။ အဲဒီကောင်မလေးတွေကတော့ ဖုန်းခေါ်မှာမဟုတ်ဘူးနော်။.


Download>>>
http://bluenavyblog.blogspot.com/2013/06/full-screen-caller-id-pro-v954apk-for.html

Gmail အကောင့်အတွက် ဖုန်းမလိုတဲ့ နည်းလမ်းသစ်ဖွင့်နည်း

ကျွန်တော် တို့မြန် မာနိုင်ငံသား အင်တာနက် သုံးစွဲ သူတွေ အနေနဲ့ gmail အကောင့်အသစ်ဖွင့် တာနဲ့ ပတ်သက်ပြီး စိတ်ကသိ ကအောက် သိပ်ဖြစ်ရပါတယ်။ 
အကောင့်တစ်ခုဖွင့်ဖို့ ဖုန်းနံပါတ်ကလည်း သုံးချင်တိုင်းသုံးမရ ။ google ရဲ့ပြောင်းလဲနေ တဲ့ပေါ်လ စီတွေကြောင့် ဖုန်းနံပါတ်မှမရှိရင် gmail အကောင့် အသစ်ကို လုံးဝဖွင့်လို့မရတော့မယ်အတိုင်း သိပ် စိတ်လေ ရပါတယ် ။
gmail အကောင့်အသစ်တစ်ခုကို ဖုန်းနံပါတ်မလိုပဲ အကျော်အခွလုပ်ပြီး ဖွင့်တဲ့နည်းကို ကျွန်တော် Facebook Group တွေထဲမှာ မျှဝေခဲ့ဖူးပါတယ်။
ဖြစ်ချင်တော့ အဲဒီနည်းက အခု သုံးလို့မဆင်မပြေတော့ဘူးဖြစ်သွားတယ် .. (ကျွန်တော့်ရဲ့ နည်းပညာ ပိုင်းဆိုင်ရာ နိမ့်ပါးမှုကြောင့်လည်း အဲဒီနည်းနဲ့ အဆင်မပြေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်)

ကဲ .. အခုတော့ တော်တော်လေးလည်း ပျော်စရာကောင်းတဲ့အပြင် အရာရာတိုင်းနီးပါးကို သိလှပါတယ်ဆိုတဲ့ Google ကို လှည့်စားပြီး gmail အကောင့်တွေ

Read More>>>http://bluenavyblog.blogspot.com/2013/06/gmail.html

နိုင်ငံကူးလက်မှတ်မရှိလည်း သံရုံးမှ C of I ပါရှိပါက မလေးပြန်များအား အရေးယူမည်မဟုတ်

နိုင်ငံကူးလက်မှတ်ပျောက်သွားပြီး မြန်မာနိုင်ငံသို့ ပြန်လာချင်သည့် မလေးရှားရောက် မြန်မာနိုင်ငံသားအလုပ်သမားများကိစ္စရပ်နှင့် စပ်လျဉ်း၍ မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင် Certificate of Identity (C of I)ဟုခေါ်သည့် မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက်ပါရှိပါက အရေး ယူမှုများပြုလုပ်မည်မဟုတ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မြင့်၏ ပြောကြားချက်အရ သိရသည်။

“တကယ်တော့ နိုင်ငံကူးလက်မှတ်စာအုပ်က အစစ်ဖြစ်ပြီး သံရုံးတံဆိပ်က အတုဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံကို ပြန်မလာရဲဘဲ အရေးယူခံရ မှာ ကြောက်နေတာပေါ့။ တကယ်တော့ အဲဒီလိုမျိုး မလုပ်ပါဘူး။ အမှန်က ပတ်စပို့ကလည်းအတု သံရုံးတံဆိပ်ကလည်း အတုဖြစ်နေမှသာ အရေးယူတာပါ”ဟု ၎င်းက ပြောကြားသည်။

သို့သော် ယင်းသို့ အထောက်အထားအကုန်လုံး အတုဖြစ်နေပြီး လက်ဝယ်တွင်ကိုင်ဆောင်ထားပါက ထောင်ဒဏ်အဖြစ် ၆ လ ကျခံရမည်ဖြစ် ကြောင်း သိရပြီး ပတ်စပို့စာအုပ်မှာ အစစ်ဖြစ်နေပြီး သံရုံးတံဆိပ်တုံးမှာ အတုဖြစ်နေပါက သိမ်းဆည်းမည်ဖြစ်ကြောင်းနှင့် နောင်တချိန်တွင် ပြန်လည်၍ နိုင်ငံကူးလက်မှတ်လျှောက်ထားမည်ဆိုသည့်အချိန်မှသာ အခွန်ကိစ္စများ ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား နှစ်သိန်းခြောက်သောင်းခန့် အလုပ် လုပ်ကိုင်နေကြပြီး ၎င်းတို့အထဲမှ တစ်သိန်းခွဲခန့်သည် တရားမဝင် လာရောက်လုပ်ကိုင်နေသူများဖြစ်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့ခေတ်

Huawei အမျိုးအစားများအတွက် Firmware တင်နည်း မသိသေးတဲ့သူတွေအတွက် ပါ

အရင်ဆုံးမိမိဖုန်းအတွက် လိုအပ်တဲ့ Firmware ကိုဒေါင်းလော့ဆွဲရပါမယ် ။
ဒေါင်းပြီးပြီဆိုရင်တော့ zip ဖိုင်လေးကိုဖြည်လိုက်ပါ
အဲ့ထဲကနေ dload ဆိုတဲ့ဖိုင်ထွက်လာပါလိမ့်မယ်
dload ဆိုတဲ့ဖိုင်ကို SD card အလွတ်ထဲထည့်လိုက်ပါ

(မိမိ ကတ်က 2 GB ကတ်ဖြစ်ရပါမယ် ကတ်အထဲတွင် မည်သည့်ဖိုင်မျှ မရှိရပါ )
ဖုန်းကိုပါဝါပိတ်ထားပါ ပြီးရင် Vol Downl+Vol Up+ Power Key သုံးခုစလုံးကို ပြိုင်နှိပ်ထားပါ

အဲဒါဆိုရင်တော့အပေါ်ကပုံထဲကလို သူ့ဘာသာအလုပ်လုပ်သွားပါလိမ့်မယ်
Update Complete ဆိုရင်ပြီးရင်တော့ Reboot ပြန်တက်လာပါလိမ့်မယ်
Reboot တက်တာနည်းနည်းတော့ကြာတတ်ပါတယ်

Firmware တင်ခြင်းအောင်မြင်စွာပြီးသွားပါပြီခင်ဗျာ

Saturday, June 15, 2013

Friday, June 14, 2013

အူမကြီးကင်ဆာ ရောဂါကို ကာကွယ်နိုင်သည့် နည်းလမ်း ငါးသွယ်


Photo



၁။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြားပါဝင်သော ကော်ဖီသောက်ပါ

နေ့စဉ် ကော်ဖီသုံးခွက် သောက်တာကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ကြောင်း ဗင်ဒါဗစ် တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ခန္ဓာကိုယ်တွင်း ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေဟာ ကော်ဖီမှ Chlorogenic နဲ့ Caffeic အက်စစ်ကို စုပ်ယူခဲ့ရင် ကင်ဆာဆဲလ်အဖြစ် မပြောင်းလဲခင်မှာပင် ကြီးထွားမှု ရပ်တန့်သွားတာကြောင့်လို့ ဆိုပါတယ်။

၂။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို နံနက်စာအဖြစ် စားသုံးပါ

မနက်တိုင်း ကောက်နှံတစ်ခုလုံး ပါဝင်တဲ့ ကွေကာ (Bran Cereal) ကို ခွက်တစ်ဝက်စာ စားသုံးတာကြောင့် အူမကြီးအတွင်း ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားမှု ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း USDA ရဲ့ လေ့လာမှုအရ တွေ့ရှိခဲ့ပါတယ်။ အမျှင်ဓာတ်တွေဟာ အူအမြှေးပါးတွေကို ပျက်စီးစေနိုင်တဲ့ သည်းခြေ အက်စစ်တွေနဲ့ ပူးပေါင်းလိုက်တာကြောင့်ပါ။ ဒါ့အပြင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေတဲ့ ဝမ်းချုပ်တာ မဖြစ်အောင်လည်း ကာကွယ်ထားနိုင်လို့ပါ။

၃။ ကင်ဆာဖြစ်နိုင်ခြေ ၃၈ ရာခိုင်နှုန်း လျှော့ချနိုင်အောင် သစ်သီးများများစားပါ

နေ့စဉ် ခွက်နှစ်ခွက်ခွဲစာ သစ်သီးစားသုံးသူတွေဟာ ကင်ဆာအကြို ဖြစ်နိုင်ခြေ အူမကြီးအတွင်း အသားပို (Polyp) ထွက်နှုန်း ၃၈ ရာခိုင်နှုန်း လျော့နည်းသွားနိုင်ပါတယ်။ Polyp ရှိသူတွေဟာ ငါးနှစ်မှ ၁၀ အတွင်း ကင်ဆာဖြစ်သွားတတ်လို့ပါ။ သစ်သီးတွေမှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြား ပါဝင်လို့ပါ။

၎။ ဟင်းခတ်အမွှေးအကြိုင်များ အသုံးပြုပါ

နနွင်းကို အဝါရောင်ဖြစ်စေတဲ့ ကာကူမင်ဒြပ်ပေါင်းဟာ ၂၄ နာရီအတွင်း အူမကြီး ကင်ဆာဆဲလ်တွေရဲ့ ၂၅ ရာခိုင်နှုန်းကို ဖျက်ဆီးပစ်နိုင်တယ်လို့ လူစီယားနား တက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ နေ့စဉ် ဟင်းချက်တိုင်း နနွင်း အသုံးပြုပေးပါ။

၅။ အရက်ပမာဏ လျှော့သောက်ပါ

ဝီစကီ၊ ဂျင်မ်၊ ဒါမှမဟုတ် ဗော်ဒကာကို အပတ်စဉ် ကိုးခွက်ထက် ပိုသောက်သူတွေဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ သုံးဆ ပိုများတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါပေမဲ့ နေ့စဉ် ဝိုင်အနီ တစ်ခွက် သောက်တာဟာ ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဖလေဗိုးနွိုက်တွေ ပါဝင်လို့ပါ။ 

သင်မသိသေးသော ကျန်းမာရေး လျှို့ဝှက်ချက်များ


Photo



ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်စတဲ့ အသီးအရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေဆိုတာ သိထားပေမယ့် ရိုးရှင်းလွန်းတာကြောင့် အမြဲတမ်း ဒါတွေကိုပဲ စားဖို့ မဖြစ်နိုင်ပါဘူး။ ထပ်မံလေ့လာထားတဲ့ သုတေသနပြုချက်တွေအရ အောက်ပါ အစားအစာတွေကို စားသုံးပေးတာက သင့်ကျန်းမာရေးကို အံ့အားသင့်စရာ ကောင်းလောက်အောင် ကူညီပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

နှလုံးကျန်းမာစေသော လျှို့ဝှက်ချက်

ပဲသုပ် စားပေးပါပဲမှာ

ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပြီး အူထဲမှာရှိတဲ့ ကလက်စထရောတွေကို ပေါင်းလိုက်ကာ ခန္ဓာကိုယ်အပြင်ဘက်ကို စွန့်ပစ်ပစ္စည်းအဖြစ် ထုတ်ပါတယ်။ ဒါ့အပြင် ပဲမှာပါတဲ့ ကစီဓာတ်က ခန္ဓာကိုယ်မှ ဓာတ်တစ်မျိုးကို ထုတ်စေပြီး ကိုလက်စထရောအသစ် ဖြစ်ပေါ်မှုကို ဟန့်တားပေးပါတယ်။

ရင်သားကို အကာအကွယ်ပေးသော လျှို့ဝှက်ချက်

ကန်စွန်းဥထောင်းစားပါ

ဘီတာကယ်ရိုတင်းက ဆဲလ်ဒီအန်အေကို ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ ဖျက်ဆီးမှုမှ ကာကွယ်ပေးပါတယ်လို့ သုတေသီတွေက ရှင်းပြပါတယ်။ သုတေသီတွေက မျောက်ဥမှာကော ကန်စွန်းဥလို ဘီတာကယ်ရိုတင်း ပါဝင်မှုကို လေ့လာခဲ့ပါတယ်။ မျောက်ဥထက် ကန်စွန်းဥမှာ ဘီတာကယ်ရိုတင်း ပါဝင်မှု အဆ ၂၀၀ ကျော် ပိုမိုတယ်လို့ ဆိုပါတယ်။

စိတ်ခံစားမှု မြှင့်တင်ပေးနိုင်သော လျှို့ဝှက်ချက်

အသားစားပါ

အဆီဖယ်ထားတဲ့ အသားစားသုံးပါက ရရှိလာတဲ့ ပရိုတင်းဓာတ်တွေက စိတ်ခံစားမှု ကောင်းစေပြီး နိုးကြားတက်ကြွစေတဲ့ ဒိုပါမင်းဟော်မုန်းပမာဏကို မြှင့်တင်ပေးတယ်လို့ အစားအစာနဲ့ စိတ်အကြောင်း စာအုပ်ရေးသားသူ Elizabeth Somer က ပြောပါတယ်။ အဆီဖယ်ထားတဲ့ အမဲသား စားသုံးပါက သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် ဘီစစ်နဲ့ ဘီတွဲ ပမာဏရဲ့ ၇၅ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဒီဗီတာမင်တွေက အာရုံကြော လုပ်ငန်းဆောင်တာတွေကို တိုတက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။

အရိုးအဆစ် နာကျင်မှုများမှ သက်သာစေသော လျှို့ဝှက်ချက်

ငရုတ်သီးစားပါ

ငရုတ်သီးကနေ ရရှိနိုင်တဲ့ ဗီတာမင်စီက အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး တွယ်ဆက်တစ်သျှူးတွေကို free radical တွေရဲ့ ပျက်စီးမှုမှ ကာကွယ်ပေးပြီး ကိုလာဂျင်အသစ် ဖြစ်ပေါ်စေပါတယ်။ အသစ်ဖြစ်ပေါ်လာတဲ့ ကိုလာဂျင်တွေကြောင့် အရိုးအဆစ်တွေအပေါ် သက်ရောက်တဲ့ ယို့ယွင်းမှုတွေကို လျော့နည်းစေပါတယ်။

အယ်လ်ဇိုင်းမား ရောဂါမဖြစ်အောင် ကာကွယ်နိုင်သော လျှို့ဝှက်ချက်

ကော်ဖီသောက်ပါ

ကော်ဖီမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က ဦးနှောက်ဆဲလ်တွေရဲ့လုပ်ဆောင်မှုကို အားပေးပြီး ဦးနှောက်သွေးကြောတွေထဲမှာ ဒုက္ခဖြစ်စေတဲ့ သွေးခဲဖတ်တွေ ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ လေ့လာမှုမှာ တွေ့ရှိချက်အရ ကက်ဖင်းဓာတ်က ဦးနှောက်ကို ထိခိုက်မှုဖြစ်စေတဲ့ အဆိပ် အရေအတွက်ကိုလည်း လျှော့ချပေးပြီး သက်ကြီးသတိမေ့ရောဂါ မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

အဆုတ်ကျန်းမာစေသော လျှို့ဝှက်ချက်

အစေ့အဆန်စားပါ

အစေ့အဆန်တွေမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်လို့ Texas မှ သုတေသီတွေက ပြောပါတယ်။ အစေ့အဆန်တွေမှာ များစွာပါဝင်တဲ့ ဗီတာမင်အီးက ကင်ဆာရောဂါ ဖြစ်ပွားမှုကို တွန်းလှန် ကာကွယ်နိုင်ပါတယ်။

ခုခံအား မြင့်တက်စေသော လျှို့ဝှက်ချက်

ပျားရည်သောက်ပါ

ပျားရည်မှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက ခုခံအားကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်တွင်း ပိုးမွှားတွေ ဝင်ရောက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်မှာ ပိုးသတ်အာနိသင်နဲ့ ရောင်ရမ်းမှု လျော့နည်းစေတဲ့ အာနိသင်တွေ ရှိတာကြာင့် ပိုးမွှားကူးစက်မှုကို တားဆီးနိုင်ပြီး ရောဂါခံစားရခြင်းမှ ကင်းဝေးစေပါတယ်။

သင့်အသည်း ကျန်းမာရေးကောင်းပြီး စွမ်းအင် အပြည့်အဝ ရရှိစေရန်



သင်ရဲ့ ခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်တဲ့ အသည်းဟာ သွေးတွေက သန့်ရှင်းစင်ကြယ်စေပြီး အဆိပ်တွေကို ဖြိုခွဲနိုင်ကာ သွေးတွင်းသကြား အဆင့်နဲ့ စွမ်းအင်အဆင့်ကို တည်ငြိမ်စေနိုင် ပါတယ်။ အမေရိကန်မှ လေ့လာမှုအရ သူတို့လူမျိုး သုံးယောက်မှာ တစ်ယောက်နှုန်းဟာ အသည်းမှာ အဆီစုနေတာ ဒါမှမဟုတ် အာဟာရချို့တဲ့ တာကြောင့် အသည်းရဲ့ လုပ်ငန်းတွေ ကျဆင်းနေ တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အသည်းရဲ့ လုပ်ဆောင် ချက်ကျဆင်းတဲ့ ပထမဆုံး လက္ခဏာဟာ ပင်ပန်းနွမ်းနယ်နေတာပါ။ အောက်ပါနည်းတွေဟာ တစ်လအတွင်း သင့်အသည်းရဲ့ ကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေနိုင်ပြီး စွမ်းအင် အပြည့်အဝ ရရှိစေနိုင်မယ့် နည်းတွေပါ။

နံနက်စာအတွက် ကြက်ဥနှစ်လုံးနှင့် လိမ္မော်ရည်သောက်ပါ

ကြက်ဥမှာ များစွာပါဝင်တဲ့ အမိုင်နိုအက်စစ်တွေဟာ အဆိပ်အတောက်တွေ ဖြစ်စေတဲ့ ဓာတုပစ္စည်းပေါင်း တစ်ရာကျော်ကို ပျက်ပြယ်စေတဲ့အတွက် အဆိပ်တွေကြောင့် အလုပ်ဒဏ်ပိနေတဲ့ အသည်းရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ လိမ္မော်ရည် တစ်ခွက်မှာ ပါဝင်တဲ့ ဗီတာမင်စီဟာလည်း ဆဲလ်တွေကို ပျက်စီးစေတဲ့ အဆိပ်တွေကို ရှင်းထုတ်တဲ့ အသည်းရဲ့ လုပ်ငန်းစဉ်ကို ၃၅ ရာခိုင်နှုန်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။

နေ့စဉ် မိနစ် ၂၀ လေ့ကျင့်ခန်းပြုလုပ်ပါ

လမ်းမြန်မြန်လျှောက်တာ ဒါမှမဟုတ် စက်ဘီးစီးတာလိုမျိုး လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်တာကြောင့် အသည်းအတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေနိုင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေကို ရှင်းထုတ် နိုင်ကာ အသည်းကင်ဆာ ဖြစ်နိုင်ခြေ ၁၆ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ ဂျပန်မှ သုတေသီတွေက တွေ့ရှိ ခဲ့ပါတယ်။ ဒါ့အပြင် သွေးတွင်း ပိုလျှံနေတဲ့ သကြားဓာတ်တွေနဲ့ ထရိုင်ဂလစ်စရိုက်တွေကို လောင်ကျွမ်း စေနိုင်တာမို့ အသည်းမှာ အဆီတွေ စုဆောင်းမှု မဖြစ်အောင်လည်း ကာကွယ်နိုင်တယ်လို့ ချီကာဂို ဆေးရုံမှ ပါမောက္ခမေရီက ပြောပါတယ်။

ဆေးဖက်ဝင် အပင်အမျိုးအစားများကို မှီဝဲပါ

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာ ပါဝင်တဲ့ စပျစ်သီးအစေ့ (Grape seed extract) ကို နေ့စဉ် ၁၀၀ မီလီဂရမ် မှီဝဲတာကြောင့် အသည်းကျန်းမာရေး ကောင်းမွန်စေနိုင်ပါတယ်လို့ သုတေသီတွေက အကြံပေး ထားပါတယ်။ အသည်းရောဂါရှိနေသူ ဖြစ်ရင်လည်း Milk thistle ကို ၃၀၀ မီလီဂရမ် မှီဝဲတာကြောင့် အသည်းဆဲလ်အသစ် ကြီးထွားမှုနှုန်း မြန်ဆန်ပြီး ပင်ပန်းနွမ်းနယ်တာနဲ့ လေပွတာလိုမျိုး အသည်းရောဂါ ဝေဒနာတွေဟာ နှစ်လအတွင်း သက်သာသွားနိုင်ပါတယ်။

ကျန်းမာရေးကောင်းစေသော အဆီကို အဓိကထား စားပါ

ဆီကြော်စာတွေကို တစ်ပတ်သုံးကြိမ် ဒါမှမဟုတ် ဒါထက်ပိုစားခဲ့ရင် အသည်းမှာ ရောင်ရမ်းမှု ဖြစ်နိုင်ခြေ မြင့်တက်လာပြီး အသည်းမှာ အမာရွတ် ဖြစ်စေနိုင်ပါတယ်လို့ ကနေဒါမှ လေ့လာမှုအရ သိရပါတယ်။ ဒါကြောင့် ကျန်းမာရေးကောင်းစေပြီး ရောင်ရမ်းမှုကို လျှော့ချနိုင်တဲ့ သံလွင်ဆီလိုမျိုး အဆီ၊ မြေပဲ၊ ငါး၊ အခွံမာသီး၊ အစေ့နဲ့ ထောပတ်သီးလိုမျိုး အဆီတွေဟာ အသည်းပျက်စီးမှုကို ပြန်လည်ပြုပြင်နိုင်ပြီး ပင်ပန်း နွမ်းနယ် တာဟာလည်း တစ်လအတွင်းမှာ ၅၀ ရာခိုင်နှုန်းအထိ သက်သာစေနိုင်ပါတယ်။

ပိုမို လှပကျန်းမာစေမည့် ရိုးရှင်းသော နည်းလမ်း ၁၂ သွယ်



လေ့ကျင့်ခန်းပြုလုပ်တာကြောင့် အသက်ရှည်ခြင်း၊ ပျော်ရွှင်စေခြင်း၊ အိပ်ပျော်စေခြင်း၊ ဖိစီးမှုလျော့စေခြင်း၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ဖြစ်နှုန်းကို လျှော့ချပေးနိုင်ခြင်း၊ အရေပြား ကျန်းမာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်သလိုပဲ အောက်ပါနည်းလမ်းလေးတွေကို နေ့စဉ် ဘဝထဲ ထည့်ပေါင်းပေးတာက သင့်ကို ပိုမိုကျန်းမာ လှပနေစေမှာပါ။
၁။ ရာသီဥတု အခြေအနေကိုကြည့်ပြီး အဝတ်အစားကို ဝတ်ဆင်ပါ။ သင့်အတွက် မလိုအပ်တော့တဲ့ အဝတ်အစားတွေကို ရွေးချယ်ပြီး သီးသန့်ခွဲလိုက်ပါ။ ဒါမှမဟုတ် လက်ဆောင်ပေးလိုက်ပါ။

၂။ ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်စေမယ့် အဝတ်အစားမျိုးကို ဝတ်ဆင်ပေးပါ။ ဒါမှ သင့်ခန္ဓာကိုယ်ရဲ့ ပုံစံကို သင်သတိထားမိနိုင်မှာပါ။

၃။ ဈေးဝယ်ထွက်ချိန်မျိုးနဲ့ အလည်အပတ်သွားချိန်မျိုးမှာ ပေါ့ပါးလွတ်လပ်တဲ့ အဝတ်အစားမျိုးတွေကိုသာ ဝတ်ဆင်ပါ။

၎။ ကလေးငယ်တွေနဲ့အတူ နာရီဝက်လောက် ကစားပါ။ စက်ဘီးအတူစီးတာမျိုး၊ ဘောလုံးကစားတာမျိုးပါ။

၅။ အလုပ်အသွားအလုပ်ပြန် ငါးမိနစ်လောက်တော့ လမ်းလျှောက်သွားပါ။ လှေကားထစ်တွေကို လမ်းလျှောက်တက်ပါ။ အလျင်မလိုရင် ဓာတ်လှေကားမသုံးပါနဲ့။

၆။ သုံးလက်မလောက် ဒေါက်မြင့်ကိုသာ စီးပါ။ အရမ်းမြင့်တဲ့ ဖိနပ်ကို ရံဖန်ရံခါမှသာ စီးပါ။

၇။ ကမ်းခြေလို နေရာမျိုးကို ခရီးထွက်ပါ။ ဒါမှမဟုတ် လယ်ကွင်းလို နေရာမျိုးတွေမှာ လေရှူပါ။

၈။ လေးလံတဲ့ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်တွေကို လက်နဲ့ ဆွဲမယ့်အစား လက်နှစ်ဖက်နဲ့ ရှေ့မှာပိုက်ပြီးသယ်ပါ။

၉။ ဘာလေ့ကျင့်ခန်းမှ မလုပ်နိုင်ရင်တောင် အလေးမရာမှာ သုံးတဲ့ ဝိတ်တုံးတစ်တုံးလောက် ဝယ်ထားပါ။ အနည်းဆုံးတော့ အလေးမပစ္စည်းသုံး လေ့ကျင့်တာဟာ ကြွက်သားကို အထောက်အကူဖြစ်စေတာကြောင့်ပါ။

၁၀။ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမြူပေးပါ။ စိတ်ဖိစီးမှုနဲ့ အထီးကျန်ဆန်မှုတွေကို ပြေပျောက်စေပါတယ်။

၁၁။ မိတ်ဆွေ၊ အပေါင်းအသင်းတွေဆီ ဖုန်းဆက်ပြီးဖြစ်စေ၊ တွေ့ဆုံပြီးဖြစ်စေ စကားပြောပါ။ ရယ်စရာဟာသလေးတွေ ပြောတာမျိုး၊ ရင်ဖွင့်ပြောဆိုတာမျိုး ပြုလုပ်ပါ။

၁၂။ တစ်ကိုယ်ရေသန့်ရှင်းမှု ပုံမှန် ပြုလုပ်တာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုစေပါတယ်။ အထူးသဖြင့် လက်သည်း၊ ခြေသည်းတွေကို ပုံမှန်သန့်စင်ပေးပါ။

DESKTOP ပေါ် က ICONတွေ လှုပ်ရှာနေတဲ့စတိုင်းသုံးမယ်




DESKTOP ပေါ် က ICON လေးတွေကို ပုံမှန်မဟုတ်ပဲ ဆန်းဆန်းလေးသုံးကြည့်ကြအောင် ပထမဆုံးအောက်ကလင့်ကိုသွာပြီး ...
http://www.idesksoft.com/download.html 


မိမိဝင်ဒိုအလိုက်32-bit လာ 64-bitဆိုတာကိုရွေးပြီး ဆောစ်ဝဲလ်ကိုဒေါင်းပြီး အင်စတော သွင်းလိုက်ရုံပါပဲ အင်စတောသွင်းပြီး မိမိစိတ်ကြိုက်ထပ်ပြီးပြုပြင် လိုပါက ကွန်ပြူတာ ညာဘက်ဘာတန်မှာ

Desktop Icon Toy ဆိုပြီး Icon ကိုနှိပ်ပြီး လိုအပ် သလိုထပ်မံပြုပြင်သုံးဆွဲနိုင်ပါတယ်....

Android Tuner Beta 0.7.2




Android Tuner ကတော့ မိမိ Android ဖုန်းရဲ့ System ပိုင်းဆိုင်ရာ ပြုလုပ်ချက်များကို Function ပေါင်းများစွာ နဲ့ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Android Market ဆိုရင် ဒေါ်လာ 10.99 ပေးရပါတယ်။မြန်မာငွေနဲ့ တစ်သောင်းနီး ပါးလောက်ဆိုတော့ ဈေးကြီးတာပေါ့နော်။ ဒီကောင်လေးထဲမှာဆိုရင်တော့
reboot, APN Turn on/off, Backup, 
USB Tethering, 
GPS, Wifi, 
Widget, 
File explorer, 
applicatoin manager,
task manager,
system control,
System Monitoring
Battery Saving,

Terminal Emulator,
cript Editor,
System Logs Reader 
အစရှိတဲ့ System ပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်များကို All in one ပုံစံနဲ့ ပြုလုပ်ထားတာ မို့   အလွန်ကောင်းမွန်တဲ့ Application တစ်ခုလို့ဆိုလဲမမှားဘူးပေါ့ဗျာ..။

Beta ဗားရှင်းမို့လို့ အဆင်မပြေတာလေးတွေလဲ ရှိလောက်မယ်ထင်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ Android 4.1 နဲ့အထက်တွေမှာ အသုံးပြုနိုင်ပြီးတော့ Root လုပ်ထားမှသာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒီကောင်လေးကိုတော့ မသုံးမဖြစ်သုံးကြပါလို့ ပြောချင်ပါတယ်...။ ရယူလိုသူများအောက်ပါလင့်မှာဒေါင်းလော့ ရယူနိုင်ပါတယ်။

Android ချစ်သူများအတွက်




window 7 OS မှ Android OS စတိုင်သို့ပြောင်းသုံးကြမယ်.. ^_^Android OS  Software ဟာ window 7 OS မှ Android OS စတိုင်သုံးချင်သူများ အတွက်ဖြစ်ပါတယ်။တစ်ခု သတိထားရမှာ ကတော့ ဒီ Android OS  software လေးကို install မလုပ်ခင် မိမိကွန်ပျူတာမှာ Android Skin Pack 1.0တို့ တစ်ခြား package များ install လုပ်ထားပါက Uninstall လုပ်ပစ်ဖို့တော့လိုပါတယ်။File sizeကတော့ 57Mbလေးပါ ဟိဟိ^_^


Supported OS:
- X86 (32Bit) – Windows 7, Windows 7 SP1
- For x64 (64bit) – Windows 7, Windows 7 SP1
- Support for all locales


လိုချင်တယ်ဆိုရင်တော့ အောက်မှာ Download လုပ်နိုင်ပါတယ်

Android Skin Pack 2.0 

Antivirus Version :6.2 free Download



Android antivirus Software လေးတင်ပေးလိုက်ပါတယ်ခင်ဗျာ အဆင်ပြေလုံးခြုံစိတ်ချစွာနဲ့ အသုံးပြုနိုင်ပါသည်။သုံးစွဲသူများအတွက် တော်တော် အဆင်ပြေပါတယ် သူငယ်ချင်းတို့ လိုအပ်ရင် အောက်မှာဒေါင်းသွားနိုင်ပါတယ်....


Antivirus Version :6.2 free Download  

GOOGLE က သန်းတထောင်သုံးပြီး ၀ယ်ယူလိုက်တဲ့ WAZE


Waze ဆိုတဲ့ မြေပုံအချက်ပြစနစ် (application) က မြန်မာပြည်ကလူတွေနဲ့ အနည်းငယ်တော့ စိမ်းနေမှာပါ။ 
မိုဘိုင်း မြေပုံပြစနစ်မှာ တမူထူးခြားစွာ အလုပ်လုပ် နိုင်တဲ့ Waze ဟာ crowd-sourced navigation လို့ ခေါ်တဲ့ app အမျိုးအစားတခု ဖြစ်ပါတယ်။

အစ္စရေးလ် ကုမ္မဏီ တခုဖြစ်တဲ့ Waze ကို Google က ၀ယ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့သတင်းဟာ လူတွေကြားမှာ ပြန့်နေတာကြာပါပြီ။ 
ဒါပေမယ့် တကယ်ဝယ်တဲ့အချိန်မှာတော့ ၁ ဘီလီယန် ဆိုတဲ့ ဈေးနှုန်းပေးလိုက်တာကြောင့် လူတွေရဲ့ အာရုံဟာ Waze ရဲ့ အသုံးဝင်မှုအပေါ် စိတ်ဝင်တစား ပိုရှိလာကြပါတယ်။ 

ဘာကြောင့် Google က ဈေးကြီးပေးပြီး Waze ကို ၀ယ်ယူရတာလဲ ဆိုတာကို တိုင်းမ် မဂ္ဂဇင်းကလည်း အချက် ၃ ချက်ဖြင့် ထောက်ပြသွားပါတယ်။

၁။ Waze ဟာ အသုံးပြုသူတွေရဲ့ စွမ်းအင် နဲ့ လုပ်အားကို ပြန်အသုံးချပြီး အချိန်တိုအတွင်း လိုအပ်တဲ့ သတင်းအချက်အလက် နဲ့ မြေပုံကို ဖော်ပြနိုင်တယ်။ 
ဒီအချက်ဟာ အိုင်တီ ကုမ္မဏီ ကြီးတွေဖြစ်တဲ့ Google , Apple နဲ့ Facebook တို့ ရဲ့ မျက်စိကျစရာ ဖြစ်လာပြီး Waze ရဲ့ တန်ဖိုးဟာအချိန်တိုအတွင်း ဈေးမြောက်လာတယ်။

၂။ Google ဟာ သူ့ကိုတိုက်ရိုက်ခြိမ်းခြောက်လာနိုင်တဲ့ Waze ကို ၀ယ်ယူလိုက်တာကြောင့် ဈေးကွက် အတွင်းမှာ အကောင်းဆုံးတိုက်စစ် နဲ့ ပြိုင်ဘက်ကို သိမ်းပိုက်လိုက်တာဖြစ်တယ်။
ခံစစ်ကောင်းကောင်း နဲ့ Google မြေပုံစနစ်ကို ဆက်လက်ပြီး တိုးတက်အောင် ပြုလုပ်သွားနိုင်တယ်။

၃။ တတိယ အချက်အနေနဲ့  Google ဟာ သူ့ ရဲ့ ပြိုင်ဖက်တွေဖြစ်တဲ့ Apple နဲ့ Facebook တို့ ကို ကျော်ဖြတ်ပြီး တက်သစ်စ ကုမ္မဏီတခု သိမ်းယူလိုက်တာကြောင့် မြေပုံစနစ် နည်းပညာပိုင်းမှာ လက်ဝါးကြီး အုပ်လိုက်နိုင်တယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ Google နဲ့  Apple တို့ ရဲ့ တိုက်ပွဲဟာ ပိုမိုပြင်းထန်လာခဲ့ပြီး Apple ဟာ မြေပုံပြ စနစ်မှာ ပြိုင်ဖက်တွေထက်သာအောင် ကြိုးစားနေတာကိုတွေ့ ရပါတယ်။ 

ဒါ့အပြင် Facebook ဟာ Waze ကို ၀ယ်ယူဖို့ ကြိုးစားတဲ့သတင်းတွေ အရင်လက ထွက်ရှိလာခဲ့ပြီး ၁ ဘီလီယံ နီးပါးဖြင့် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

အခုတော့ Google က လက်ဦးသွားပါပြီ။

Google က သူဝယ်လိုက်တဲ့ Waze ကို ကုမ္မဏီကို သီးခြားစီအနေဖြင့်သာ ရပ်တည်စေပြီး Waze ရဲ့ ကောင်းမွန်တဲ့ နည်းပညာတွေကို Google Map မှာ ပိုမိုကောင်းမွန်အောင် ထည့်သွားမှာပါ။ 

ဒါ့အပြင် Google နဲ့ Waze ၀န်ထမ်းတွေပေါင်းပြီး မြေပုံအချက်ပြစနစ်တွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
(Waze ကို ၀ယ်ယူရေးမှာ Facebook နောက်ကောက် ကျသွားပေမယ့် အင်စတာဂရမ်ကို ၀ယ်ဖို့ အတွက်တော့ လက်သွက်ခဲ့ပါတယ်။ ဒီအကြောင်း ဧရာဝတီဘလော့မှာ Facebook ဘာကြောင့် သန်း တထောင် ဖြုန်းသလဲ http://blog.irrawaddy.org/2012/04/facebook_8441.html ဆိုပြီး ဖော်ပြခဲ့ပြီး ပါပြီ)

Waze ကုမ္မဏီ အကြောင်း

Waze ဟာ ၂၀၀၇ ခုနစ်မှာ စတင် တည်ထောင်ခဲ့တာဖြစ်ပြီး ၀န်ထမ်း ၁၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ 
အစ္စရေးလ်မှာ အခြေစိုက်ထားတာဖြစ်ပြီး အမေရိကနိုင်ငံမှာတော့ ဆီလီကွန်ဗယ်လေနဲ့  နယူးယောက်တို့ မှာ ရုံးခွဲတွေ ဖွင့်လှစ်ထားပါတယ်။ 

Waze ရဲ့ ကောင်းတဲ့အချက်တွေက သုံးရတာ လွယ်ကူတယ်၊ 
တစ်ဦးချင်းကနေ အဖွဲ့ အစည်းအလိုက် သတင်းအချက်အလက်တွေ စုစည်းပြီး ကားလမ်းပိတ်ဆို့ မှုတွေကို အချိန်နဲ့ တပြေးညီ သတင်းပေးပို့ နိုင်တယ်။ 
လတ်တလော လူဦးရေ သန်း ၅၀ နီးပါးက အသုံးပြုနေပြီး ကားမောင်းနေသူများအတွက် အချိန်၊ ဆီ၊ ပိုက်ဆံ သက်သာစေပြီး နေ့ စဉ်နေ့ တိုင်း ကားလမ်းပိတ်ဆို့ မှုတွေနဲ့  ပြည့်နှက်နေတဲ့ မြို့ ပြလူနေမှုစနစ်ကို ပိုမို ကောင်းမွန်အောင် ပံ့ပိုးပေးတယ်။
 
Waze ကိုအသုံးပြုတော့မယ်၊ အသုံးပြုချင်တယ် ဆိုရင် Waze မှာ Account ဖွင့်ရပါမယ်။ 
ကားမောင်းနေတုန်း Waze ကိုဖွင့်ပြီးတော့သာ မောင်းသွားလိုက်ပါ။ 
သင်သွားတဲ့ လမ်းတလျှောက်မှာ အခြားသူများ ပေးပို့ တဲ့သတင်းတွေကို သင်မြင်တွေ့ နေနိုင်သလို ၊ အကယ်၍ သင်ကိုယ်တိုင်လည်း ကားလမ်းပိတ်ဆို့ မှုကြားထဲ ရောက်ရှိနေပါက Waze ရဲ့ အချက်ပြခလုတ်ကိုနှိပ်ပြီး သင့်ရဲ့မိတ်ဆွေများထံသို့ လှမ်းပြီး အလိုအလျောက် အကြောင်းကြားနိုင်ပါတယ်။ 

လမ်းတလျှောက်မှာလည်း သင့်ရဲ့ Facebook သူငယ်ချင်းများနဲ့ အတူ ဘယ်သူဘယ်သွားနေကြောင်း တွေ့ နိုင်မှာဖြစ်ပြီး ကိုယ်သွားမယ့်နေရာကို အမြန်ဆုံးနဲ့  အလွယ်ကူဆုံး ရောက်ရှိနိုင်အောင် သွားရောက် နိုင်မှာပါ။ 

သတိပြုရမှာကတော့ မိမိရဲ့ ဖုန်း သို့မဟုတ် Tablet မှာ GPS ဖွင့်ထားရမှာဖြစ်တာကြောင့် ဘက်ထရီ အစားမြန်စေ ပါတယ်။

အကယ်၍ Waze ကို အသုံးပြုမနေဘဲ နောက်ကွယ်ကနေသာ အလုပ်လုပ်ခိုင်းထားရင်တော့ ကား မမောင်းတဲ့ အချိန်မှာ သူ့ ဖာသာ အလိုအလျောက်ပိတ်သွားမှာဖြစ်ပါတယ်။ 

Waze ကိုအသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါလင့်မှာ သွားရောက်ကူးယူပြီး အသုံးပြုနိုင်ပါတယ်။
iPhone နဲ့ Andriod ဖုန်း အသုံးပြုသူများအားလုံး Waze ရဲ့ အကြောင်းကိုဖတ်ပြီး အခမဲ့ အသုံးပြုနိုင် ပါတယ်။

http://www.waze.com/

Source:

http://www.waze.com/
http://business.time.com/2013/06/10/heres-why-google-wants-to-buy-waze-a-red-hot-map-app-for-1-billion/

http://money.cnn.com/2013/06/11/technology/social/google-waze/index.html 

နင့် ကို အရမ်းချစ်နေမိတဲ့ ငါလေ ........



ဘယ်သူ့ ကိုမှ နင်နဲ့ ပါတ်သက်ရင် မယုံကြည်ချင်သလို
သ၀န်တိုတတ်တဲ့ စိတ်တွေလဲ တိုးလာတယ် ချစ်သူ

နင့် ကို အရမ်းချစ်နေမိတဲ့ ငါလေ........
ဘယ် အရာကိုမှမမျှော်လင့်ပါဘူး နင့်အချစ်တွေကို
ငါတစ်ယောက်အတွက်ပဲ ရှိနေမယ်ဆို ငါ ကျေနပ်ပါတယ် ချစ်သူ

နင့် ကို အရမ်းချစ်နေမိတဲ့ ငါလေ.........
နင့်ကို တစ်နေ့ နေ့ မှာဆုံးရှုံးလိုက်ရမလားဆိုတဲ့ ကြောက်စိတ်တွေနဲ့ 
အချိန်တိုင်း စိုးရိမ်နေရတယ်ဆိုတာ နင်သိနိုင်မလား ချစ်သူ........

နင့် ကို အရမ်းချစ်နေမိတဲ့ ငါလေ........
နင်တစ်ယောက် သာ ငါ့အနားရှိနေမယ်ဆိုရင် ဘာကိုမှမလိုအပ်တော့
လောက်အောင် ပြည့်စုံနေတတ်တယ် ချစ်သူ

သိပ်ချစ်ရတဲ့ ချစ်သူရယ်........ငါ့အချစ်တွေကို နားလည်ပေးရင်း
ငါ့ အနားမှာပဲ အမြဲထာဝရရှိနေပေးပါနော်.......... အရမ်းချစ်တယ်



khin myo aye

LAPTOP သို့ PC တွင် RAM နည်းနေသူများအတွက် USB PENDRIVE သုံးပြီး RAM မြှင့်နည်း




Laptop သို့ PC တွင် RAM နည်းနေသူများအတွက် USB Pendrive သုံပြီး RAM မြှင့်နည်း

=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=--=


Window OS အတွက်ပါ.....



1.USB Pendrive ကို format ချလိုက်ပါ (Data တွေလဲ မထည့်ပါနှင့်)


2.Properties ထဲသို့သွားပါ

3.'quick boost သို့မဟုတ် ready boost' ကို click ပါ


(အမျိုးမျိုး ကွဲလွဲနိုင်ပါသည် ထို့ကြောင့် boost ပါရင် click တော့)



4.allocation value ကို maximum ထိမြင့်လိုက်ပါ

5.allocate this device ကိုနှိပ်ပါ (ဒါလဲကွဲလွဲ နိုင်ပါတယ် active တိုဘာတို့နဲ့လည်းပါနိုင်ပါတယ်)


6.ပြီးလျှင် Ok နှိပ်ပြီးထွက်လိုက်ပါ...



အဲဒီ USB Pendrive ဟာ external RAM အဖြစ်အလုပ်လုပ်ဆောင်နေပါပြီ


သင့်ကွန်ပျူတာရဲ့ RAM အားဟာ မြန်ဆန်သွားပြီး ကွန်ပျူတာဟာ ပေါ့ပါးသွားပါမည်...


RAM နည်းတဲ့ Laptop တွေမှာ ပိုအသုံးဝင်မယ်ထင်ပါတယ်...

WIRELESS ချိတ်ဆက်ပြီး ဖိုင်တွေ ရှယ်နိုင်မဲ့ ITWIN






" Wireless ချိတ်ဆက်ပြီး ဖိုင်တွေ ရှယ်နိုင်မဲ့ iTwin "

iTwin ဆိုတဲ့ USB Device ဟာ နက်ဝေါ့ကြိုးမလိုဘဲ ကွန်ပျူတာ နှစ်လုံးရဲ့  USB Port များမှာ ထိုးထား ရုံနဲ့  File များကို လွယ်ကူစွာ မျှဝေနိုင်တဲ့ ပစ္စည်းလေးပါ။

ချိတ်ဆက်နိုင်မှု အကွာအဝေး အနေနဲ့ ကန့် သတ်ချက်မရှိဘဲ မည့်သည့် OS သုံးထားတဲ့ ကွန်ပျူတာကို မဆို ချိတ်ဆက်ပြီး ဖိုင်များကို ပေးပို့ နိုင်ပါမယ်။

Window နဲ့  IOS မတူညီတဲ့ OS နှစ်ခု ရဲ့  ကွန်ပျူတာ အချင်းချင်းလည်း ဖိုင်များ မျှဝေနိုင်မှာပါ။

Device တစ်ခု နဲ့ တစ်ခု Wireless ချိတ်ဆက်ပြီး အသုံးပြုရတယ် ဆိုပေမဲ့ လုံခြုံရေး ကလည်း မြင့်ပါတယ် ။ ဥပမာ မိမိရုံးက ကွန်ပျူတာမှာ ကျန်ခဲ့တဲ့ အရေးကြီး ဖိုင်တစ်ခုကို အိမ်မှာ ရှိတဲ့ ကွန်ပျူတာကနေ လှမ်းချိတ်ပြီး ယူနိုင်ပါတယ်။ အင်တာနက်ကတော့ ရှိဖို့  လိုပါတယ်။ 

ထို USB Device နှစ်ခု နဲ့  ကွန်ပျူတာ နှစ်လုံးကို ချိတ်ဆက်ပြီး USB ထဲမှာပဲ Download ၊ Upload တင်မက ဖိုင်များကိုပါ Edit လုပ်နိုင်မှာ ဖြစ်ပါတယ်။ မျှဝေလို ၊ပေးပို့ လို တဲ့ file များ အတွက် File size ကန့် သတ်ချက်မရှိ ပါဘူး။

USD $ 99 နဲ့  Amazon ဆိုက်မှာ ရောင်းချနေပြီး လုပ်ငန်းသုံး အရေးကြီး ဖိုင်များကို ပေးပို့ လိုတဲ့ အခါ ဖြစ်ဖြစ် ၊ တစ်ကိုယ်ရေ သုံး ဖိုင်များကို ချိတ်ဆက် မျှဝေလိုတဲ့ အခါ ဖြစ်ဖြစ် ဒီ USB Device လေးက အဆင်ပြေနိုင်ပါလိမ့်မယ်။

IOS 7 ကို အဆင်ပြေပြေ၊ လွယ်လွယ်ကူကူ တင်နည်း




iOS 7 ကို အဆင်ပြေပြေ၊ လွယ်လွယ်ကူကူ တင်နည်း
------------------------------
-----------------------

- Phyo Min Thu (Myanmar Mobile Companion) မှ share ပေးတာပါ :)

နည်းလမ်းကို အရင်ပြောပြပါမယ်၊ အောက်
မှာ Download Link တွေ အကုန်ပေးထားပါတယ်၊

- အရင်ဆုံး iTunes (Latest Version) ရှိနေရပါမယ်
- မိမိရဲ့ iPhone က iOS latest version ဖြစ်နေရပါမယ်
- iPhone 4/4S ဆိုရင် iOS 6.1.3 ဖြစ်နေရပါမယ်
- iPhone 5 ဆိုရင် iOS 6.1.4 ဖြစ်နေရပါမယ်
- *Latest Version မဖြစ်သေးရင် iOS 7 မတင်ပါနဲ့၊ 6.1.3/6.1.4 Upgrade လုပ်ပြီးမှ တင်ပါ*
- iOS တွေ Latest ဖြစ်ပြီဆိုရင်တော့ iTunes မှာ Shift key ကို ဖိထားပြီးတော့ "Check for Update" ဆိုတဲ့ ခလုတ်ကို နှိပ်ပေးရပါမယ်
- သတိပြုပါ၊ iOS 7 တင်မယ်ဆိုရင် *Check for Update* ကို နှိပ်ရမှာပါ၊ *Restore* မနှိပ်ပါနဲ့
- Download ဆွဲထားတဲ့ iOS 7 (IPSW) ကို ရွေးပေးရပါမယ်
- iTunes က သူ့ဟာသူ Update လုပ်ပေးသွားပါလိမ့်မယ်၊
- iPhone က Restart ကျပြီးသွားရင် iOS 7 ကို အသုံးပြုလို့ ရပါပြီ
--------------------------------------------------------------------
* iOS 7 ကိုဆွဲတဲ့ အခါ DMG File တွေ ဖြစ်နေပါလိမ့်မယ်၊
* အဲ့တာတွေကို အောက်မှာပေးထားတဲ့ TransMac Application ထဲကနေဖွင့်ကြည့်လိုက်ပါ၊
* IPSW file တစိခုကို တွေ့ပါလိမ့်မယ်
* အဲ့တာကို Right Click => "Copy to" နဲ့ တစ်နေရာမှာ သိမ်းလိုက်ပါ
* IPSW file ရတော့မှ အပေါ်ကပြောတဲ့ အတိုင်း iTunes ထဲကနေ Update လုပ်ပါ

Download Links
------------------
http://goo.gl/Ji6O1 <= iTunes(11.0.0.4)
http://goo.gl/JtI4W <= TransMac (15-day Trial)

iOS Firmwares (6.1.4 for iPhone 5, 6.1.3 for iPhone 4/4S)
------------------------------------------------------------------

http://goo.gl/XdHX4 <= iPhone 5(Model-A1428)
http://goo.gl/91G1b <= iPhone 5(Model-A1429)
http://goo.gl/wFx5E <= iPhone 4S(Model-A1387)
http://goo.gl/nJtLT <= iPhone 4(GSM)
http://goo.gl/VXBfz <= iPhone 4(GSM)
http://goo.gl/xd9RD <= iPhone 4(CDMA)

iOS 7(Beta 1)
----------------

http://goo.gl/ilE8q <= iPhone 5(Model-A1428)
http://goo.gl/Qy8qs <= iPhone 5(Model-A1429)
http://goo.gl/n5vJr <= iPhone 4S(Model-A1387)
http://goo.gl/dE1wJ <= iPhone 4(GSM)
http://goo.gl/px0ZG <= iPhone 4(GSM)
http://goo.gl/Npktr <= iPhone 4(CDMA)
 
ကိုလတ်(ကျွဲဆင်း)

၆ ပတ်၊ ၆ လ၊ ၆ နှစ် တဲ့ :P(ဟာသလေးနော်)




ချစ်စကားပြောချိန်
၆ ပတ် - ချစ်တယ်၊ ချစ်တယ်၊ ချစ်တယ်။
၆ လ - ချစ်တာပေါ့ကွာ။
၆ နှစ် - မင်းကို ငါ မချစ်ရင် အစကတည်းက အားအားယားယား ချစ်ခွင့်တောင်းမလားဟ။
အလုပ်ပြန်လာချိန်
၆ ပတ် - အချစ်ရေ၊ ကိုယ်ပြန်လာပြီ။
၆ လ - ငါပြန်လာပြီကွ။
၆ နှစ် - မင်းအမေ ကနေ.ဘာဟင်းချက်တုန်း။
လက်ဆောင်ပေးရာတွင်
၆ ပတ် - အချစ်ရေ၊ မင်းဒီလက်စွပ်လေး သဘောကျလိမ့်မယ်လို. မျှော်လင့်တယ်။
၆ လ - ပန်းချီးကား တချပ်ဝယ်လာတယ်၊ ဧည့်ခန်းမှာထားရင် အဆင်ပြေမယ်ထင်တယ်။
၆ နှစ် - ရော့ ပိုက်ဆံ။ နင့်ဖာသာ ကြိုက်တာသွားဝယ်။
ဖုန်း မြည်လာလျှင်
၆ ပတ် - အချစ်ရေ၊ ဖုန်းလာနေတယ်။
၆ လ - ရော့၊ နင့်ဖုန်း။
၆ နှစ် - နင့်ဖုန်းမြည်နေတယ်၊ မြန်မြန်လာကိုင်။
ချက်ပြုတ်စဉ်
၆ ပတ် - မင်းဒီလောက် ဟင်းချက်ကောင်းလိမ့်လို. မထင်ခဲ့ဘူးကွာ။
၆ လ - ကနေ.ညစာ ငါတို.ဘာစားကြမှာလဲ။
၆ နှစ် - လာပြန်ပြီ။ဒီဟင်း။
အ၀တ်အစားသစ်
၆ ပတ် - မင်း ဒီအကျီလေး ၀တ်လိုက်တော့ နတ်သမီးလေးလား အောက်မေ့၇တယ်ကွာ။
၆ လ - အကျီအသစ် ၀ယ်ပြန်ပလား။
၆ နှစ် - အဲ့ ဒါ ဘယ်လောက်တောင် ပေးလိုက်ရတုန်း။ ကုန်ပါပြီ။
ခရီးသွားရန်စီစဉ်
၆ ပတ် - ငပလီကို ၁ပတ်လောက် အပန်းဖြေခရီးသွားရအောင်လေ၊ တခြားဘယ်နေရာ သွားရင်ကောင်းမလဲ။အကြံပေးပါဦး။
၆ လ - ငပလီကို မသွားချင်ဘူး ဟုတ်လား၊ ။ ဂျီးများမနေနဲ.။
၆ နှစ် - ဘာ!! ခရီးသွားဦး မယ်။ အိမ်မှာနေရတာ ဘာပြုနေလို. အားတိုင်း ထွက်ချင်နေရတာလဲ။
တီဗွီကြည့်စဉ်
၆ ပတ် - ကနေ.ည ဘာကားကြည့်ချင်လဲ အချစ်။
၆ လ - ငါဒီကား ကြိုက်တယ်။တခြား Channel မပြောင်းနဲ.။
၆ နှစ် - ငါကနေ.ည ESPN လိုင်းကြည့်မှာ၊ မကြည့် ချင် ရင်စောစောသွားအိပ်

ဖောက်ပြန်တဲ့ယောက်ကျား နှင့် သ၀န်တိုတဲ့မိန်းမ




အချိန်ပိုဆင်းရတဲ့အတွက်..ညဖက်အိမ်ပြန်နောက်ကျသွားတဲ့...ဇနီးဖြစ်သူဟာ အိပ်ခန်းတံခါးကို ညင်သာစွာတွန်းဖွင့်ပြီးဝင်လိုက်ပါတယ်
သူမတို့ရဲ့မင်္ဂလာမွေ့ယာကြီးပေါ်က စောင်အောက်မှာ ခြေထောက်တွေဟာ (၂)ချောင်းဖြစ်နေရမယ့်အစား
(၄)ချောင်းတိတိဖြစ်နေတာကို မြင်လိုက်ရတဲ့အခါမှာတော့
သေချင်းဆိုးကြီး
ဖောက်ပြန်တဲ့ယောက်ကျား
သစ္စာမရှိတဲ့အကောင်....
.....................................စတဲ့အတွေးတွေနဲ့အတူ


အနီးနားမှာတွေ့တဲ့ ထီးတစ်ချောင်းကိုဆွဲယူလိုက်ပြီး
စောင်ပေါ်ကို ရှိသမျှအားအကုန်သုံးပြီး ဆက်တိုက်ဆိုသလို..ရိုက်ပြီးရင်းရိုက်ပါလေရော
စိတ်ကျေနပ်လောက်အောင်ရိုက်ပြီးသွားတဲ့အခါမှာတော့.....
ယောက်ကျားဖြစ်သူရဲ့မျက်နှာရော..ဟိုဟာမမျက်နှာကိုပါမကြည့်ချင်တဲ့အတွက်
မီးဖိုချောင်အခန်းထဲကို ရေသောက်ဖို့အတွက် ၀င်လိုက်တဲ့အခါမှာတော့...
မဂ္ဂဇင်းတစ်စောင်ကိုဖတ်နေတဲ့ယောက်ကျားဖြစ်သူကို တွေ့လိုက်ရပါတယ်...
ဟေး...မိန်းမ...ပြန်လာပြီလားကွ
မင်းမိဘတွေ..ငါတို့ဆီကိုလာလည်တယ်ကွ...
အဲ့ဒါကြောင့်...ငါတို့အိပ်ခန်းမှာပေးအိပ်ထားလိုက်တယ်...
သွားနှုတ်ဆက်လိုက်ပါအုံး.

Facebook ကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပြီ


Facebook ကို ယခင်က မြန်မာများအတွက် အင်္ဂလိပ်ဘာသာကို အဓိကထား အသုံးပြုကြပြီး အခြား ဘာသာဖြင့် အနည်းငယ် အသုံးပြုနေကြသည်ကို တွေ့ရပါသည်။

ယခုတွင်မူ မြန်မာတို့ အတွက် မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် မြန်မာတချို့ ကိုယ်တိုင် ပါဝင် ဘာသာပြန်နေသော Facebook translation team မှ မြန်မာဘာသာကို ၁ဝဝ ရာခိုင်နှုန်း ပြောင်းလဲမှုပေးပြီး ဖြစ်ပါသည်။ သို့သော် အချို့စကားစုများမှာ Votin စနစ် မပြီးသေး၍ ဖော်ပြနိုင်ခြင်း မရှိသေးပါ။

မြန်မာဘာသာအဖြစ်သို့ ပြောင်းလဲလိုလျှင် Facebook ညာဖက်ရှိ စက်သွားပုံ (Setting) အောက်ရှိ account setting သို့သွားပါ။ ထို့နောက် General>Language တွင် edit ကို နှိပ်ပါ။ ထို့နောက် မြန်မာဘာသာကို ရွေးချယ်ပါ။ မြန်မာဘာသာ Unicode Standard ရှိသည့် မြန်မာ font ရှိလျှင် Facebook ကို မြန်မာစာများဖြင့် မြင်တွေ့နိုင်မည် ဖြစ်သည်။

Language တွင် မြန်မာဘာသာ မပါရှိသူများ အနေဖြင့်http://www.facebook.com/translation သို့ သွားရောက်၍ ညာဘက် အောက်ခြေတွင် ရာခိုင်နှုန်း ပြထားသော translation ခလုတ်ကိုနှိပ်ပြီး turn on translation ကိုနှိပ်၍ မြန်မာဘာသာသို့ ပြောင်းလဲနိုင်မည် ဖြစ်ပါသည်။

Myanma Light